Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 6 November 2011

သိစရာတွေးစရာလေးတွေ(ဆရာတော်ဦးဇောတိက)

ကိုယ့်အမှားကိုယ့်အားနည်းချက်
ကိုယ့်ချို.ယွင်းချက်တွေကိုသိတဲ့သူနဲပါတယ်။



ကိုယ့်ရဲ့အကောင်းဆုံးအရည်အချင်းတွေကို
သိတဲ့သူလည်းနဲပါတယ်။


ဘယ်ကိုဦးတည်ပြီးသွားနေတယ်ဆိုတာက
ဘယ်လောက်မြန်မြန်သွားနေတယ်ဆိုတာထက်
ပိုပြီးအရေးကြီးပါတယ်။


လမ်းမှားနေတဲ့သူဟာ
မြန်မြန်သွားလေလေ
လိုရာပန်းတိုင်နဲ.ဝေးလေလေ။


ဘယ်လောက်အသက်ရှည်ရှည်
နေရမယ်ဆိုတာကပြဿနာမဟုတ်ဘူး။
ဘယ်ပုံဘယ်နည်းနေသွားမယ်ဆိုတာကမှ
ပြဿနာ။

ကိုယ့်ကိုယ်ကိုကိုယ်တကယ်မလေးစားတဲ့သူ၊
ကိုယ့်စိတ်ထား၊ကိုယ့်အရည်အချင်းတွေကို
ပိုပြီးမြင့်မားလာအောင်မကြိုးစားတဲ့သူဟာ
အများကိုထိထိရောက်ရောက်
အကျိုးမပြုနိုင်ဘူး။


စည်းကမ်းနဲ.နေ၊စည်းကမ်းနဲ.ပြောတတ်
လုပ်တတ်တဲ့သူဟာအင်အားကြီးမားတယ်၊
သြဇာရှိတယ်။


ကိုယ်ကလွှမ်းမိုးဖို.မကြိုးစားပဲနဲ.
ကိုယ့်ရဲ့ဦးဆောင်မှုကိုကျေကျေနပ်နပ်လက်ခံနိုင်မှသာ
ထိထိရောက်ရောက်ဦးဆောင်နိုင်တယ်။


ကိုယ့်အကြောင်းကိုကြာရင်၊လူတွေကသိမှာပါပဲ။
လူများစုကိုရေရှည်လှည့်စားထားဖို.မလွယ်ပါဘူး။


လူတွေလေးစားတာကိုခံရဖို.
သေချာတဲ့နည်းတစ်နည်းပဲရှိတယ်။
အဲဒါကတကယ်ရိုးရိုးသားသားနဲ.ကိုယ့်အကျိုးရော
အများအကျိုးကိုပါအတတ်နိုင်ဆုံးလုပ်ဖို.ပဲ။
လေးစားတာကိုတကယ်ခံထိုက်တဲ့သူဖြစ်ဖို.ပဲ။
Personal Integrityရှိဖို.လိုတယ်။

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....