Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Saturday 31 March 2012

ကွန်ပျူတာကို သီချင်းလေးနဲ့တွဲပြီး auto ဖွင့်နိုင်ရန် နည်းလမ်းလေးတွေ....



 

အခုပြောမယ့် နည်းလေးကတော့ ကွန်ပျူတာကို ကိုယ်ဖွင့်စေချင်တဲ့အချိန်ကိုထားပြီး သီချင်းလေးနဲ့ auto ဖွင့်ချင်သူများအတွက် ဖြစ်ပါတယ် ။ မနက်ခင်းမှာ ကျောင်းနောက်မကျအောင်ပဲဖြစ်ဖြစ် ၊ အလုပ်နောက်မကျအောင်ပဲဖြစ်ဖြစ် အများစုက alarm ပေးပြီးအိပ်တတ်ကြပါတယ် ။ အခုနည်းလမ်လေးကိုလည်း alarm ပုံစံအသုံးပြုရာမှာ အဆင်ပြေနိုင်ပါတယ် ။

Friday 30 March 2012

အာလူးလေးတွေနဲ့ပုံဖော်ထားတဲ့ အနုပညာလက်ရာလေးတွေ...



Peter Root လို့ခေါ်တဲ့ အနုပညာရှင်က ဖန်တီးခဲ့တာဖြစ်ပြီး ဒီလိုဖန်တီးနိုင်ဖို့အတွက် အာလူးပေါင် ၈၀ လောက်အသုံးပြုခဲ့ရပါတယ် ။ ဒီ project ကို "plot" လို့နာမည်ပေးထားပြီး တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့  Istanbul မြို့မှာပြသထားပါတယ် ။


Thursday 29 March 2012

အကြွေစေ့အရွယ်လောက်ပဲရှိတဲ့ စားစရာပုံဖော်မှုလေးတွေ....




စားစရာလေးတွေကို အကြွေစေ့ အရွယ်အစားလေးဖြစ်သွားအောင် စိတ်ရှည်ရှည်နဲ့ ဖန်တီးထားတဲ့ အနုပညာ ဖန်တီးမှုလေးတွေကို ကြည့်ရှုနိုင်ပါတယ် ။ 

ထူးခြားလှပတဲ့ မျက်တောင်တုပုံစံလေးတွေ...



ဒီမျက်တောင်အတုလေးကတော့ တရုတ်အနုပညာဖန်တီးမှု တစ်ခုဖြစ်ပါတယ် ။ ဒီမျက်တောင်တုလေးဟာ လှပဆန်းကြယ်ပြီး ထူးခြားဆန်းကျယ်တဲ့ အလှအပလေးတွေကို မြတ်နိုးတဲ့ အမျိုးသမီးတွေ အတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ် ။

Wednesday 28 March 2012

Facebook Emotions ဟာသရုပ်ပုံ code လေးတွေ...



Facebook chat box မှာထည့်သုံးလို့ရတဲ့ ဟာသပုံ code လေးတွေပါ ။ အောက်က code လေးတွေကို facebook chat box လေးထဲမှာ ထည့်လိုက်ရင် ပုံလေးတွေအနေနဲ့ ရောက်သွားမှာပါ ။ စမ်းကြည့်ကြပေါ့ ။ ဟာသပုံလေးတွေပါ ။


ပုံဖော်ထားတဲ့ စားစရာပုံစံလေးတွေ...




Tuesday 27 March 2012

ပုံရိပ်လေးတွေထည့်ထားတဲ့ လက်စွပ်လေးတွေ....




Chan Oi Yau Riyo နဲ့ Kwong Ho Sun Howard တို့က သင်နှစ်သတ်တဲ့ ပုံရိပ်လေးတွေကို သင်နဲ့အတူအမြဲပါရှိနေနိုင်အောင်  ပုံရိပ်လေးတွေထည့်ထားတဲ့ လက်စွပ်လေးတွေကို ဖန်တီးခဲ့ပါတယ် ။ အံ့သြလှပဖွယ်ပုံရိပ်ထည့်ထားတဲ့ လက်စွပ်လေးတွေကို ကြည့်ရှုနိုင်ပါတယ် ။

ထူးခြားလှပတဲ့ မြေထည်အိမ်လေး....




Octavio Mendoza လို့ခေါ်တဲ့ ဗိသုကာပညာရှင်က ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ကိုလံဘီယာမှာ တည်ရှိပါတယ် ။ အခြေခံအောက်ခြေဖောင်ဒေးရှင်းတစ်ခုတည်းကိုပဲ အုတ်နဲ့တည်ဆောက်ထားပြီး ကျန်တာတွေအားလုံးကို ရွှံ့စေး ၊ မြေစေးတွေနဲ့ မွမ်းမံထားတဲ့ ထူးခြားဆန်းပြားတဲ့ မြေထည်အိမ်လေး     ဖြစ်ပါတယ် ။


Monday 26 March 2012

စတာပလာလေးတွေနဲ့ တည်ဆောက်ထားတဲ့ မြို့တော်လေး...

Perierga.gr

O Peter Root လို့ခေါ်တဲ့ ပုဂ္ဂိုလိ တစ်ဦးက အနာဂတ် မြို့တော် လို့ တင်စားလို့ရတဲ့

မိုးမျှော်တိုက်တွေနဲ့ ပြည့်နှတ်နေတဲ့ မြို့လေးကို စတာပလာလေးတွေကို သုံးပြီး ဖန်တီးထားတာ
 ဖြစ်ပါတယ် ။ စတာပလာပေါင်း အရေအတွက် တစ်သိန်းလောက် အသုံးပြုတည်ဆောက် 

ထားတဲ့ မြို့တော်လေးကို ကြည့်ရှုနိုင်ပါတယ် ။


အလှဆင်မီးလုံးလေးတွေ မီလီယံနဲ့ချီပြီး အလှဆင်ထားတဲ့ အိမ်လေး...



Zlatko Salaj ဆိုတဲ့ အင်ဂျင်နီယာ တစ်ဦးက
" Christmas story " လို့တင်စားလို့ရအောင် သူမိသားစု နေထိုင်တဲ့အိမ်လေးကို ဖန်တီးအလှဆင်ထားတာ ဖြစ်ပါတယ် ။ သူတို့ရဲ့ ခရစ်စ္စမတ်အိမ်လေးကို ကြည့်ချင်လို့ သူတို့မိသားစုဆီ အလည်လာသူများ ထောင်နဲ့ချီရှိခဲ့ပါတယ် ။  ၂၀၀၂ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာတဲ့ ဒီအိမ်လေးမှာ အခုဆိုရင် အလှဆင်ထားတဲ့ မီးလုံးပေါင်း ၁.၂ မီလီယံလောက် ရှိနေပြီ ဖြစ်ပါတယ် ။  
 

ကျောက်ဆစ်လူရုပ်လေးတွေ ပါတဲ့အလှနာရီလေးတွေ...




Dominic Wilcox ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဒီလို နာရီမျက်နှာပြင်လေးတွေမှာ အလှပန်းပုလူပုံစံ ကျောက်ဆစ်   ရုပ်လေးတွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ ဒီလိုဖန်တီးနိုင်ဖို့ အချိန်အတော်ကြာ စမ်းသပ်လေ့ကျင့်ခဲ့ရပြီး စိတ်ရှည်ရှည်နဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ 

Sunday 25 March 2012

ကားဒီဇိုင်းသစ်လေး....



ဒီကား ဒီဇိုင်းလေးကို ဖန်တီးထားသူကတော့ Damnjan Mitic ဖြစ်ပြီး Citroen EGGO လို့နာမည်ပေး ထားပါတယ် ။ သက်တောင့်သက်သာရှိပြီး ရာသီမရွေး  ခရီးသွားလာရာမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ် ။ 

သစ်ရွက်လေးတွေကို ပုံဖော်လိုက်တဲ့အခါ...

 

Lorenzo Duran လို့ခေါ်တဲ့ အနုပညာရှင် တစ်ဦးမှ ဖန်တီးထားတာ ဖြစ်ပြီး စိတ်ရှည်ရှည်နဲ့ သတိကြီးကြီး ထားပြီး ပုံဖော်ခဲ့တာ ဖြစ်ပါတယ် ။ ရည်ရွယ်ချက်ကတော့ သစ်ရွက်တွေရဲ့ CO2 စုပ်ယူနိုင်စွမ်းရှိမှုကို ပြသချင်လို့ ဖြစ်ပါတယ် ။

သွားကြားထိုးတံလေးတွေနဲ့ ဖန်တီးထားတဲ့ အနုပညာပုံဖော်မှုလေးတွေ...


 
Steven J. Backman လို့ခေါ်တဲ့ အမေရိကန် ဆန်ဖရန်စ္စကိုမြို့သား အနုပညာရှင် တစ်ဦးမှ ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ ၁၉၈၄ ခုနှစ်မှာ အနုပညာဘွဲ့ကို ဆန်ဖရန်စ္စကိုတက္ကသိုလ်မှာပဲ ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး ဒီလို သွားကြားထိုးတံလေးတွေနဲ့ ပုံဖော်မှုကို အနားယူမှု တစ်ခုလို သဘောထားပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။

Thursday 22 March 2012

အရပ်အလွန်ပုသူများအတွက် ထွင်ထားတဲ့ ကားသေးသေးလေး...



H Volkswagen ဆိုတဲ့ ဘရာဇီးနိုင်ငံသား  တစ်ယောက်က အရပ်အလွန်ပုလွန်းသူတွေ အတွက် ရည်ရွယ်ပြီး ဒီလိုကားဒီဇိုင်းလေးကို တီထွင်ခဲ့တာ ဖြစ်ပါတယ် ။ အတွင်းအပြင် ပုံစံအနေအထားတွေကအစ အတူတူ ဖြစ်အောင် ပြုလုပ်ထားပြီး အင်ဂျင်နဲ့ မိုင်နှုန်းတွေကတော့ ကွာခြားပါတယ် ။

Tuesday 20 March 2012

အလူမီနီယံသစ်ပင်လှလှလေးတွေ...



Kevin Iris ဆိုတဲ့ အနုပညာရှင်က အလူမီနီယံဝါယာလေးတွေကို သုံးပြီး ဖန်တီးထားတာပါ ။ ဒီအလူမီနီယံသစ်ပင်လေးတွေ ဖြစ်လာဖို့ နာရီပေါင်း ၄၅၀ အချိန်ယူခဲ့ရတယ်လို့ဆိုထားပါတယ် ။

ထူးထူးခြားခြား ဖြစ်နေတဲ့ အုတ်ဂူလေးတွေ...




ဒီအုတ်ဂူ ပိုင်ရှင်တွေဟာ သူတို့သေခါနီး အချိန်လေးမှာတောင် ဟာသညဏ်လေးတွေ ပေါ်ပေါက်ခဲ့ကြတယ် ဆိုတာ ချီးကျူးစရာ ကောင်းပါတယ်...


ဖုန်မှုန့် တွေနဲ့ရေးဆွဲထားတဲ့ ပန်းချီလေးတွေ...




Allison Cortson ဆိုတဲ့ အနုပညာရှင်ကတော့ အမေရိကန်နိုင်ငံ Los Angeles မြို့က ဖြစ်ပြီး ဒီလိုပန်းချီတွေ ဖြစ်လညဖို့ ဖုန်မှုန့်တွေကို နှစ်အနည်းငယ်ကြာအောင် စုဆောင်းခဲ့ရပါတယ် ။ ဖုန်မှုန့်တွေကို နောက်ခံ(background) အတွက်သာ သီးသန့်အသုံးပြုခဲ့တာဖြစ်ပြီး ပုံတွေကိုတော့ ကာလာနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ် ။ ပုံတွေရဲ့ အရွယ်အစားက လက်မ ၇၀ နံရံတစ်ခုစာလောက် ရှိပြီး ဖုန်မှုန့်တွေကို ဆီနဲ့ ရောပြီး နံရံပေါ်မှာ ခုလို နောက်ခံတွေရလာအောင် အနုပညာဆန်ဆန် ပုံဖော်ထားခဲ့တာပါ ။


Sunday 18 March 2012

စိတ်အေးချမ်းမှုပေးစွမ်းနိုင်တဲ့ ပန်းမာန်အိမ်ရာလေးတွေ....



ခေတ်မှီလှပတဲ့ ကျောက်တုန်း အိမ်ရာ...



ဒီလို ဆွဲဆောင်မှုရှိတဲ့ လှပတဲ့ကျောက်တုန်းအိမ်ရာမှာ နေချင်ရင်တော့ သင်မှာ ဒေါ်လာ ၃.၅ မီလီယံ ရှိဖို့လိုအပ်ပါတယ် ။ အမေရိကန်နိုင်ငံ ကယ်လီဖုန်းနီးယား ပြည်နယ် Malibu လို့ခေါ်တဲ့မြို့မှာ တည်ရှိပြီး ရောင်းဖို့ကြေငြာထားတာပါ ။ ပင်လယ်နဲ့တောင်တန်းတွေလို လှပတဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်ပြီး ခေတ်မှီ ဧည့်ခန်းတွေနဲ့ စားသောက်ခန်းတွေ ရှိပါတယ် ။

အလွယ်ကူဆုံး headphone ကြိုးချည်နည်းလေး...



စိတ်ဝင်စားရင် လိုက်ကြည့်လုပ်ကြည့်ကြပါဗျာ...ကြိုးချည်နည်းလေးထင်တာပဲ...

ကမ္ဘာ့အရပ်အပုဆုံးလူသား...


perierga.gr - Measured as the shortest man in the world!

ကမ္ဘာ့အရပ်အပုဆုံး လူသားအဖြစ် စံချိန်တင်ခဲ့သူကတော့ Chandra Bahadur Dangi လို့ခေါ်တဲ့ နီပေါနိုင်ငံသား အသက် ၇၂ အရွယ်အဖိုးအို ဖြစ်ပါတယ် ။ အရပ်အတိုင်းအတာကတော့ ၅၅ စင်တီမီတာအောက်မှာ ရှိပြီး ကမ္ဘာ့ အရပ်အပုဆုံး သက်ရှိထင်ရှားပုဂ္ဂိုလ် အဖြစ် ဂရင်းနစ်စံချိန် တင်ခဲ့ပါတယ် ။

"Norm" (သို့မဟုတ်) လိုက်နာရန်လိုအပ်သောစဉ်းမျဉ်းလေးများ...