Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 15 July 2012

လေလှိုင်းလေးထဲက အားဆေးတစ်ခွက်...






         
 တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး ဖျားနေတဲ့ နေ့လည်ခင်းလေးတစ်ခုမှာပေါ့ ။

 နိုးတစ်ဝက်အိမ်မက်တွေနဲ့ ခြောက်ခြားနေတဲ့အချိန်မှာပဲ ဖုန်းသံတစ်ခုက 

အိမ်မက်ထဲကို တိုးဝင်လာပါတယ် ။ မျက်လုံးမဖွင့်မိပဲ ဖုန်းလက်ခံ



လိုက်တဲ့အချိန်မှာ “မာမီနေကောင်းလား”တဲ့ ။ ဘယ်လိုခေါ်လိုက်မှန်း

သေချာမကြားတာမို့ ဘယ်သူလဲဆိုတော့ “မာမီလို့ခေါ်တဲ့သူငယ်ချင်း

 ဘယ်နှစ်ယောက်ရှိလို့လဲ” တဲ့ ။ ပရဟိတဆေးခန်းလေးမှာ ခင်ခဲ့တဲ့

မိတ်ဆွေလေးပဲလို့ သတိရလိုက်ပါတယ် ။ ထူးထူးခြားခြားသူနဲ့ စတွေ့တော့ 

စကားများတော့မလိုဖြစ်ခဲ့တာလေး မှတ်မိပါသေးတယ် ။ “ဆေးခန်းကို 

ပုံမှန်လိုက်မလားလို့ မေးမိတုန်းက သူက မအားဘူးတဲ့ ။ အားမှပြောတာပါဆိုတော့ 

အမက ဒီဆေးခန်းရဲ့ ဘာလဲတဲ့ ။ ဘာမှမဟုတ်ပါဘူး ။ အမလည်း 

မန်ဘာတစ်ယောက်ပါပဲ ဆိုတော့……အမက သံယောဇဉ် 

အရမ်းကြီးနေလို့ပါတဲ့ ။” ထူးခြားတာက မအားဘူးလို့

 ပြောခဲ့တဲ့သူတစ်ယောက်က နောက်ပိုင်းမှာ ဆေးခန်းကို ပုံမှန်

 ရောက်ဖြစ်ပြီး ဝိုင်းကူနေခဲ့ပေမယ့် ကိုယ်ကတော့ ကိုယ်ရေးကိုယ်တာ

 ပြသနာတွေကြားမှာ နစ်မွန်းနေခဲ့ရပြီး ဆေးခန်းလေးနဲ့လည်း 

အဆက်အသွယ် ပြတ်နေခဲ့ရပါတယ်။ ကိုယ်တိုင် ဆေးခန်းလေးကို

 ပြန်လိုက်နိုင်တဲ့ ရက်ကြမှပဲ သူနဲ့နှုတ်ဆက် စကားပြောဖြစ်ရင်း 

“အမတို့က စက်မှုဇုံနားမှာနေတာလေ” ဆိုတော့ “အမမှ မဖိတ်ဘူးတာတဲ့“ 

တဲ့ ။ ဒီလိုနဲ့ပဲ ရန်ဖြစ်မလို ဖြစ်ခဲ့ရတဲ့သူနှစ်ယောက် နောက်ပိုင်းမှာ 

ရင်းနှီးတဲ့ ပရဟိတမိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ် ။

 ရှုပ်ယှက်ခတ်နေတဲ့ အလုပ်ကိစ္စတွေကြား ၊ မိသားစုပြသနာတွေ

ကြားမှာ ကိုယ်က ဆေးခန်းလေးနဲ့ ဝေးသွားပြန်ပါတယ် ။ တစ်ရက်တော့

 သူပြန်တော့မယ်တဲ့။ လာနှုတ်ဆက်ပါတယ်။ သူ့ကို ရယ်ရယ်မောမောနဲ့ပဲ

 နှုတ်ဆက် ဧည့်ခံခဲ့ပါတယ်။ သူက “အမစိတ်ပင်ပန်းနေတဲ့ အကြောင်းတွေ

 ကြားပါတယ်တဲ့ ။ အမ ပြောမပြရင်လည်း ကျွန်တော်နားမထောင်တော့ပါဘူး”

 လို့ စိတ်မကောင်းစွာ ပြောလာတာ့ ကိုယ်ကလည်း ပြန်မစဉ်းစားချင်လို့ “

ပြောပြလို့လဲ ဒဏ်ရာအသစ်ဖြစ်မယ့် ကိစ္စတွေ အမ မပြောချင်တော့ပါဘူးကွယ်” 

လို့ပဲ နှုတ်ဆိတ်နေခဲ့လိုက်ပါတယ် ။ ဒီလိုနဲ့ သူလည်း သူတာဝန်ကျတဲ့

ဆီကို ပြန်သွားခဲ့ပါတယ်။ အလုပ်ရဲ့ အဆင်မပြေမှု ၊ ဖိစီးမှုတွေကြားမှာ

 လူတွေကို စိတ်လည်းပျက် ကိုယ်တိုင်လည်း အားငယ်လာခဲ့ပါတယ် ။

 ကိုယ်ဘာသာပြန်သုံးသပ်မိပါတယ် ။ ကိုယ်တော့ စိတ်ဖိစီးမှုဒဏ်ကို

 မတွန်းလှန်နိုင်တဲ့ အခြေအနေရောက်နေခဲ့ပြီလို့ ။ အဓိက ပြသနာက

 လူတွေကို ကိုယ်မယုံချင်တော့တာပါပဲ။ ဒီလိုနဲ့ပဲ စိတ်ဖီးစီးမှုတွေ ၊

 မွမ်းကြပ်မှုတွေနဲ့ အတူ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပါတယ် ။

  တစ်နေ့တော့ သူ့ဆီက ဖုန်းဝင်လာခဲ့ပါတယ် ။ သူ့ကို ဘာလို့ဖုန်းဆက်တာလဲ

 မေးတော့ “ကျွန်တော် စတွေ့ခဲ့တဲ့ သူငယ်ချင်းလေးက သိပ်ကို 

ဖျတ်လတ်တက်ကြွတဲ့ အမြဲပြုံးနေတတ်တဲ့သူလေ။ ကျွန်တော် ပြန်မယ်လို့ 

လာနှုတ်ဆက်ချိန်မှာ တကယ့်ကို မမြင်ရက်စရာ စိတ်ဓါတ်ကျနေတဲ့သူ

တစ်ယောက်ဖြစ်နေခဲ့တာ စိတ်မကောင်းလို့တဲ့ ။ အမ သိလားတဲ့ ။ 

ဒီအချိန်မှာ အမရဲ့ ခွန်အားတွေ ဆုံးရှုံးနေခြင်းက အမကိုလည်း နစ်နာစေတယ် ။ 

အမလုပ်နေတဲ့ ပရဟိတအလုပ်၊ အမ ကူညီနေတဲ့သူတွေကိုလည်း

 နစ်နာစေတယ်တဲ့ ။ အမဘာလို့ ခွန်အားတွေကို အလဟသ ဖြစ်စေနေခဲ့တာလဲ

 ဆိုတာ ကျွန်တော်သဘောမပေါက်ဘူး ။ အမကို အရင်လို ပြန်ဖြစ်စေချင်တယ် ။

 အမဘေးနားမှာ ကျွန်တော်တို့ ပရဟိတမောင်နှမတွေ ရှိနေတယ်လေတဲ့ ။”

 သူနဲ့ တစ်နာရီလောက်ဖုန်းပြောရင်း ကိုယ်လဲ ငိုမိပါတယ် ။ ကိုယ့်ဘေးမှာ ကိုယ့်ကို 

နားလည်ပေးတဲ့သူတွေ။ ကိုယ့်ကို လိုအပ်နေတဲ့သူတွေရှိနေတယ်ဆိုတာ

 ကိုယ်ဘာလို့မေ့နေခဲ့ပါလိမ့် ။ ကျေးဇူးပါသူငယ်ချင်းရယ် ။ သူငယ်ချင်းရဲ့ 

တစ်နာရီစာလောက်ပေးခဲ့တဲ့ Phone Call တစ်ခုက ကိုယ့်ဝေဒနာတွေကို

 သက်သာစေတယ် ။ ကိုယ့်ရဲ့ စိတ်နာကျင်မှုတွေကို လျော့ပါးစေခဲ့ပြီး

 စိတ်ခွန်အားလေးတွေ ပြန်လည်ရရှိခဲ့ပါတယ် ။ ကိုယ်စိတ်မွမ်းကြပ်နေခဲ့တဲ့

 အချိန်တွေမှာ အဆင်မပြေမှုတွေ ၊ စိတ်ဖိစီးမှုတွေကိုပဲ အာရုံစိုက်နေခဲ့ပြီး

 ကိုယ်ချစ်တဲ့သူတွေကို ဘာလို့မေ့နေခဲ့ပါလိမ့် ။ အထူးသဖြင့် ကိုယ့်ကိုချစ်တဲ့

သူငယ်ချင်းတွေကို ကိုယ်ဘာလို့ လျစ်လျူရှုခဲ့မိပါလိမ့် ။ အစစအရာရာအတွက် 

သူငယ်ချင်းအားလုံးကို ကိုယ်တောင်းပန်ပါတယ် ။ ကိုယ် မင်းတို့ရဲ့

 ကမ္ဘာလေးထဲမှာပဲ နေပါ့မယ် ။ “စိတ်မွမ်းကြပ်မှုတွေ ပြည့်နှတ်နေတဲ့ 

ကမ္ဘာငယ်ကနေ သူငယ်ချင်းတွေ ပေးတဲ့ စိတ်ခွန်းအားလေးတွေနဲ့အတူ 

အမြန်ဆုံး လွတ်မြောက်အောင် ကိုယ်ကြိုးစားပါ့မယ်” လို့ အားလုံးကို 

ကတိပေးပါတယ်ကွယ်…..


Photo: remember !!! :-)


မှတ်ချက် ။     ။ အမတစ်ယောက်၏ ခံစားချက်ပုံရိပ်လေးကို မောင်နှမ နှစ်ယောက် ခံစားရေးဖွဲ့ထားခြင်း သက်သက်သာ ဖြစ်ပါသည် ။ 

14 comments:

  1. မောင်လေး ပျော်ရွှင်ခြင်းများစွာနဲ့
    အကျိုးပြုလုပ်ငန်းတွေကိုအောင်မြင်အောင်
    ဆောင်ရွက်နိုင်ပါစေနော်...
    အမ တော့ စိတ် လန်းဆန်းနေတယ်...

    ReplyDelete
  2. အားပေးခံစားသွားပါတယ်.. အရေးအသားတွေကောင်းတယ်နော်

    ReplyDelete
  3. Seinlanmyay Thuzar15 July 2012 at 11:05

    We have two hands. "Right"

    ReplyDelete
  4. ဖတ်လို့ကောင်းတယ် နေမင်းရေ ... ဟုတ်တယ် လူတွေ က စိတ်ဖိစီးမှုများလာတဲ့အခါ ကိုယ့်ကိုချစ်တဲ့သူတွေကို မေ့သွားမလိုဖြစ်တတ်ကြတယ်။

    ReplyDelete
  5. အမတစ်ယောက်အတွက်ရေးတဲ့ခံစားချက်လေးကိုစိတ်နဲ့
    ပုံဖော်ကြည့်နေမိတယ်နေမင်းရေ

    ReplyDelete
  6. I feel full feelings in your writing- truth,Honest, kindness,sympathy...

    ReplyDelete
  7. အလုပ်လုပ်တဲ့ နေရာမှာ အမြဲ အတိုက်အခံဆိုတာ ရှိနေတက်ပါတယ်... ကိုယ့်ခံယူချက်နဲ့ ခိုင်ခိုင်မာမာ အများအကျိုး ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ...
    အငှားခံစားရေးဖွဲ့မှုလေးကို အားပေးလျှက်ပါလို့..

    ReplyDelete
  8. လာရောက်ဖတ်ခဲ့ပါတယ် နေမင်းရေ ...

    ReplyDelete
  9. အားပေးသွားတယ် မောင်ငယ်။


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  10. လာခဲ့ပါတယ်ကိုနေမင်းရေ....၊
    ဒီလိုတွေလည်းရတာပဲလား....
    ဖတ်လို့ကောင်းတယ်ခင်ဗျ...

    ReplyDelete
  11. အရေးအသားကောင်းတယ်ဗျ

    အားပေးနေပါတယ်

    ReplyDelete
  12. “စိတ်မွမ်းကြပ်မှုတွေ ပြည့်နှတ်နေတဲ့

    ကမ္ဘာငယ်ကနေ သူငယ်ချင်းတွေ ပေးတဲ့ စိတ်ခွန်းအားလေးတွေနဲ့အတူ

    အမြန်ဆုံး လွတ်မြောက်အောင် ကိုယ်ကြိုးစားပါ့မယ်” လို့ အားလုံးကို

    ကတိပေးပါတယ်ကွယ်….. တဲ့လား.. ကောင်းလိုက်တာ..

    ReplyDelete
  13. အားပေးသွားပါတယ် အရေးအသားတွေ အရမ်းကောင်းတယ်

    ReplyDelete
  14. ကိုယ့်အပေါ်တကယ်ကောင်းတဲ့ သူငယ်ချင်းဆိုတာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး

    ReplyDelete

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....