Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Saturday 14 January 2012

ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအားကစားသမားများ...

1. David Beckham


Net worth: $219 million (according to 2011 Sunday Times UK Rich List)
May 2010 to May 2011 Earnings: $40 million
Club: Los Angeles Galaxy


David Beckham ဟာ Adidas company နဲ့ ကြော်ငြာစာချုပ်လုပ်ပြီးနောက်ပိုင်းမှာအားကစားလောကမှာ ချမ်းသာတဲ့အားကစားသမားဖြစ်လာခဲ့ပါတယ် ။ 2011 မှာတော့ Samsung company နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ် ။ ဒါအပြင် သူဟာ fashion company တစ်ခုနဲ့လည်း စာချုပ်ချုပ်ထားပါသေးတယ် ။ ဒါကြောင့် သူရဲ့လစာဝင်ငွေဟာ အားကစားလောကက အားကစားတွေထဲမှာတော့ အမြင့်ဆုံး ရှိနေပါတယ် ။

2. Cristiano Ronaldo


Net worth: $160 million (estimated)
May 2010 to May 2011 Earnings: $38 million
Club: Real Madrid

Cristiano Ronaldo မှာတော့ twitter follower ၃ မီလီယံ ရှိပြီး facebook fans ကတော့ 26 million ရှိပါတယ် ။ သူနဲ့ကြော်ငြာစာချုပ်ထားတာတွေကတော့ Nike, Armani, Coca-Cola and Castrol စတဲ့ company တွေဖြစ်ပြီး
Real Madrid  ကလပ်မှာလည်း ဝင်ငွေကောင်းတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ် ။
3. Lionel Messi


Net worth:
$110 million (estimated)
May 2010 to May 2011 Earnings: $32 million
Club: Barcelona


ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့သိထားကြတဲ့ Messi ကတော့ Konami, AudemarsPiquet, Chery, AirEuropa, PepsiCo and Adidas စတဲ့ company တွေနဲ့ ကြော်ငြာစာချုပ်ချုပ်ထားပြီး သူရဲ့နှစ်စဉ်လစာငွေကလည်း $16 million ရှိပါတယ် ။


4. Ricardo Kaka


Net worth: $100 million (estimated)
May 2010 to May 2011 Earnings: $25 million
Club: Real Madrid

Ricardo Kaka ကတော့ EA games နဲ့သဘောတူစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ဒီစာရင်းထဲပါဝင်လာတာဖြစ်ပြီး
Real Madrid အသင်းမှာလည်း သူရဲ့ဝင်ငွေဟာ ကြေးမြင့်ကစားသမားတွေရတဲ့ပမာဏ ဖြစ်ပါတယ် ။ 


5. Ronaldinho


Net worth: $90 million (estimated)
May 2010 to May 2011 Earnings: $24 million
Club: Flamengo

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်ခဲ့တဲ့ Ronaldinho ကတော့ နံပါတ်(၅)နေရာမှာရပ်တည်နေပါတယ် ။
အခုလောလောဆယ်မှာတော့ နိုင်ငံမှာရှိတဲ့ ဘရာဇီးကလပ်မှာဖြစ်ပြီး၂၀၁၄ အထိဘရာဇီးကလပ်မှာပဲ ရှိနေမှာဖြစ်ပါတယ် ။



6. Thierry Henry


Net worth: $60 million (estimated)
May 2010 to May 2011 Earnings: $21 million
Club: New York Red Bulls

2010 မှာ MLS ကိုပြောင်းရွှေ့သွားတဲ့ Thierry Henry ကတော့ New York မှာ $15 million နီးပါးတန်ဖိုးရှိတဲ့ ဟိုတယ်တစ်လုံးဝယ်လိုက်ပြီး Gillette နဲ့လည်း စပ်တူလုပ်ငန်းတွေ ရှိပါသေးတယ် ။




7. Wayne Rooney


Net worth: $37 million or $59 million (according to 2011 Sunday Times UK Rich List)
May 2010 to May 2011 Earnings: $20 million
Club: Manchester United

Wayne Rooney ကတော့ Coca-Cola company နဲ့ ကြော်ငြာစာချုပ်ရှိပြီး တစ်နှစ်ကို $600,000 ရရှိပါတယ် ။ သူရဲ့ ပုံမှန် sponsors တွေကတော့ Nike နဲ့ Electronic Arts ဖြစ်ပြီး မန်ယူအသင်းမှာလည်း သူရဲ့ဝင်ငွေဟာ တစ်နှစ်ကို $8 million ရှိပြီး နောက်၅နှစ်လောက်ထိဒီအတိုင်းပဲရှိနေမှာပါ ။



8. Frank Lampard


Net worth: $27 million or $43 million (according to 2011 Sunday Times UK Rich List)
May 2010 to May 2011 Earnings: $17 million
Club: Chelsea

Frank Lampard ကတော့ သူရဲ့ အဓိကဝင်ငွေကို Chelsea အသင်းကနေရရှိနေတာဖြစ်ပြီး အင်္ဂလန်မှာအမြင့်ဆုံး ဝင်ငွေရရှိနေသူတစ်ယောက်ဖြစ်ပါတယ် ။



9. Zlatan Ibrahimovic


Net worth: $60 million (estimated)
May 2010 to May 2011 Earnings: $17 million
Club: AC Milan


Zlatan Ibrahimovic ကတော့ သူရဲ့ကလပ်အသင်းကရတဲ့ ဝင်ငွေက သူကို ဒီလို top ten ထဲဝင်အောင် ပြုလုပ်ပေးနေတာပါ ။ သူဟာ ကစားခဲ့ရတဲ့ အသင်းတိုင်းမှာ ဝင်ငွေမြင့်မားစွာ ရရှိခဲ့သူလည်းဖြစ်ပါတယ် ။




10. Samuel Eto'o


Net worth: $40 million (estimated)
May 2010 to May 2011 Earnings: $15 million
Club: FC Anzhi Makhachkala

Samuel Eto'o ကတော့ Puma နဲ့ Ford company တွေရဲ့ sponsor ပေးမှုတွေရရှိထားပြီး သူရဲ့ကလပ်အသင်းကလည်း တစ်နှစ်ကို $29 million ရရှိထားပါတယ် ။

credit : http://www.blogobo.com

စာရေးသူ 
နေမင်းဇွဲမာန်


0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....