Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Saturday 14 January 2012

2012 ကမ္ဘွာှအမြန်ဆုံး လေယာဉ်အမျိုးအစားများ...


 10. F-111

10. F 111 Top 10 Fastest Aircraft in 2012

ဒီ F-111 လေယာဉ်ကတော့ တစ်နာရီကို မိုင်ပေါင်း 1,850 မိုင်နှုန်းနဲ့ပျံသန်းနိုင်တဲ့ ဗုံးကြဲလေယာဉ် အမျိုးအစားဖြစ်ပါတယ် ။ ပထမဆုံးစတင်စမ်းသပ်တဲ့အချိန်မှာ အားနည်းချက်တွေ ၊ ချို့ယွင်းချက်တွေတွေ့ရပေမယ့် လက်ရှိမှာတော့ အမြန်ဆုံး aircraft စာရင်းဝင်နေပါပြီ ။



9. F-15

9. F 15 Top 10 Fastest Aircraft in 2012

F-15 ကတော့ အမေရိကန်လေတပ်ရဲ့ speed အမြန်ဆုံး ဗုံးကြဲလေယာဉ်အမျိုးအစားဖြစ်ပြီး တစ်နာရီကို မိုင်ပေါင်း over 1,875 miles နှုန်းနဲ့ ပျံသန်းနိုင်ပါတယ် ။ ဗုံးတွေ ၊ missiles တွေနဲ့ လောင်စာဆီတွေကို အလေးချိန် 24,500 ပေါင်အထိ သယ်ဆောင်နိုင်ပါတယ် ။


8. XB-70

8. XB 70 Top 10 Fastest Aircraft in 2012

XB-70 ကတော့ မြောက်အမေရိကန်ထုတ်ဖြစ်ပြီး တစ်နာရီကို မိုင် over 1,890 မိုင်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ် ။  nuclear ဗုံးတပ်ဆင်အသုံးပြုနိုင်တဲ့ B-70 ကိုထပ်မံမွမ်းမံထားတာပါ ။

 7. X-2

7. X 2 Top 10 Fastest Aircraft in 2012

X-2 ကတော့ သုတေသနလေယာဉ်ဖြစ်ပြီး aerodynamics ( လေထဲ၌ ဖြတ် သန်းသော အရာဝတ္ထုပေါ်တွင် သက်ရောက်သောအားများကို လေ့လာသော သိပ္ပံပညာရပ်) တွေ ၊  အပူချိန် ပြောင်းလဲမှုတွေနဲ့ ထိန်းချုပ်မှုတွေကို လေ့လာရာမှာ အသုံးပြုကြပါတယ် ။ အမြန်နှုန်းကတော့ တစ်နာရီကို မိုင် 1,900  နှုန်းနဲ့ ပျံသန်းနိုင်ပါတယ် ။

6. MiG-25

6. MiG 25 Top 10 Fastest Aircraft in 2012

MIG-25 ကတော့ ကမ္ဘာ့အမြန်ဆုံး ဂျက်လေယာဉ် ဖြစ်ပြီး တစ်နာရီကို မိုင် over 2,000 မိုင်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ် ။


5. YF-12A

5. YF 12A Top 10 Fastest Aircraft in 2012

YF-12A ကတော့ တစ်နာရီကို မိုင် 2,070 မိုင်နှုန်းနဲ့ ပျံသန်းနိုင်ပြီး California အခြေစိုက် လေတပ်စခန်းမှာတွေ့နိုင်ပါတယ် ။


4. SR-71

4. SR 71 Top 10 Fastest Aircraft in 2012

SR-71 ကတော့ တိုက်တေနီယမ်နဲ့ပြုလုပ်ထားပြီး အပူချိန် 2000 ' F အထိ ခံနိုင်ရည်ရှိပါတယ် ။ တစ်နာရီ မိုင်
 2,193.17 မိုင်နှုန်းနဲ့ပျံသန်းနိုင်ပြီး ကောင်းကင်ကိုစိုးမိုးနိုင်ခဲ့တဲ့ လေယာဉ်အမျိုးအစားဖြစ်ခဲ့ပါတယ် ။

3. X-15

3. X 15 Top 10 Fastest Aircraft in 2012

X-15 ကတော့ မြောက်အမေရိကလုပ်လေယာဉ်ဖြစ်ပြီး အာကာသကိုသွားမယ့် အာကာသယာဉ်မှူးတွေ အတွက် ကမ္ဘာပေါ်မှာ အစမ်းလေ့ကျင့်မှုတွေပြုလုပ်နိုင်တဲ့ လေယာဉ်တစ်စင်းလည်းဖြစ်ပါတယ် ။ 

2. X-43A

2. X 43A Top 10 Fastest Aircraft in 2012

X-43A ကတော့ ၂၀၀၄ ခုနှစ်မှာ NASA ကပြုလုပ်ခဲ့ပြီး တစ်နာရီ မိုင် over 7,000 မိုင်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ် ။ သူရဲ့ speed ကတော့ အသံအမြန်နှုန်းထက်  9.3  ဆပိုမြန်ပြီး ၁၁ စက္ကန့်တွင်းမှာပဲ အမြင့်ဆုံး အမြန်နှုန်းကို ရောက်ရှိနိုင်ပါတယ် ။ 
1. HTV-2

1. HTV 2 Top 10 Fastest Aircraft in 2012

HTV-2 ( Hypersonic Technology Vehicle 2 ) ကတော့ အံ့သြစရာကောင်းလောက်အောင်ပဲ တစ်နာရိကို မိုင် 13,000 မိုင်နှုန်းနဲ့ပျံသန်းနိုင်ပါတယ် ။ ဒီလေယာဉ်ဟာ တစ်စက္ကန့်ကို 3.6 မိုင်နှုန်းနဲ့ သွားနိုင်ပြီး အသံထက် အဆ ၂၀ ပိုမြန်ပါတယ် ။ ဒီလေယာဉ်နဲ့ London ကနေ  Australia ကို သွားမယ်ဆိုရင် မိနစ်ခြောက်ဆယ်ပဲကြာမှာ ဖြစ်ပါတယ် ။ ဒီလေယာဉ်ကို အကြမ်းဖက်သမားတွေရန်ကနေ ကာကွယ်ဖို့ တီထွင်ထားတာဖြစ်ပြီး အကြမ်းဖက်မှုဖြစ်ပွားတဲ့နေရာကို မိနစ်ပိုင်းမှာပဲ  ရောက်ရှိအောင် အမေရိကန်လေတပ်ကနေ စီစဉ်ထားမှာဖြစ်ပါတယ် ။

credit : http://www.tiptoptens.com

စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....