Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Wednesday 25 January 2012

၂၀၁၂ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ...


 

Poverty Top 10 Poorest Countries in The World   2012




10. Sierra Leone:

125px Flag of Sierra Leone.svg  Top 10 Poorest Countries in The World   2012


Sierra Leone နိုင်ငံကတော့ ကမ္ဘာပေါ်မှာ ကျောက်မျက်ရတနာ အများဆုံးထွက်ရှိတဲ့နိုင်ငံတွေမှာ ပါဝင်ပေမယ့်လည်း လူဦးရေ  81.5% လောက်က ဆင်းရဲနွမ်းပါစွာ ရပ်တည်နေကြရပါတယ် ။


09. Niger:

125px Flag of Niger.svg  Top 10 Poorest Countries in The World   2012



ဆာဟာရ သဲကန္တာရနိုင်ငံတွေထဲမှာ အဖွံ့ဖြိုးဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် ပညာရေးအသိအမြင် နည်းပါးမှု ၊
 ကန္တာရမြေပြင်ပေါ်မှာ နေထိုင်နေရပြီး ကျန်းမာရေး အသိအမြင် နည်းပါးမှုတွေ အပြင် အခြား ချို့တဲ့မှုတွေ အများအပြား ရှိတဲ့ အတွက် ဒီစာရင်းထဲမှာ ပါဝင်လာခဲ့တာပါ ။


08: Eritrea:

125px Flag of Eritrea.svg  Top 10 Poorest Countries in The World   2012

အာဖရိကရဲ့ ဦးချို လို့တင်စားထားတဲ့ ‘the horn of Africa’  နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် လူဦးရေ 80% ရာခိုင်နှုန်းလောက်က လယ်ယာလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရပါတယ် ။ လူဦးရေ 50% လောက်က ဆင်းရဲနွမ်းပါးစွာနေထိုင်နေကြရပြီး ငွေဖောင်းပွမှုတွေလည်း ရှိနေပါတယ် ။ $463.4 million ကနေ $920.1 million(2009 approx.) အထိ ဘဏ္ဍာရေး မြှင့်တက်လာခဲ့ပေမယ့် အလုပ်မဲ့ဦးရေ များပြားခြင်း ၊ စာမတက်သူများပြားခြင်း တို့ကြောင့် ဒီစာရင်းထဲမှာ ပါဝင်လာခဲ့တာပါ ။


7: Central African Republic

125px Flag of the Central African Republic.svg  Top 10 Poorest Countries in The World   2012

 Central African Republic နိုင်ငံကတော့ အာဖရိက ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး စိန်နဲ့ အခြားတွင်းထွက်ပစ္စည်းတွေကို export လုပ်ပြီး ဝင်ငွေရယူလျက်ရှိပါတယ် ။


6: Somalia:

 
125px Flag of Somalia.svg 2 Top 10 Poorest Countries in The World   2012


ဒီနိုင်ငံကတော့ ကမ္ဘာ့ အန္တရာယ် အများဆုံးနိုင်ငံတွေထဲမှာလည်း ပါဝင်ခဲ့ပြီး စစ်ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကြောင့်လည်း အစိုးရက စီးပွားရေး ကိစ္စရပ်တွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ပါဘူး ။ 


5.Guinea Bissau:
 
125px Flag of Guinea Bissau.svg  Top 10 Poorest Countries in The World   2012

 ပြည်တွင်း GDP အနေနဲ့  $600 ခန့်သာရှိပြီး လူဦးရေ  1,600,000 လောက်ရှိပါတယ် ။ လူဦးရေ 65% လောက်က ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပြီး စီးပွားရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ် ။


 04: Liberia

125px Flag of Liberia.svg  Top 10 Poorest Countries in The World   2012

အရမ်းကို ဆင်းရဲလွန်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်တွင်း GDP အနေနဲ့  $500 ပဲ ရှိပါတယ် ။ ပြည်တွင်းစစ်ဖြစ်ပွားမှုတွေကို ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး   ပြန်လည်တည်ဆောက် လာခဲ့တာပါ ။

03: Burundi

125px Flag of Burundi.svg  Top 10 Poorest Countries in The World   2012


ပြည်တွင်း GDP အနေနဲ့ $400 ခန့်သာရှိပြီး ပြည်တွင်းစစ်တွေဖြစ်ပွားနေတဲ့ အတွက် ဒီလိုနည်းနေတာပါ ။ 
 ပညာရေးအသိအမြင် နည်းပါးမှု ၊ HIV/AIDS ဆိုးကျိုးတွေ ခံစားနေရပြီး လူဦးရေ 80% လောက်က ဆင်းရဲနွမ်းပါးစွာ နေထိုင်နေရတာပါ ။


02: Chad

125px Flag of Chad.svg  Top 10 Poorest Countries in The World   2012



အာဖရိက ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး  နိုင်ငံရေးမတည်ငြိမ်မှုတွေက ဒီလိုဖြစ်နေရတာတွေရဲ့ အဓိကအကြောင်းရင်းပါ ။ကမ္ဘာ့ ငြိမ်းချမ်းရေးလိုလားတဲ့ အဖွဲ့တွေကလည်း  ဒီနိုင်ငံကို ငြိမ်းချမ်းရေး ဆုံးရှုံးနေတဲ့ နိုင်ငံ အဖြစ်သတ်မှတ်ထားပါတယ် ။

01: Zimbabwe

125px Flag of Zimbabwe.svg  Top 10 Poorest Countries in The World   2012


အာဖရိကတောင်ဖက်ပိုင်းမှာ တည်ရှိပြီး ပြည်တွင်း GDP $200 ခန့်သာ ရှိတဲ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငဲ အဖြစ် သတ်မှတ်ထားပါတယ် ။ သဘာဝကပေးတဲ့ ရွှေ ၊ copper အစရှိတဲ့ တွင်းထွက်ပစ္စည်းတွေ ထွက်ရှိပေမယ့် အလုပ်လက်မဲ့ များပြားခြင်း ၊ စီးပွားရေးအခတ်အခဲများစွာရှိခြင်းတို့ကြောင့် ဒီလိုအခြေအနေဖြစ်နေရတာပါ ။

credit : http://www.tiptoptens.com/

စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....