Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Monday 30 July 2012

အနာဂတ်ရင်သွေးငယ်လေးတွေရဲ့ ဘဝတွေလှပဖို့အတွက်......


         

 တစ်နေ့မှာ မိတ်ဆွေတစ်ယောက်က အကူအညီတစ်ခုတောင်းပါတယ် ။ “

 ကျွန်တော့်တပ်က ဆရာကြီးတစ်ယောက်ရဲ့ သားနှစ်ယောက်က

 ကျောင်းထွက်ထားရတာ (၂)နှစ်ရှိပြီ ။ ပြန်တက်ခွင့်ရဖို့ အမ အကြံဥာဏ်လေး

 ပေးပါဦးတဲ့ ။” ဘာကြောင့်လဲမေးတော့ “တပ်က ကော့သောင်းကနေ 


မိတ္ထီလာပြောင်းတော့ ကျောင်းပြောင်းလက်မှတ်ကို ကော့သောင်းက

 ပို့ပေးမယ်ဆိုပြီးရောက်မလာလို့တဲ့ ။ ပထမတော့ ကျောင်းက လက်ခံထား

သေးပေမယ့် သတ်မှတ်ချိန်ကျော်တော့ ဆက်တက်ခွင့်ပေးလို့ မရတော့ဘူးလေ ။

 ဟုတ်တော့ဟုတ်ပါတယ် ။ ကျောင်းမှာလည်း ကျောင်းစည်းကမ်းက 

ရှိနေတာပဲဆိုတော့ ။ “ မိဘတွေကရော ကျောင်းပြောင်းလက်မှတ်ရဖို့

 မကြိုးစားကြတော့ဘူးလားလို့ မေးတော့

 “ကော့သောင်းနဲ့က ခရီးစရိတ်ကလဲရှိတယ် ။ သွားရင်လဲ ရ ၊ မရကမသေချာတော့ 

မကြိုးစားကြတော့ဘူးတဲ့လေ ။ “ ဒါနဲ့ ကျွန်မလည်း ကျောင်းအုပ်ဆရာမကြီးကို

 မနက်ဖြန်ပဲ သွားမေးပေးပါ့မယ်လို့ အားပေးစကား ပြောလိုက်ပါတယ် ။ 

“ မိတ်ဆွေကတော့ ကျွန်မကို အားနာလိုက်တာလို့ ပြောပေမယ့်

 ဒီအခတ်အခတ်လေး ပြေလည်အောင် ဘယ်လို ကူညီနိုင်မလဲ ဆိုတာကိုတော့

 ကျွန်မကိုယ်တိုင်လည်း ကြိုးစားကြည့်ချင်ပါသေးတယ်လေ ။ ဒါနဲ့ပဲ

 နောက်နေ့မှာတော့ ကျွန်မ   ကျောင်းအုပ်ဆရာမကြီးနဲ့ အဲဒီအခတ်အခဲ

ကိစ္စလေးအကြောင်း သွားဆွေးနွေးဖြစ်ခဲ့ပါတယ် ။ ဆွေးနွေးပြီးလို့ အကူအညီ

တောင်းထားတဲ့ မိတ်ဆွေဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်းလေး 

ဖုန်းဆက်ပြောမလို့ လုပ်တုန်းမှာပဲ ဒီအခတ်အခဲအတွက် အလျင်လိုနေတဲ့ 

သူဆီကဖုန်းက အရင်ဝင်လာခဲ့ပါတယ် ။ကျွန်မလည်း စိတ်မကောင်းခြင်း 

များစွာနဲ့ပဲ ဆရာမကြီးနဲ့ ဆွေးနွေးသမျှကို ပြန်ပြောပြပြီး 

ကျောင်းပြန်တတ်နိုင်အောင် ပြန်လုပ်ဖို့ ဆရာမကြီးမှာလိုက်တဲ့ 

လမ်းညွှန်ချက်လေးတွေကို ပေးခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ ဆရာမကြီးနဲ့

 ဆွေးနွေးတုန်းက ကျွန်မကို ပြောပြခဲ့တာလေးကို ပြန်သတိရမိတယ် ။ 

ဆရာမကြီးနဲ့က သားအမိလိုရင်းနှီးနေတော့ ဒီအခတ်အခဲအတွက် ကျောင်းပြန်

တတ်နိုင်အောင် တတ်နိုင်သမျှ လမ်းညွှန်ရှာပေမယ့် “  မူလတန်းအစ

မှာတောင် ကိုယ့်သားသမီးတွေ အတွက် ပညာရေးနဲ့ ပတ်သတ်လို့ ခုလို

 သိပ်အားမထုတ်တတ်တဲ့ မိဘတွေ အတွက်တော့ သားသမီးတွေ ကိုယ်စား  

ရင်လေးမိပါရဲ့ “ တဲ့ ။ အလားတူဖြစ်ရပ်တွေ အရင်ကလည်း ကျောင်းမှာ

 ရှိခဲ့ဖူးပါသေးတယ် ။ မြစ်ဝကျွန်းပေါ်ဘက်က ပြောင်းလာတော့

 တပ်မိသားစုတစ်စုမှာ သား၊သမီး ၃ ယောက်ရှိတယ် ။ ဒုတိယတန်း ၊

 စတုတ္ထတန်း ၊ ဆဌမတန်းတွေတဲ့ ။ ကျောင်းပြောင်းလက်မှတ်မရတော့ 

တပ်က ကျောင်းပြောင်းလက်မှတ်ကို အရင်နေရာကနေ ပြန်ယူဖို့

 ငွေထုတ်ပေးပေမယ့် ထုတ်ပေးတဲ့ငွေတွေက မိသားစု စားစရိတ်အတွက်ပဲ

 သုံးဖြစ်သွားလို့  နှစ်ကုန်တော့ ကျောင်းက ဘာမှမတတ်နိုင်လို့ ထုတ်လိုက်ရတယ်တဲ့ ။ 

နောက်နှစ်ပြန်လာတက်တယ် ။ ကျောင်းပြောင်းလက်မှတ်ယူပေးမယ်

ဆိုပြီးတော့ပဲလေ ။ နောက်နှစ်လဲ ဒီအတိုင်းဆိုတော့ ထုတ်ရပြန်ရောတဲ့ ။

 ဒီလိုနဲ့ နေလာလိုက်တာ တစ်ရက်မှာ အဲဒီကလေးမိဘတွေ စခန်းမှူးတစ်ယောက်နဲ့

 ပြောမိတော့မှ  ကျောင်းတတ်ဖို့ လွန်သွားတဲ့  အကြီးတွေကို 

အသက်မွေးဝမ်းကျောင်း တစ်ခုကိုပို့လိုက်ပြီး ၊ အငယ်ဆုံးကလေးကိုတော့ 

သူငယ်တန်းကနေပြန်တက်ခိုင်းလို့ ကလေးတစ်ယောက်တော့

 ကျောင်းပြန်တတ်ခဲ့ရပါတယ် ။ အခုလည်း ကျွန်မကို

 အကူအညီတောင်းထားတဲ့ ကလေးတွေအတွက် ကျောင်းပြန်တတ်နိုင်ဖို့ 

တတ်နိုင်သမျှ ကြိုးစားရဦးမှာပါပဲ ။ အနာဂတ်ရဲ့ ရင်သွေးရတနာလေးတွေပဲလေ ။

          ကျွန်မ မိတ်ဆွေကလည်း ကော့သောင်းကနေ ကျောင်းပြောင်းလက်မှတ်

 ပြန်ရဖို့အတွက် အတက်နိုင်ဆုံး ကြိုးစားဆက်သွယ်ကြည့်မယ်တဲ့ ။  ကျွန်မကတော့ 

ကလေးတွေအတွက် ပညာရေးပိုင်းနဲ့ ပတ်သတ်လို့ ကူညီနိုင်သမျှ အစွမ်းကုန် 

ကူညီပေးပါမယ်လို့ အားပေးစကားပြောခဲ့ပါတယ် ။ တကယ်ကို ၀မ်းနည်းမိပါတယ် ။

 ဒီလိုမျိုး မိသားစုတွေ ဘယ်လောက်များ ရှိနေလိမ့်မလဲ ။ ကျွန်မတို့ရော ဒီအတွက်

ဘယ်လိုတွေ ကူညီဖေးမနိုင်ကြမလဲ…………………….? ။ ဘယ်လိုပဲ ဖြစ်ပါစေ 

အခုလက်ရှိတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုအခတ်အခဲ တွေ့ကြုံနေရတဲ့ 

ကလေးငယ်လေးတွေ အတွက်တော့ ကိုယ်စွမ်းသလောက် ကြိုးစားအားထုတ်ရင်း 

သူတို့လေးတွေရဲ့ အနာဂတ်ဘဝလေးကို လှပစေချင်ပါတယ် ။ 

သူငယ်ချင်းနဲ့ဆွေးနွေးပြီး ပြန်တဲ့ လမ်းတစ်လျှောက်မှာတော့ ဘဝမှာ

 ဒီလိုအခတ်အခဲတွေနဲ့ ကြုံနေရတဲ့ ကလေးငယ်တွေ ဘယ်လောက်များ

 ရှိနေသေးပါလိမ့်လို့ တွေးတောရင်း သက်ပြင်းရှည် တစ်ချက်ကိုပဲ 

ခတ်လေးလေး မှုတ်ထုတ်မိပါတော့တယ်……… 

မှတ်ချက် ။    ။ အမတစ်ယောက်၏ ခံစားချက်ပုံရိပ်ကို မောင်နှမ နှစ်ယောက် ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည် ။ 



We are the World 

ဒီသီချင်းလေးကတော့ ခံစားရတာ နားထောင်ရတာ ကောင်းလို့ တင်ပေးလိုက်ပါတယ်....

6 comments:

  1. ဘဝအစစ်တွေက ဘယ်တော့မှ မချိုမြိန်ဘူးဆိုတာ အဲ့လိုဘဝတွေကိုများ ရည်ညွန်းလေးသလားလို့ တွေးမိတယ်...:(((

    ReplyDelete
  2. တကယ်ပါဘဲ အဲလိုဘ၀တွေကိုလက်တွေ့မြင်တွေ့ခဲ့ရဖူးတယ် တပ်မိသားစုတွေမှာ အသိပညာကလဲမဖွံြု့ဖိုးငွေကြေးကလဲမပြေလည်ဆိုတော့ ဒုက္ခသုက္ခတွေနဲ့ပတ်လည်ကိုဝိုင်းလို့ စိတ်မကောင်းစရာတွေဘဲး(

    ReplyDelete
  3. ဖတ်ရတာ..စိတ်မကောင်းဖြစ်သွားပြီ.. :(

    ReplyDelete
  4. မြေဇာပင်လေးတွေလို့ ပြောရမလား..စစ်ကြောင့် သဘာဝဘေးအန္တာရယ်တွေကြောင့်ရော.. မြေဇာပင်လေးတွေဖြစ်ပြီး.. နောက်ကျခဲ့ရတဲ့ကလေးတွေ ဘယ်လောက်တောင်များပြားနေခဲ့ပြီလဲ..

    ReplyDelete
  5. လုံးဝ မဖြစ်သင့်ဘူးနော်..သူငယ်ချင်း.။ တွေးကြည့်ရင် သူတို့ကိုယ်စားရင်နာမိတယ်.။

    ReplyDelete
  6. မြတ်နိုးသူ(MUFL)6 August 2012 at 15:29

    ဒီအကြောင်းလေးတွေကိုဖတ်မိပြီး
    စိတ်မကောင်းဖြစ်မိပါတယ်

    ReplyDelete

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....