Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Friday 5 September 2014

ကျွန်တော်နားလည်မိတဲ့ သံယောဇဉ်အကြောင်း.......







မွေးကတည်းက နို့မှုန့်နဲ့ ကြီးပြင်းလာခဲ့တဲ့ ကျွန်တော်အဖို့ ဒီဘဝမှာ မေတ္တာငတ်ဖို့ ကံပါလာတယ် 

ဆိုရမလိုပါပဲ ။ ညီအကိုသုံးယောက် ရှိပေမယ့် အမြဲတမ်း အကိုအကြီးဆုံးနဲ့ ညီအငယ်ဆုံးက တစ်ဖွဲ့ ၊ 

ကျွန်တော်က တစ်ယောက်တည်း တစ်ဖွဲ့ ကစားလိုက် ၊ ရန်ဖြစ်လိုက်နဲ့  အကိုအကြီးဆုံး ၁၀တန်းအောင်ပြီး 

အလုပ်သွားလုပ်တဲ့ အထိအောင် ညီအကိုသံယောဇဉ် ဆိုတာကို နားမလည်ခဲ့ပါဘူး ။  မတည့် အတူနေ 

ဆိုတဲ့ အတိုင်း ညီအကိုသုံးယောက် တူတူရှိတုန်းက ဘောလုံးကစားရင်း ရန်ဖြစ်ခဲ့တဲ့အချိန်တွေ 

များခဲ့ပေမယ့် တကယ်တမ်း ခွဲခွါရတဲ့ အချိန်မှာတော့ ရင်ထဲမှာ ဟာသွားသလို ခံစားရပြီး 

တစ်ပြိုင်နက်တည်းမှာပဲ "သြော်ငါလည်း အကိုအကြီးဆုံး ဖြစ်နေပါပြီလားလို့ တွေးမိရင်း ညီအငယ်ဆုံးကို

 ပြေးမြင်မိပါတယ် ။ " သူကတော့ မူလတန်းကျောင်းသားလေးပီပီ အပူအပင်မရှိ ပြေးလိုက်လွှားလိုက်နဲ့

ဆော့ကစားနေတုန်းပါပဲ ။ အဲဒီအချိန်ကစလို့ ခေါင်းထဲမှာ စတွေးမိတာက 

" သြော် သံယောဇဉ်ဆိုတာ ပူလောင်တတ်တဲ့ သဘောရှိတာပါလား " 

ဆိုတဲ့ အတွေးလေးပါပဲ ။ 

ဒီလိုနဲ့ပဲ ညီအငယ်ဆုံးနဲ့   ဆော့ကစားရင်း နွေရာသီကျောင်းပိတ်ရက်တွေ ကုန်လွန်လာတဲ့ 

တစ်နေ့မှာ ကံကြမ္မာက လက်ဆောင်ပေးတဲ့  မျှော်လင့်မထားတဲ့ အမတစ်ယောက် နဲ့ဆုံစည်းခွင့် 

ရခဲ့ပါတယ် ။အမတွေ ၊ ညီမတွေ မရှိတဲ့ ကျွန်တော်အဖို့ စကားလုံး အနုအရွတွေလည်း မသုံးတတ်တဲ့ 

အတွက် ကိုယ့်ထက်ကြီးတဲ့ အမတွေဆို "မကြီး" လို့ ခေါ်ရတာကို နှုတ်ကျိုးနေခဲ့တာ ခုထိပါပဲ ။ ကျွန်တော့် 

အကိုအကြီးဆုံးနဲ့ အသက်တူတဲ့အတွက် သူမကိုလည်း စတွေ့ကတည်းက  

မကြီးလို့သာ ခေါ်ဝေါ်တတ်ခဲ့တာပါ ။ ဒီလိုနဲ့ နောက်ပိုင်းမှာ ကျောင်းကပေးလိုက်တဲ့ နားမလည်တဲ့

 အိမ်စာတွေဆို သူမကူညီရှင်းပြပေးတတ်လို့ ကျွန်တော်အတွက် သူမဟာ ဆရာမ တစ်ဖြစ်လည်း 

ဖြစ်လာခဲ့ပါတယ် ။ ကဗျာလေးတွေ ချစ်တတ်ပြီး အားရင် သူမကိုယ်တိုင် ကဗျာလေးတွေ စပ်ပြီး 

ကျွန်တော်ကို ပြတဲ့အခါ ကျွနတော်လည်း ကဗျာ စပ်ချင်စိတ်လေးတွေ ပေါ်လာခဲ့ပါတယ် ။

 ကဗျာတစ်ပုဒ်ရအောင် ဘယ်လို ရေးရမလဲ မေးမိတော့ သူမက "ကဗျာလေးတွေက ခံစားချက်ကနေ 

 ပေါက်ဖွားလာတာ " လို့ ဆိုတဲ့အတွက်  ကျွန်တော်လည်း ခံစားချက်ဆိုတာကို အဲဒီအချိန်ကစပြီး 

နားလည်အောင် ကြိုးစားကြည့်မိတယ် ။ 


ဒီလိုနဲ့ သုံးလလောက် ကြာတဲ့အခါ တက္ကသိုလ်မှာ သူမစာမေးပွဲ သွားဖြေရဖို့ အချိန်ကျလာခဲ့ပါတယ် ။

  "အားရင် စာထည့်လိုက်ပေါ့လို့ " သူမသွားခါနီး နှုတ်ဆက်တဲ့အခါ ကျွန်တော်ရင်ထဲမှာ 

မွန်းကြပ်နေခဲ့တာတော့ အမှန်ပါပဲ ။ အမတစ်ယောက်လို ကျွန်တော်အပေါ်စောင့်ရှောက်ခဲ့တဲ့ သူမကို 

ယနေ့တိုင် အမှတ်ရနေဆဲပါ ။ သူမထွက်ခွါသွားပြီးတဲ့ အချိန်မှာ အလွမ်းအဆွေးကဗျာလေးတွေ 

ရေးတတ်လာခဲ့ပါတယ် ။ သူမ ပြောခဲ့တဲ့အတိုင်း စိတ်ခံစားမှုကနေ ဖြစ်ပေါ်လာတဲ့ ကဗျာတိုစလေးတွေကို

 ကျွန်တော်ကိုယ်တိုင် ခံစားလာတတ်ခဲ့ပါပြီ  ။ စံပယ်ပန်း သိပ်ကြိုက်တဲ့ သူမအတွက် 

သင်္ချာစာအုပ်အထူကြီးတွေထဲမှာ စံပယ်ပန်းလေးတွေကို ညှပ်ပြီး  အမှတ်တရ သိမ်းဆည်းခဲ့ တာလေးတွေ 

ယခုအချိန်ထိ ပြန် မြင်ယောင်နေဆဲပါ ။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ သဘောပေါက်မိတယ် 

" သြော်သံယောဇဉ်ဆိုတာ နှောင်ကြိုးလေးတွေ လိုပါပဲလား ".............


                   အဲဒီအချိန်ကစပြီး ၁၀တန်းပြီးတဲ့အချိန်ထိ သံယောဇဉ်တွယ်မိမှာ ကြောက်တဲ့ အတွက် 

စာအုပ်တွေကိုသာ အဖော်ပြု ပြီး ဖြတ်သန်းဖြစ်ခဲ့တယ် ။ တက္ကသိုလ်ပြီးတဲ့အချိန် ဘာသာရေးစာအုပ်တွေ ၊ 

ဝိပဿ     နာ တရားတွေ နာရာကနေ သိလာတာက 

" သံယောဇဉ်နှောင်ကြိုးတွေကို ကြောက်ပြီး  စာအုပ်တွေပေါ်မှာပဲ စိတ်ကို အာရုံ ပြောင်းထားလို့ မရဘူး ၊ 

သံယောဇဉ်ရဲ့ မူလဇစ်မြစ်ကိုသိအောင်ကြိုးစားခြင်းကသာ ပိုနည်းလမ်းမှန်တယ် " 

ဆိုတာလေးကို နားလည်လာမိပါတော့တယ် ။

နေမင်းဇွဲမာန်


11 comments:

  1. နီးတကျက်ကျက် ဝေးတသက်သက် ဆိုသလိုပေါ့ နေမင်းရေ... ဘ၀အသိကို တရားအလုပ်ကနေ ရှာဖွေတွေ့ရှိခြင်းဟာ နည်းလမ်းအမှန်ကန်ဆုံးပေါ့ ...

    ReplyDelete
  2. သံယောဇဉ်ဆိုတာ အဲတာဘဲ ကောင်လေး
    ဖြတ်လို့မရဘူး..မေ့လို့မရဘူး..
    ချစ်တာက မုန်းသွာတဲ့ အခါ အချစ်ဆိုတာ မရှိတော့ဘူး..
    သံယောဇဉ်က ချစ်တာမဟုတ်တော့ မုန်းသွားမဲ့အခါဆိုတာလည်း မရှိဘူး..
    အမြဲတမ်းရှိနေတတ်တယ်...

    ခင်မင်လျှက် ..ပစ်ပစ်

    ReplyDelete
  3. ထူးထူးခြားခြား ငါ့မောင်လေးရေးတဲ့ စာတစ်ပုဒ်ကို ဖတ်ခွင့်ရတာပါပဲ
    သံယောဇဉ်ဆိုတာ ပူလောင်ခြင်းရှိတာမှန်ပေမယ့် ပူလောင်ခြင်းရဲ့
    သဘောလေးကိုမြင်ပြီး သူ့ သဘောလေး ဖြစ်လိုက်ပျက်လိုက် ဖြစ်နေတာကို
    သိရင် ပူတဲ့သဘောလေး ပျောက်သွားမှာပါ မောင်လေးရယ်
    မောင်လေး ပြန်ရောက်ရင် ပို့ ပေးဖို့  ခွေတွေလည်းဝယ်ထားတယ်
    ပူတာတွေကိုအေးအောင်လုပ်ဖို့ ဘာမှ မခက်ဘူး မောင်လေး
    လုပ်ချင်တဲ့စိတ်ရှိဖို့ ပဲ လိုတာပါ
    ပူတာလေးရှာလိုက် အေးတဲ့သဘောလေး ကြည့်လိုက်နဲ့ 
    ပညာ ရဲ့ တန်ဖိုးလေးကို လက်တွေ့ အကောင်အထည်ဖေါ်လို့ ရတာပေါ့

    ချစ်ခင်လျှက်

    တတိယမြောက်သမီးတော်

    ReplyDelete
  4. ငါ့ညီလေးကလည်း ရင်အုံ့နွေးနွေး စံပယ်ပန်းရဲ့ ရနံ့လေးတွေအကြောင်း ကောင်းကောင်းစာလုံးပေါင်းတတ်ခဲ့တဲ့ သံယောဇဉ်သမားတစ်ယောက် ဖြစ်ခဲ့ဖူးတာပဲကိုး ... :)

    ReplyDelete
  5. အော် သူလည်း ဇာတ်လမ်းနဲ့ပဲကိုး...
    သူငယ်ချင်းရဲ့ သံယောဇဉ်လေးတွေကို မျှဝေ ခံစားသွားတယ်ပါကြီး :D

    ReplyDelete
  6. ကမ္ဘာတစ်လွှားကထူးထူးခြားခြားပုံလေးတွေတော်တော်များများနဲ့ဖမ်းစားတတ်တဲ့
    ညီလေးနေမင်းရဲ့ရှားရှားပါးပါးပို့စ်လေးတစ်ခုဆိုရင်လည်းမမှားပါဘူးနော်...ပုထု
    ဇဉ်ပီပီ လူတိုင်းမှာတစ်ယောက်တစ်မျိုးမရိုးနိုင်တဲ့ သံယောဇဉ် လေးတွေကိုယ်စီရှိ
    ကြတာလည်းဓမ္မတာပါပဲညီလေးရေ..“သတ္တ၀ါအပေါင်းတို့အား
    ထိုထိုဘ၀မှ မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်ထားတတ်သော
    အရာမှာ သံယောဇဉ် တည်း”တဲ့ညီလေးရေ....ဖြတ်နိုင်၊ ပြတ်နိုင်
    ရင်တော့ ပစ္စုပ္ပန်အတွက်ရောနောင်သံသရာ အတွက်ပါကောင်း
    တာပေါ့...အင်း...အကိုတော့လောကီသားငမိုက်သားပေမို့ဒီ
    သံသရာဝဲဂယက်ကနေရူန်းထွက်ဖို့အတော်ကြိုးစားရအုန်းမယ်
    ညီလေးရေ... ပို့စ်လေးကိုဖတ်ရင်းအားပေးသွားပါတယ်ညီလေးရေ..

    ခင်မင်ရင်းနှီးစွာဖြင့်
    ရာဇာထွေး

    ReplyDelete
  7. ဟုတ်တယ် အပူတွေချည်းပါဘဲ။
    သံယောဇဉ်ရဲ့ အစအလယ်အဆုံး အပူတွေနဲ့ဘဲ ထုံးနှောင်ထားတာပါဘဲ။ ဒါပေမဲ့လဲ ရှောင်ပြေးဖို့ အတော်ခက်တဲ့ တရားကလား။

    ReplyDelete
  8. နေမင်းလဲစံပယ်ပန်းလေးတွေပါဝင်ခွင့်ရတဲ့ ပုံပြင်လေးရှိခဲ့တာကိုး

    ReplyDelete
  9. I'm not sure where you are getting your information, but good
    topic. I needs to spend some time learning much more or understanding more.
    Thanks for wonderful info I was looking for this information for my mission.

    Feel free to surf to my web page :: Prosolution Pills

    ReplyDelete
  10. တကယ်တော့သံယောဇဉ်တို့အချစ်တို့ဆိုတာ စိတိမထားတတ်ရင်သိပ်ပူလောင်လွန်းလို့ မထိမတွေ့ချင်ဘူးကွယ်

    ReplyDelete

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....