Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 6 November 2011

သိစရာတွေးစရာလေးတွေ(ဆရာတော်ဦးဇောတိက)

ကိုယ့်ကိုယ်ကိုကိုယ်မညာပါနဲ.၊
ဘ၀စာမေးပွဲကိုခိုးဖြေလို.မရပါဘူး။

 

တစ်ခုခုလိုနေတယ်လို.တော့
ခံစားနေရပါတယ်။ဒါပေမဲ့အဲဒါဘာလဲ
ဆိုတာတော့မသိသေးဘူး။


အလုပ်များများလုပ်ဖို.ထက်
အလုပ်ကိုစေတနာမှန်မှန်နဲ.လုပ်ဖို.က
ပိုပြီးအရေးကြီးပါတယ်။


ပညာရှာနေသေးရင်မအိုသေးဘူး။


ရယ်စရာမောစရာလေးတစ်ခု
ပြောပြပြီးကိုယ်ခင်မင်တဲ့သူကိုရယ်အောင်
လုပ်နိုင်တာဟာလည်းတန်ဖိုးရှိတဲ့လက်ဆောင်
ပေးလိုက်သလိုပါပဲ။


သူပြောတာကိုစိတ်ပါလက်ပါအာရုံစိုက်ပြီး
နားထောင်တာဟာသူ.ကိုချစ်ခင်လေးစားတာပါ။


ကိုယ့်မိတ်ဆွေကိုတကယ်ခင်တယ်ဆိုရင်
သူ.မှာမိတ်ဆွေကောင်းတစ်ယောက်တိုးလာအောင်
ကိုယ့်မိတ်ဆွေနောက်တစ်ယောက်နဲ.
မိတ်ဆက်ပေးလိုက်ပါ။


မိတ်ဆွေကောင်းတစ်ယောက်တိုးလာတာဟာ
ကိုယ့်လောကကြီးကျယ်လာတာနဲ.တူတူပဲ။


မိတ်ဆွေကောင်းမရှိတဲ့လူရဲ့လောကဟာ
သိပ်ကျဉ်းမြောင်းသွားတယ်။


အခက်အခဲတွေပြဿနာတွေအားလုံးဟာ
အသိဥာဏ်ကြီးပွားတိုးတက်ဖို.နဲ.
မေတ္တာကြီးမားလာဖို.
အခွင့်အရေးတွေပဲ။

သံပရာပင်စိုက်ပြီးတော့
လိမ္မော်သီးသီးဖို.မျှော်လင့်နေကြလို.
လူတွေရဲ့ဘ၀မှာဒုက္ခတွေပိုများနေတာ။


ကိုယ့်ကိုယ်ကိုမြှင့်ချင်ရင်
သူများကိုလည်းမြှင့်ပေးပါ။
သူများကိုမြှင့်ပေးလေလေ
ကိုယ်လည်းမြင့်သွားလေလေ။


စိတ်ကျေနပ်မှုအစစ်ဆိုတာ
အားလုံးအတွက်အကျိုးရှိတဲ့တန်ဖိုးရှိတဲ့အလုပ်ကို
သစ္စာရှိရှိ၊ရိုးရိုးသားသား၊လုပ်ပြီးမှရနိုင်တယ်။
ကိုယ်ကျိုးသက်သက်ရှိတဲ့အလုပ်မျိုးကို
လုပ်နေရုံနဲ.မရနိုင်ဘူး။


ကောင်းကင်ပျံဖို.စိတ်ထက်သန်နေတဲ့သူဟာ
လေးဘက်သွားခိုင်းတာကိုဘယ်လိုမှကျေကျေနပ်နပ်
လက်ခံနိုင်မှာမဟုတ်ဘူး။

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....