Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 19 February 2012

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံရေး သမားများ...


10. H. Vasanthakumar

10. H. Vasanthakumar Top 10 Richest Politicians in 2012


အိန္ဒိယနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပြီး ၂၀၀၆ ခုနှစ်မှာ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့သူပါ ။ အိမ်ဆောက်လုပ်ရေး တန်ဆာပလာ ပစ္စည်းများ ရောင်းချတဲ့ Vasath & Co (company)  ပိုင်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံ Tamil Nadu မှတည်ရှိပါတယ် ။ ပိုင်ဆိုင်မှုကတော့ $2 billion ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံရေးသမားတွေထဲမှာ ပါဝင်လာခဲ့ပါတယ် ။





9. Donald Trump

9. Donald Trump Top 10 Richest Politicians in 2012


၂၀၀၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်လာခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ သမ္မတ George Bush ကို ဝေဖန်အပြစ်တင် ရှုတ်ချခဲ့ပြီး ပါတီ တော်တော်များများရဲ့ ထောက်ပံ့ပေးသူနဲ့ ထိန်းချုပ်သူ တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ ၂၀၁၂ သမ္မတ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်နေပြီး ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ။ ပိုင်ဆိုင်မှု အနေနဲ့ $2.7 billion ပိုင်ဆိုင်ထားပြီး တော်တော်များများက အမွေဆက်ခံ ရရှိခဲ့တာ ဖြစ်ပါတယ် ။


8. Najib Mikati

8. Najib Mikati Top 10 Richest Politicians in 2012


သူကတော့ Lebanon နိုင်ငံရေးသမား ဘီလီယံနာ တစ်ယောက်ဖြစ်ပြီး ဝန်ကြီးချုက်တာဝန် ထမ်းဆောင်နေပါတယ် ။ ပိုင်ဆိုင်မှု အနေနဲ့ $2.8 billion ရှိပြီး သူရဲ့ နိုင်ငံရေး ရာထူး နဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေနေ ရရှိခဲ့တာပါ ။


7. Cayetana Fitz – James Stuart

7. Cayetana Fitz James Stuart Top 10 Richest Politicians in 2012


သူမကတော့ စပိန်နိုင်ငံရဲ့ မြို့စားဘွဲ့ ရရှိထားပြီး သူမရဲ့ အဘွားက မင်းသမီး Victoria Eugenia ဖြစ်ပါတယ် ။ သူမရဲ့ ပိုင်ဆိုင်မှုကတော့ $4.9 billion ရှိပြီး တော်ဝင်မျိုးရိုးဖြစ်တဲ့ အတွက် အမွေဆက်ခံ ရရှိခဲ့တာပါ ။


6. Khalifa Bin Zayed Al Nahyan

6. Khalifa Bin Zayed Al Nahyan Top 10 Richest Politicians in 2012


သူကိုတော့ Sheikh Khalifa လို့လည်း သိနိုင်ပြီး United Arab Emirates ရဲ့ သမ္မတလည်း ဖြစ်ပါတယ် ။ သူရဲ့ ဖခင်နေရာကို ဆက်ခံလာခဲ့သူ တစ်ယောက်ဖြစ်ပြီး ပိုင်ဆိုင်မှုကတော့ $15 billion ဖြစ်ပါတယ် ။ သူရဲ့ ပိုင်ဆိုင်မှုတွေက ရေနံလုပ်ငန်းတွေ ၊ အမွေတွေကနေ ရရှိခဲ့တာပါ ။


5. King Abdullah Bin Abdulaziz Al Saud

5. King Abdullah Bin Abdulaziz Al Saud Top 10 Richest Politicians in 2012


သူကတော့ သူရဲ့ ညီအကိုဝမ်းကွဲ ကို ၂၀၀၅ခုနှစ်မှာ အနိုင်ရရှိခဲ့ပြီး Saudi Arabia ရဲ့ ဘုရင်ဖြစ်လာခဲ့တာပါ ။ လွန်ခဲ့တဲ့ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ global recession မှာ ရေနံ ထုတ်လုပ်မှုကို မြှင့်တင် ခဲ့ပြီး ဒီအစီအစဉ်ကနေ အောင်မြင်မှု ရရှိခဲ့တဲ့ အတွက် လူသိများခဲ့ပါတယ် ။ ကိုယ်ပိုင် ပိုင်ဆိုင်မှု အနေနဲ့ကတော့ $18 billion ရှိပြီး တဖြည်းဖြည်း တိုးပွားလာခဲ့ပါတယ် ။


4. Michael Bloomberg

4. Michael Bloomberg Top 10 Richest Politicians in 2012


သူကတော့ အမေရိကန် နိုင်ငံရေးလောက မှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပြီး ပိုင်ဆိုင်မှု အနေနဲ့ $19.5 billion ရှိပါတယ် ။ အမေရိကန် အချမ်းသာဆုံး စာရင်းထဲမှာ အဆင့် ၁၂ ရှိပြီး နယူးယောက် မြို့တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်နေပြီး Bloomberg L.P (company) ရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ် ။


3. Sultan Hassanal Bolkiah 



3. Sultan Hassanal Bolkiah Top 10 Richest Politicians in 2012


နံပါတ် ၃ နေရာမှာ ရပ်တည်နေတာကတော့   Sultan of Brunei ရဲ့ ၂၉ ဆက်မြောက် ပုဂ္ဂိုလ်ဖြစ်ပါတယ် ။ နိုင်ငံကို ၄၄ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး သူရဲ့ပိုင်ဆိုင်မှုတွေက သဘာဝ ဓါတ်ငွေ့ စက်ရုံ လုပ်ငန်း နဲ့ ရေနံ လုပ်ငန်းတွေကနေ ရရှိခဲ့တာပါ ။ ပိုင်ဆိုင်မှုကတော့ $10 billion ရှိပါတယ် ။


2. King Bhumibol Adulyadej

2. King Bhumibol Adulyadej Top 10 Richest Politicians in 2012


ပိုင်ဆိုင်မှု $20 billion နဲ့ အတူ ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ ထိုင်းနိုင်ငံရဲ့ ဘုရင်ပဲ ဖြစ်ပါတယ် ။ သူကို ကမ္ဘာ အချမ်းသာဆုံး ဘုရင် အဖြစ်သတ်မှတ်နိုင်ပြီး ၆၇ နှစ်ကြာ နန်းစံခဲ့ပါတယ် ။ စတင် ဖြစ်လာခဲ့တာကတော့ ၁၉၄၆ ခုနှစ် ဇွန် ၉ ရက်နေ့ ဖြစ်ပါတယ် ။


1. Vladimir Putin

1. Vladimir Putin Top 10 Richest Politicians in 2012


ရုရှားဝန်ကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဗလာဒီမာပူတင်ကတော့ နံပါတ် တစ် နေရာမှာ ရပ်တည် နေပါတယ် ။ ပိုင်ဆိုင်မှု အနေနဲ့ $40 billion ရှိပြီး အမျိုးမျိုးသော ရင်းနှီး မြှပ်နှံမှုတွေနဲ့ သူရဲ့ နိုင်ငံရေး ရာထူးတွေနေ ရရှိခဲ့တာ ဖြစ်ပါတယ် ။

credit : http://www.tiptoptens.com/
 စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....