Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 6 November 2011

window, linux, mainframe နဲ့ super computer တို့အကြောင်း သိကောင်းစရာ.....

Window - တချိန်တည်း တပြိုင်တည်းမှာ user တစ်ယောက်တည်းက အသုံးပြုပြီး ပုစ္ဆာတစ်ခုကို တွက်ချက်နိုင်ပါတယ်။ ( One user for one problem )


ကျွန်တော်တို့window ကွန်ပျူတာတွေက single instruction single data ပဲလုပ်ဆောင်နိုင်ပါတယ်။ အကြောင်းအရာ တစ်ခုပဲ အမိန့်ပေး ခိုင်းစေလို့ ရသလို အကြောင်းအရာ တစ်ခုပဲ လုပ်ဆောင်နိုင်ပါတယ်။ တချိန်တည်း တပြိုင်တည်းမှာ data တစ်ခုကိုပဲ အမိန့်ပေး ခိုင်းစေ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ အကိုတို့ သိတဲ့  window XP, window vista, 7 စသဖြင့် အမျိုးမျိုးသော windows တွေဟာ operating system တွေပဲဖြစ်ပါတယ်။ပြီးတော့ Window Computerတွေဟာ Non Parallel Computer တွေပါ။ အဲဒါကြောင့် Parallel လုပ်ဆောင်လို့ ရတဲ့  linux  os ကို စတင်သုံးစွဲလာကြပါတယ်။

 Unix (သို့) Linux - တချိန်တည်း တပြိုင်တည်းမှာ user အများအပြား အသုံးပြုပြီး ပုစ္ဆာအများအပြားကို တွက်ချင်နိုင်ပါတယ်။ ( Many users for many problems )


High Performance အတွက် ကျနော်တို့ ခုလက်ရှိသုံးနေတဲ့ PC လေးတွေ နဲ့ အလုပ်မဖြစ်တာ လက်ခံပြီနော်။ သုံးတဲ့ User ကလဲ အများကြီးရှိမယ်။ ဘဏ်လိုနေရာမျိုးတွေ ဆိုရင် ၀န်ဆောင်မူ့ကောင်းရင် ကောင်းသလို အသုံးပြုသူ သန်းနဲ့ ချီပြီး ရှိနိုင်ပါတယ်။ အဲတော့ သူမှာ သုံးတဲ့ OS ကလဲ တစ်ချိန်တည်း တပြိုင်တည်းမှာ အသုံးပြုသူ အများအပြား security ကောင်းကောင်းနဲ့ အသုံးပြုနိုင်ဖို့ ဆိုတာ Unix OS (သို့) Linux OS တွေကို သုံးကြရပါတယ်။ window မသုံးတော့ဘူးဆိုတာလဲ သိပြီ ၊ ကွာတာလဲ သိပြီဆိုတော့windowကို   ဖယ်ထားလို့ကျနော်တို့LinuxOS တွေအကြောင်း
ဆွေးနွေးကြတာပေါ့။အခု ကျွန်တော်တို့ သုံးနေတဲ့ linux os အများစုဟာ Desktop Edition တွေဖြစ်ပါတယ်။ Server Edition တွေလဲ သက်သက်ထုတ်ထားပါတယ်။လုပ်ငန်း ကြီးရင် ကြီးသလောက် Sever Edition တွေကိုပဲ ပိုက်ဆံပေးပြီးသုံးကြပါတယ်။ များသေးအားဖြင့် ဘဏ်တွေမှာ online banking စနစ်ကို အသုံးပြုတဲ့ အခါ security က အရမ်းအရေးကြီးပါတယ်။ဒါကြောင့် security စိတ်ချရဖို့ အတွက် linux OS တွေကို သုံးစွဲလာခဲ့ပါတယ်။ပြီးတော့Unix (သို့) Linux OS တွေဟာ Parallel လုပ်ဆောင်လို့ ရတဲ့ OS တွေလဲ ဖြစ်ပါတယ်။ ဗဟုသုတ အနေနဲ့ အဲလို စုဝေးထားတဲ့ ကွန်ပျူတာ အစုအဝေးကို Cluster လို့ခေါ်ပါတယ်။

 Mainframe computer

Mainframe ဆိုတာ SuperComputer ပြီးရင် သူက ဒုတိယအဆင့်မှာ ရှိပါတယ်။ သူက ဘယ်လိုမျိုးလဲဆိုတော့ အပေါ်က အကြောင်းအရာနဲ့ ပြန်ချိတ်ရရင် ကျနော်တို့ ကွန်ပျူတာလေးတွေ စုလိုက်တယ်။ Parallel လုပ်ဆောင်ဖို့ Parallel လုပ်ဆောင်နိုင်တဲ့ OS တွေလဲ တင်လိုက်ပါတယ်။ သို့ပေမယ့် Speed က ထင်သလောက် မမြန်ပါဘူး။ ၂ လုံးချိတ်ရင် ၂ ဆ မြန်မယ်လို့ မထင်ပါနဲ့။ ၂ လုံးချိတ်တိုင်း ၂ ဆ မမြန်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အတိုချုံး ဖြေရရင် NIC card တွေ၊ Communicator တွေ၊ ကြိုးတွေ ရဲ့ speed နှေးနေတာရယ်၊ အထားအသို အကွာအဝေး စတာတွေ မမှန်လို့ ဖြစ်ပါတယ်။ အဓိကတော့ Network delay ဖြစ်တာပေါ့။ အဲလိုတွေ ဖြစ်လို့ Mainframe တို့လို Supercomputer တို့ကို သုံးလာတာပါ။
IBM Mainframe တွေကို အဖွဲအစည်းအကြီးကြီးတွေ၊ Data တွေကို ဗဟိုတွက်ချက်ဖို့ သုံးတဲ့ ဘဏ်တွေ ၊ လေကြောင်းလိုင်း၊ မီးရထားလိုင်းတွေ၊ အာမခံ လုပ်ငန်း၊ စာပို့လုပ်ငန်း၊ ဆက်သွယ်ရေးတွေ၊ ကျောင်းတွေ .... စသဖြင့် သုံးကြပါတယ်။ အချို့ ကျောင်းတွေမှာတော့ ကန့်သက်ချက်အရ ကျောင်းတွေမှာ Mainframe ၀ယ်သုံးခွင့်မရှိကြပါဘူး။

အဲဒီထဲက မြင်သာအောင် ဘဏ်ကို ပြောပြပေးမယ်။ ဘဏ်တစ်ခုဆိုပါစို့ စက်တွေနဲ့ အများကြီးနော်။ ဈေးလို၊ ကျောင်းလို နေရာတွေမှာ ထားတယ်။ အသုံးပြုသူတွေကလဲ အများကြီးပဲ။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ထုတ်ချင်လဲ ထုတ်မယ်၊ သွင်းချင်လဲ သွင်းမယ်၊ ချေးချင်လဲ ချေးမယ် ... အမျိုးမျိုးသော user တွေ တချိန်တည်း တပြိုင်တည်းမှာ သုံးနေကြတယ်နော်။ အဆင်ပြေပြေ security ကောင်းကောင်းနဲ့ ငွေတွေ သွင်းနိုင် ထုတ်နိုင်ကြတယ်။

အဲလိုနေရာမျိုးမှာများ အပေါ်ကလို network delay ဖြစ်သွားခဲ့မယ်ဆိုရင် တကယ်ဖြစ်ခဲ့တဲ့ ဥပမာလေး ရှိတယ်။ တော်တော်ကြာခဲ့ပြီပေါ့။ ဘဏ်တစ်ခုမှာ သူရဲ့ အကောင့်ထဲက ငွေတွေ အကုန်လုံးကို ထုတ်လိုက်တယ်။ ဆိုကြပါစို့ မြင်သာအောင် မကွေးမြို့ကပေါ့။ ဥပမာနော် ပြီးတော့ လေယာဉ်နဲ့ မန္တလေး မှာချက်ချင်း သွားပြီး မန္တလေးဘဏ်ခွဲကနေ သူငွေကို ထပ်ပြီးထုတ်တယ်။ ငွေ amount များရင် များသလို ဘဏ်မှာ နစ်နာမူ့တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဟိုးအရင်တုန်းကလဲ ဖြစ်ခဲ့တယ်လို ဆိုပါတယ်။ အဲတော့ အဲလိုဘဏ်မှာ သုံးတဲ့ စက်တွေရဲ့ speed တွေ network speed တွေ ၊ သူမှာ သုံးတဲ့ OS တွေ ရဲ့ အရေးပါမူ့ တွေးကြည့်တာက ပြေးကြည့်တာထက် မြင်သာတာမို့ တွေးကြည့်ပေတော့ဗျာ ...
  IBM Mainframe computer ကတော့ 64-bit operating system ဖြစ်တဲ့ z/OS ကိုသုံးပါတယ်။ Enterprise Edition ဖြစ်ပါတယ်။ နောက် ဗဟုသုတ အနေနဲ့ IBM ကထုတ်တဲ့ z/VM ဆိုတာ ရှိပါသေးတယ်။ virtual Software တွေထဲမှာ အကောင်းဆုံးနဲ့ အမြှင့်ဆုံးပေါ့။ OS တွေထဲမှာလဲ အကောင်းဆုံးနဲ့ အမြှင့်ဆုံးဆိုတာတွေကို ရွေးသုံးကြပါတယ်။ အဲတော့ OS ကွာတာ ရမယ်ထင်ပါတယ်။
နောက်ပြီး အကျဉ်းချုံးပြီး hardware ပိုင်းဗဟုသုတပေါ့။ ပြီးခဲ့တဲ့ 2010 September က IBM က ကြေငြာထားတာပါ။ ကမ္ဘာ အမြန်ဆုံး Processors အဖြစ် z196 Microprocessor ကိုကြေငြာခဲ့ပါတယ်။ အောက်ကပုံပါ။ မြင်သာအောင်ပေါ့ ...



အပေါ်က Processor လိုမျိုး Blade တစ်ခု မှာ ဘယ်လောက်များ ပါမလဲ ? အဲလို blade တွေပါတဲ့ စုပေါင်းထားတဲ့ အောက်က Casing တွေ ဘယ်လောက်များ ရှိမလဲ ? တွေးသာ ကြည့်ပေတော့ဗျာ ...

Click this bar to view the full image.


အဲတော့ တွေးစရာ ဖြစ်လာပါမယ်။ IBM က ထုတ်တဲ့ Mainframe တွေ SuperComputer တွေက ကမ္ဘာအမြန်ဆုံးလား ? မဟုတ်ပါဘူး။ ကမ္ဘာ အမြန်ဆုံး supercomputer တွေရဲ့ List ကို အောက်က ဆိုဒ်မှာ ကြည့်နိုင်ပါတယ်။ တကယ်လက်တွေ့မှာ အလုပ်လုပ်ပြီး ကမ္ဘာအမြန်ဆုံး ကွန်ပျူတာတွေ 500 ရဲ့ List ပါ။  သတင်းစာထဲမှာတောင် ပါပါတယ်။ တရုတ်က ကမ္ဘာအမြန်ဆုံး supercomputer အဖြစ်ကြေငြာလိုက်ပါပြီ။ speed တွေပါ ပါတယ် ပြန်မရှာချင်တော့ဘူး အောက်ကလင့်မှာလဲ ကြည့်နိုင်ပါတယ်။
http://www.top500.org/list/2010/11/100
SuperComputer
Supercomputer တွေကတော့ ကွန်ပျူတာတွေထဲမှာ စွမ်းဆောင်ရည် အမြှင့်မားဆုံးနဲ့ အမြန်ဆုံးဖြစ်ယုံမျှမက ဈေးလဲ အကြီးဆုံးဖြစ်ပါတယ်။

တရုတ်က ပြီးခဲ့တဲ့နှစ်ကမှ ကြေငြာတဲ့ ကမ္ဘာအမြန်ဆုံး Supercomputer ဖြစ်ပါတယ်။ 2,570 trillion calculations per second နဲ့ အလုပ်လုပ်နိုင်ပါတယ်။


This image has been resized. Click this bar to view the full image. The original image is sized 568x341.


ဘာတွေ စွမ်းဆောင်နိုင်မလဲ ဆိုတော့ ...
- ရာသီဥတု ခန့်မှန်းချက်တွေ
- မြေငလျင်တွေ
- ဆေးသုသေသန အတွက်
- သိပ္ပံပညာနဲ့ ပါတ်သတ်တဲ့ နေရာတွေ
- နက္ခတ္တဗေဒ ဆိုင်ရာတွေ
စသဖြင့် တွက်ချက်နိုင်ပါတယ်။ အများကြီး ကျန်ပါဦးမယ်။

ဘာလို့ supercomputer တွေ အရေးပါလာသလဲဆိုရင် အပေါ်က အချက်တွေထဲကမှ ရာသီဥတု ဆိုပါတော့ ... မနက်ဖြန် ->
နေပူမလား ?
မိုးရွာမလား ?
နှင်းကျမလား ?
ကို တွက်ချက်ဖို့ အတွက် ကြာချိန်က (၂၄) နာရီ တစ်ရက်ကြာတယ်ဆိုပါတော့ ... အဲဒီ Result က အချည်းနှီးပါပဲ။ ဘာလိုလဲဆိုတော့ ကြိုတင်ပြောပေးနိုင်မှသာ အသုံးဝင်သာ ဖြစ်လို့ စောပြီး ဖော်ပြနိုင်လေ ခန့်မှန်းချက်တွေ ထုတ်ပေးနိုင်လေ လူတွေအတွက် အကျိုးရှိလေပါပဲ။ အဲလို အချိန်နဲ့ တပြေးညီ ထုတ်ပေးဖို့ မြန်သထက် မြန်တဲ့ supercomputer တွေ သုံးလာရခြင်းပါပဲ။ အဲလို ခန့်မှန်းချက်တွေ မှန်ကုန်တိကျစွာ အချိန်နဲ့ တပြေးညီ ထုတ်ပေးနိုင်လို့လဲ အနောက်နိုင်ငံက လူတွေဟာ နှာဆေး၊ ချောင်းဆိုး ၊ ဖျားတာ နာတာ မရှိသလောက်နည်းသလို ဆေးရုံဆေးခန်းတွေမှာလဲ လူနည်းပါတယ်။ နှင်းအများကြီးကျမယ် ကြိုသိနေတော့ ခေါင်းစွပ်လေး ဆောင်းသွားမယ်၊ အနွေးထည်ထူထူ ၀တ်သွားမယ် စသဖြင့် ဂရုစိုက်လို့ ရတာပေါ့။

ကျနော်တို့ဆီမှာ ဖြစ်သွားတဲ့ နာဂစ် ဆိုရင် supercomputer ရှိတဲ့ နိုင်ငံတွေက တွက်ချက်ပြီး ဖြစ်တော့မယ်ဆိုတာ ကြိုသိတယ်။ ကြိုပြောပါတယ်။ နောက် ဆူနာမီ လိုဟာမျိုးတွေ။ အဲဒီ လို ရာသီဥတုနဲ့ ပါတ်သတ်ပြီး ဆိုးဆိုးရွားရွား ဖြစ်နိုင်တာတွေကို ကြိုသိပြီး ပြောပေးပြီး အဲဒီ အန္တာရာယ်က လွတ်အောင် ကြိုတင်ရှောင်နိုင်လိုက်မယ်ဆိုရင် လူသားတွေ အတွက် အများကြီး အကျိုးရှိနေပါတယ်။ supercomputer တွေက အဲလို အကျိုးပြုနေပါတယ်။

မှတ်ချက်။  ။ မြန်မာမိသားစုဖိုရမ် မှဆွေးနွေးချက်အား ကိုးကားဖော်ပြသည်။

1 comments:

  1. ကောင်းတယ်သူငယ်ချင်း.. ငါလည်းအခု Linux သုံးနေပါတယ်.။
    Ubuntu 12.04 တင်ထားတယ်.။ သုံးလို့ကောင်းပါတယ်.။တစ်ချို့နေရာတွေ
    Windows ထက်ပိုမိုက်တယ်.။

    ReplyDelete

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....