တစ်နေ့မှာ မိတ်ဆွေတစ်ယောက်က အကူအညီတစ်ခုတောင်းပါတယ်
။ “
ကျွန်တော့်တပ်က ဆရာကြီးတစ်ယောက်ရဲ့ သားနှစ်ယောက်က
ကျောင်းထွက်ထားရတာ (၂)နှစ်ရှိပြီ
။ ပြန်တက်ခွင့်ရဖို့ အမ အကြံဥာဏ်လေး
ပေးပါဦးတဲ့ ။” ဘာကြောင့်လဲမေးတော့ “တပ်က ကော့သောင်းကနေ
မိတ္ထီလာပြောင်းတော့ ကျောင်းပြောင်းလက်မှတ်ကို ကော့သောင်းက
ပို့ပေးမယ်ဆိုပြီးရောက်မလာလို့တဲ့
။ ပထမတော့ ကျောင်းက လက်ခံထား
သေးပေမယ့် သတ်မှတ်ချိန်ကျော်တော့ ဆက်တက်ခွင့်ပေးလို့ မရတော့ဘူးလေ
။
ဟုတ်တော့ဟုတ်ပါတယ် ။ ကျောင်းမှာလည်း ကျောင်းစည်းကမ်းက
ရှိနေတာပဲဆိုတော့ ။ “ မိဘတွေကရော ကျောင်းပြောင်းလက်မှတ်ရဖို့
မကြိုးစားကြတော့ဘူးလားလို့
မေးတော့
“ကော့သောင်းနဲ့က ခရီးစရိတ်ကလဲရှိတယ် ။ သွားရင်လဲ ရ ၊ မရကမသေချာတော့
မကြိုးစားကြတော့ဘူးတဲ့လေ
။ “ ဒါနဲ့ ကျွန်မလည်း ကျောင်းအုပ်ဆရာမကြီးကို
မနက်ဖြန်ပဲ သွားမေးပေးပါ့မယ်လို့ အားပေးစကား ပြောလိုက်ပါတယ် ။
“ မိတ်ဆွေကတော့ ကျွန်မကို
အားနာလိုက်တာလို့ ပြောပေမယ့်
ဒီအခတ်အခတ်လေး ပြေလည်အောင် ဘယ်လို ကူညီနိုင်မလဲ ဆိုတာကိုတော့
ကျွန်မကိုယ်တိုင်လည်း ကြိုးစားကြည့်ချင်ပါသေးတယ်လေ ။ ဒါနဲ့ပဲ
နောက်နေ့မှာတော့ ကျွန်မ ကျောင်းအုပ်ဆရာမကြီးနဲ့ အဲဒီအခတ်အခဲ
ကိစ္စလေးအကြောင်း သွားဆွေးနွေးဖြစ်ခဲ့ပါတယ် ။ ဆွေးနွေးပြီးလို့ အကူအညီ
တောင်းထားတဲ့ မိတ်ဆွေဆီ ဖုန်းဆက်ပြီး
အကျိုးအကြောင်းလေး
ဖုန်းဆက်ပြောမလို့ လုပ်တုန်းမှာပဲ ဒီအခတ်အခဲအတွက် အလျင်လိုနေတဲ့
သူဆီကဖုန်းက အရင်ဝင်လာခဲ့ပါတယ် ။ကျွန်မလည်း စိတ်မကောင်းခြင်း
များစွာနဲ့ပဲ ဆရာမကြီးနဲ့
ဆွေးနွေးသမျှကို ပြန်ပြောပြပြီး
ကျောင်းပြန်တတ်နိုင်အောင် ပြန်လုပ်ဖို့ ဆရာမကြီးမှာလိုက်တဲ့
လမ်းညွှန်ချက်လေးတွေကို ပေးခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ ဆရာမကြီးနဲ့
ဆွေးနွေးတုန်းက ကျွန်မကို
ပြောပြခဲ့တာလေးကို ပြန်သတိရမိတယ် ။
ဆရာမကြီးနဲ့က သားအမိလိုရင်းနှီးနေတော့ ဒီအခတ်အခဲအတွက်
ကျောင်းပြန်
တတ်နိုင်အောင် တတ်နိုင်သမျှ လမ်းညွှန်ရှာပေမယ့် “ မူလတန်းအစ
မှာတောင်
ကိုယ့်သားသမီးတွေ အတွက် ပညာရေးနဲ့ ပတ်သတ်လို့ ခုလို
သိပ်အားမထုတ်တတ်တဲ့ မိဘတွေ အတွက်တော့
သားသမီးတွေ ကိုယ်စား
ရင်လေးမိပါရဲ့ “ တဲ့ ။ အလားတူဖြစ်ရပ်တွေ အရင်ကလည်း ကျောင်းမှာ
ရှိခဲ့ဖူးပါသေးတယ်
။ မြစ်ဝကျွန်းပေါ်ဘက်က ပြောင်းလာတော့
တပ်မိသားစုတစ်စုမှာ သား၊သမီး ၃ ယောက်ရှိတယ် ။ ဒုတိယတန်း
၊
စတုတ္ထတန်း ၊ ဆဌမတန်းတွေတဲ့ ။ ကျောင်းပြောင်းလက်မှတ်မရတော့
တပ်က ကျောင်းပြောင်းလက်မှတ်ကို
အရင်နေရာကနေ ပြန်ယူဖို့
ငွေထုတ်ပေးပေမယ့် ထုတ်ပေးတဲ့ငွေတွေက မိသားစု စားစရိတ်အတွက်ပဲ
သုံးဖြစ်သွားလို့ နှစ်ကုန်တော့ ကျောင်းက ဘာမှမတတ်နိုင်လို့
ထုတ်လိုက်ရတယ်တဲ့ ။
နောက်နှစ်ပြန်လာတက်တယ် ။ ကျောင်းပြောင်းလက်မှတ်ယူပေးမယ်
ဆိုပြီးတော့ပဲလေ
။ နောက်နှစ်လဲ ဒီအတိုင်းဆိုတော့ ထုတ်ရပြန်ရောတဲ့ ။
ဒီလိုနဲ့ နေလာလိုက်တာ တစ်ရက်မှာ အဲဒီကလေးမိဘတွေ
စခန်းမှူးတစ်ယောက်နဲ့
ပြောမိတော့မှ ကျောင်းတတ်ဖို့
လွန်သွားတဲ့ အကြီးတွေကို
အသက်မွေးဝမ်းကျောင်း တစ်ခုကိုပို့လိုက်ပြီး
၊ အငယ်ဆုံးကလေးကိုတော့
သူငယ်တန်းကနေပြန်တက်ခိုင်းလို့ ကလေးတစ်ယောက်တော့
ကျောင်းပြန်တတ်ခဲ့ရပါတယ်
။ အခုလည်း ကျွန်မကို
အကူအညီတောင်းထားတဲ့ ကလေးတွေအတွက် ကျောင်းပြန်တတ်နိုင်ဖို့
တတ်နိုင်သမျှ
ကြိုးစားရဦးမှာပါပဲ ။ အနာဂတ်ရဲ့ ရင်သွေးရတနာလေးတွေပဲလေ ။
ကျွန်မ မိတ်ဆွေကလည်း ကော့သောင်းကနေ ကျောင်းပြောင်းလက်မှတ်
ပြန်ရဖို့အတွက် အတက်နိုင်ဆုံး ကြိုးစားဆက်သွယ်ကြည့်မယ်တဲ့ ။ ကျွန်မကတော့
ကလေးတွေအတွက် ပညာရေးပိုင်းနဲ့ ပတ်သတ်လို့
ကူညီနိုင်သမျှ အစွမ်းကုန်
ကူညီပေးပါမယ်လို့ အားပေးစကားပြောခဲ့ပါတယ် ။ တကယ်ကို ၀မ်းနည်းမိပါတယ် ။
ဒီလိုမျိုး မိသားစုတွေ
ဘယ်လောက်များ ရှိနေလိမ့်မလဲ ။ ကျွန်မတို့ရော ဒီအတွက်
ဘယ်လိုတွေ ကူညီဖေးမနိုင်ကြမလဲ…………………….?
။ ဘယ်လိုပဲ ဖြစ်ပါစေ
အခုလက်ရှိတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုအခတ်အခဲ တွေ့ကြုံနေရတဲ့
ကလေးငယ်လေးတွေ အတွက်တော့ ကိုယ်စွမ်းသလောက် ကြိုးစားအားထုတ်ရင်း
သူတို့လေးတွေရဲ့ အနာဂတ်ဘဝလေးကို
လှပစေချင်ပါတယ် ။
သူငယ်ချင်းနဲ့ဆွေးနွေးပြီး ပြန်တဲ့ လမ်းတစ်လျှောက်မှာတော့ ဘဝမှာ
ဒီလိုအခတ်အခဲတွေနဲ့
ကြုံနေရတဲ့ ကလေးငယ်တွေ ဘယ်လောက်များ
ရှိနေသေးပါလိမ့်လို့ တွေးတောရင်း သက်ပြင်းရှည်
တစ်ချက်ကိုပဲ
ခတ်လေးလေး မှုတ်ထုတ်မိပါတော့တယ်………
မှတ်ချက် ။ ။ အမတစ်ယောက်၏ ခံစားချက်ပုံရိပ်ကို မောင်နှမ နှစ်ယောက် ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည် ။
ဒီသီချင်းလေးကတော့ ခံစားရတာ နားထောင်ရတာ ကောင်းလို့ တင်ပေးလိုက်ပါတယ်....
We are the World
ဘဝအစစ်တွေက ဘယ်တော့မှ မချိုမြိန်ဘူးဆိုတာ အဲ့လိုဘဝတွေကိုများ ရည်ညွန်းလေးသလားလို့ တွေးမိတယ်...:(((
ReplyDeleteတကယ်ပါဘဲ အဲလိုဘ၀တွေကိုလက်တွေ့မြင်တွေ့ခဲ့ရဖူးတယ် တပ်မိသားစုတွေမှာ အသိပညာကလဲမဖွံြု့ဖိုးငွေကြေးကလဲမပြေလည်ဆိုတော့ ဒုက္ခသုက္ခတွေနဲ့ပတ်လည်ကိုဝိုင်းလို့ စိတ်မကောင်းစရာတွေဘဲး(
ReplyDeleteဖတ်ရတာ..စိတ်မကောင်းဖြစ်သွားပြီ.. :(
ReplyDeleteမြေဇာပင်လေးတွေလို့ ပြောရမလား..စစ်ကြောင့် သဘာဝဘေးအန္တာရယ်တွေကြောင့်ရော.. မြေဇာပင်လေးတွေဖြစ်ပြီး.. နောက်ကျခဲ့ရတဲ့ကလေးတွေ ဘယ်လောက်တောင်များပြားနေခဲ့ပြီလဲ..
ReplyDeleteလုံးဝ မဖြစ်သင့်ဘူးနော်..သူငယ်ချင်း.။ တွေးကြည့်ရင် သူတို့ကိုယ်စားရင်နာမိတယ်.။
ReplyDeleteဒီအကြောင်းလေးတွေကိုဖတ်မိပြီး
ReplyDeleteစိတ်မကောင်းဖြစ်မိပါတယ်