Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 15 January 2012

၂၀၁၂ အကြော်ကြားဆုံး အမျိုးသမီးအဆိုတော်များ...

10. Beyonce


Beyonce 2012 Top 10 Most Popular Females Singers in 2012



 Beyonce ကတော့ သရုပ်ဆောင်အဆိုတော်ဖြစ်ရုံသာမက ကိုယ်တိုင်လည်းသီချင်းရေးပါတယ် ။ သူမဟာ  R&B group ရဲ့ခေါင်းဆောင်ဖြစ်ပြီး အခုချိန်မှာလည်း အကျော်ကြားဆုံး အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ ။ 

 

9. Nicki Minaj


nicki minaj 2012 Top 10 Most Popular Females Singers in 2012



အမည်အပြည့်စုံကတော့ Onika Tanya Maraj ဖြစ်ပြီး   Saint James, Trinidad  မှာမွေးဖွားခဲ့ပါတယ် ။ သူမ ၅ နှစ်အရွယ်မှာ New York ကိုပြောင်းရွှေ့ခဲ့ပါတယ် ။ သူမဟာ Super Bass  ဆိုတဲ့စီးရီးနဲ့ ၂၀၁၁ မတိုင်ခင်မှာ အကြော်ကြားဆုံး အဆိုတော်တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။

 

8. Taylor Swift


Taylor Swift 2012 Top 10 Most Popular Females Singers in 2012


ချောမောလှပတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ဆယ်ကျော်သက်အဆိုတော်လေးကတော့ 2006 ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့  Taylor Swift  ဖြစ်ပါတယ် ။

7. Jennifer Lopez


Jennifer Lopez 2012 Top 10 Most Popular Females Singers in 2012



အမည်အပြည့်စုံကတော့ Jennifer Lynn Lopez ဖြစ်ပြီး အဆိုတော်သာမက fashion designer ၊ dancer ၊ American actress တွေလည်းဖြစ်ခဲ့ပါတယ် ။


6. Kesha


Kesha 2012 Top 10 Most Popular Females Singers in 2012




အမည်အပြည့်စုံက Kesha Rose Sebert ဖြစ်ပြီး ကိုယ်တိုင်ရေးဆို  rapper တစ်ယောက်ဖြစ်ပါတယ် ။ ၂၀၀၅ခုနှစ် သူမ ၁၈ နှစ်အရွယ်မှာ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပါတယ် ။


5. Adele


adele 2012 Top 10 Most Popular Females Singers in 2012


အမည်အပြည့်စုံကတော့ Adele Laure Blue Adkins ဖြစ်ပြီး  United Kingdom မှာမွေးဖွားခဲ့ပါတယ် ။ ၂၀၀၆ခုနှစ်မှာ  အနုပညာလောကကို စတင်ရောက်ရှိခဲ့ပြီး ယခုထက်ထိ အောင်မြင်ဆဲ အဆိုတော်တစ်ယောက်ဖြစ်နေဆဲပါ ။

4. Britney Spears


britney spears 2011 Top 10 Most Popular Females Singers in 2012



ပထမဆုံး album ကတော့ ၁၉၉၉မှာထွက်ရှိခဲ့တဲ့  Baby One More Time  ဖြစ်ပြီး ၂၀၁၁ မှာ Rihanna နဲ့သီဆိုထားတဲ့ (remix) သီချင်းကတော့ လူကြိုက်များကြပါတယ် ။



3. Rihanna


Rihanna 2012 Top 10 Most Popular Females Singers in 2012


 အမည်အပြည့်စုံကတော့ Robyn Rihanna Fenty ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ Music of the Sun  စီးရီးနဲ့ စတင် အဆိုတော်ဖြစ်လာခဲ့တာပါ ။ သူမဟာ အဆိုတော်သာမက သရုပ်ဆောင်လည်းဖြစ်ပါတယ် ။


2. Lady Gaga


lady gaga 2012 Top 10 Most Popular Females Singers in 2012



ထူးခြားတဲ့ fashion တွေနဲ့ လူသိများတဲ့ အဆိုတော်လေးကတော့ New York မြို့မှာမွေးဖွားခဲ့တဲ့ Stefani Joanne Angelina Germanotta ဖြစ်ပါတယ် ။ သူမဟာ ၂၀၀၅ ခုနှစ်မှာစတင်ဝင်ရောက်လာပြီး ၂၀၀၈ ခုနှစ်မှာ The Fame album နဲ့ လူသိများလာခဲ့ပါတယ် ။


1. Katy Perry


Katy Perry 2012 Top 10 Most Popular Females Singers in 2012


အမည်အပြည့်စုံကတော့ Katheryn Elizabeth Hudson ဖြစ်ပြီး Santa Barbara, California USA မှာမွေးဖွားခဲ့ပါတယ် ။ သူမဟာ  I Kissed a Girl သီချင်းနဲ့ဝင်ရောက်လာပြီး Firework သီချင်းကတော့ ၂၀၁၁ ရဲ့ အကောင်းဆုံး သီချင်း ပါဝင်ခဲ့ပါတယ် ။  December 15, 2011 မှာတော့ ၂၀၁၁ ရဲ့အအောင်မြင်ဆုံး အနုပညာရှင် တစ်ယောက် အဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါတယ် ။


credit : http://www.tiptoptens.com

စာရေးသူ
နေမင်းဇွဲမာန်


0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....