Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 6 November 2011

သိစရာတွေးစရာလေးတွေ(ဆရာတော်ဦးဇောတိက)

စဉ်းစဉ်းစားစားလုပ်ပါလျက်နဲ.
မှားသွားရင်အမှားထဲကသင်ခန်းစာရပြီးတော့
အမှားနည်းသွားမယ်။တိုးတက်လာမယ်။



ဘာမှမလုပ်ရင်ဘာမှမမှားဘူး။ဘာအတွေ.အကြုံမှ
မရဘူး။ဘာသင်ခန်းစာမှမရဘူး။ဘာမှမတိုးတက်ဘူး။
ဒါကြောင့်ဘာမှမလုပ်ပဲနေတာမှ
အကြီးဆုံးအမှားဖြစ်တယ်။




မှန်တဲ့သဘောထားဟာ
အကောင်းဆုံးမိတ်ဆွေဖြစ်တယ်။
မှားနေတဲ့သဘောထားဟာ
အဆိုးဆုံးရန်သူဖြစ်တယ်။


ကိုယ်ဘယ်လိုလူဖြစ်လာမယ်ဆိုတာကို
ကိုယ့်သဘောထားကပဲဟောကိန်းထုတ်နေပါတယ်။


ပါးစပ်ကဘာပြောပြောနောက်ဆုံးမှာ
သဘောထားကပဲအဆုံးအဖြတ်ပေးပါတယ်။
ပါးစပါကညာလို.ရတယ်။သဘောထားကညာလို.မရဘူး။
ချစ်စရာကောင်းတာလည်းသဘောထားကြောင့်
မုန်းစရာကောင်းတာလည်းသဘောထားကြောင့်ပဲ။
ဘ၀မှာရေရှည်အဆင်ပြေဖို.အရေးမှာ
အရေးအကြီးဆုံးကသဘောထားမှန်ဖို.ပါပဲ။


ကိုယ့်သဘောထားက
ကိုယ့်အပြုအမူကိုလွှမ်းမိုးတယ်။
ကိုယ့်အပြုအမူကကိုယ့်အောင်မြင်မှုကိုလွှမ်းမိုးတယ်။


အောင်မြင်မှုဆိုတာကို
အခက်အခဲတွေကြားထဲမှာဝှက်ထားတယ်။


အလုပ်တစ်ခုလုပ်ပြီးတဲ့အခါမှာ
ကိုယ်ရလိုက်တဲ့အကြီးဆုံးရလာဘ်ဟာ
ဂုဏ်နဲ.ငွေမဟုတ်ဘူး။အဲဒီအလုပ်ကိုလုပ်လိုက်ရလို.
ကိုယ်ဘယ်လိုလူဖြစ်လာသလဲဆိုတာကမှ
အကြီးဆုံးရလာဘ်ဖြစ်တယ်။

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....