Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Friday 27 January 2012

စိတ်အာဟာရလေးများ...



မွေးနေ့တနေ့သည် နေကို တစ်ပါတ် ပတ်သည့် ခရီးစဉ် ၃၆၅ ရက်၏ ပထမဆုံးနေ့ တစ်နေ့ဖြစ်သည်။ ခရီးစဉ်လေးမှာ သင့်အား ပျော်ရွှင်ပါစေ ။
A birthday is just the first day of another 365-day journey around the sun. Enjoy the trip.
  1. သင်၏ မွေးနေ့ဆိုသည်မှာ လောကကြီးအတွက် သင် ပေးလိုက်သည့် အချိန်လက်ဆောင် ပင်ဖြစ်သည်။
    Your birthday is a special time to celebrate the gift of 'you' to the world.
     
     
  1. ကျွန်ုပ်တို့၏ မွေးနေ့များသည် ကျယ်ပြန့်လှသော အတောင်ပံကြီးထဲမှ အမွှေးတောင်လေးများ ဖြစ်သည်။
    Our birthdays are feathers in the broad wing of time.


  1. ကိတ်မုန့်ဖိုးထက် ဖယောင်းတိုင် ဖိုးက ပိုကုန်ပြီဆိုလျှင် သင် အိုလာပြီဆိုတာကို သိတော့။
    You know you are getting old when the candles cost more than the cake. (Bob Hope)


  1. သင်ပိုအိုလာခြင်း မဟုတ်။ သင်ပိုတော်လာခြင်းသာဖြစ်သည်။
    You're not getting older, you're getting better.
  1. အစဉ်နုပျိုနေခြင်း၏ လျှို့ဝှက်ချက် = ရိုးရိုးကျင့်၊ ဖြည်းဖြည်းစား၊ အသက်ကို လိမ်ညာပြော။
    The secret to staying young is to live honestly, eat slowly, and lie about your age. (Lucille Ball)
  1. မည့်သည့် ပညာရှိ တဦးတယောက်ကမှ အသက်ပိုမငယ်ချင်ကြ။
    No wise man ever wished to be younger. (Jonathan Swift)
  1. အသက် ၄၀ ဆိုတာ လူငယ်ဘဝရဲ့ကြီးရင့်ချိန်။ အသက် ၅၀ ဆိုတာ လူကြီးဘဝရဲ့ နုပျိုချိန်။
    Forty is the old age of youth, fifty is the youth of old age. (Hosea Ballou)

  1. အသက်အရွယ်ဆိုသည်မှာ သင်ဘယ်လောက် တန်ဖိုး ရှိသလဲဆိုသည်ကို တိုင်းတာ ဆုံးဖြတ်သည့် အရာ တစ်ခု ဖြစ်သည်။
    Age is how we determine how valuable you are. (Jane Elliot)
  1. အသက်ကြီးလေ အဖိုးတန်လေပါပဲ။
    Old is gold.
  1. အသက်အရွယ်ဆိုသည်မှာ ရင်ကျင့်မှု့အတွက် ပေးဆပ်လိုက်ရသည့် အလွန်တန်ဖိုးကြီးသည့် အရာပင် ဖြစ်သည်။
    Age is a very high price to pay for maturity. (Tom Stoppard)
  1. လူကြီးများသည် ယုံလွန်းကြ၏၊ လူလတ်တို့သည် အရာရာကို သံသယဖြစ်တတ်ကြ၏၊ လူငယ်များက အရာရာကို ပိုသိမြင်တတ်ကြ၏။
    The old believe everything; the middle aged suspect everything: the young know everything.(Oscar Wilde)
  1. လူကြီးတို့သည် စဉ်းစားကြ၏။ လူငယ်များသည် စွန်.စားကြ၏။
    Age considers; youth ventures. (Rabindranath Tagore)
  1. ရင့်ကျက်မှု့ ဆိုသည်မှာ သင်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံနှင့် ယင်းအတွေ့အကြုံမှ ဘာတွေ သင်ယူရရှိခဲ့တယ်ဆိုတာတွေနှင့် သက်ဆိုင်သည်။ မွေးနေ့ဘယ်နှစ်ကြိမ် ဖြတ်ကျော်ခဲ့ပြီးပြီ ဆိုတာနဲ.တော့ အနည်းငယ်လောက်သာ သက်ဆိုင်သည်။
    Maturity has more to do with what types of experiences you've had, and what you've learned from them, and less to do with how many birthdays you've celebrated.
  1. အမှန်တကယ် လိမ်မာပါးနပ်သည့် ယောင်္ကျားတယောက် သည် အမျိုးသမီးဦး၏ မွေးနေ.ကို အစဉ် သတိရနေတတ်ပြီး သူမ ၏ အသက်ကို မေ့လျော့ထားတတ်သူဖြစ်သည်။
    A diplomat is a man who always remembers a woman's birthday but never remembers her age. (Robert Frost)
  1. သင်မပြောင်းနိုင်သည့် အတိတ်ကို မေ့လိုက်ပါ။
    သင်ကြိုတင်ခန့်မှန်းလို့မရနိုင်သည့် နာဂါတ်ကိုလည်း မေ့လိုက်ပါ။
    "Forget about the past, you can't change it.
    Forget about the future, you can't predict it.
  1. ဒီနေ့ဆိုတာ မနေ့တုန်းက သင်စိုးရိမ်နေခဲ့တဲ့ မနက်ဖန်ဆိုတာပဲ။
    Today is the yesterday you worried about tomorrow.
  1. အသက်အရွယ် ရလာသည့် လူတယောက်အတွက် တခြားအရာတွေထက် အရေးကြီးသည်မှာ ကျန်းမာရေး နှင့် ငွေကြေးဖြစ်သည်။
    After you're older, two things are possibly more important than any others: health and money.
    (Helen Gurley Brown)

  1. မည်သည့်အသက်အရွယ်ဖြစ်စေ လေ့လာဆည်းပူးခြင်းမရှိတော့သည့် သူတစ်ယာက်သည် အိုမင်းရင့်ရော်သွားပြီး ဆက်လက်လေ့လာ သင်ယူနေသူတိုင်းမှာ နုပျိုနေကြသည်။ ဘဝမှာ အရေးကြီးဆုံးက စိတ် နုပျိုအောင် ထိန်းသိမ်းထားဖို.ပါပဲ။
    Anyone who stops learning is old, whether at twenty or eighty. Anyone who keeps learning stays young. The greatest thing in life is to keep your mind young. (Henry Ford)

  1. မည်သူမျှ ကိန်းဂဏာန်းတွေကို ဖြတ်ကျော်ရုံသက်သက် အသက်ရှင်ကြီးပြင်းလာကြခြင်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့၏ အတွေးအခေါ်အယူအဆများကို ချန်ထားခဲ့ရင်း ကြီးပြင်းလာကြတာပါ။ ခုနှစ် သက္ကရာဇ် တို့သည် အရေပြားများကို ရှုံတွစေသည်။ ဤသို့ပင် ကျွန်ုပ်တို့၏ စိတ်ဝင်စားမှု့များကို စွန့်လွှတ်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်များကို ရွှုံ့တွစေသည်။
    Nobody grows old merely by living a number of years. We grow old by deserting our ideals. Years may wrinkle the skin, but to give up enthusiasm wrinkles the soul. (Samuel Ullman)

  1. အိုမင်းရင့်ရော်မှု. ( သို.မဟုတ်) ဇရာ ဆိုသည်မှ ရှောင်လွှဲလို.မရပေ။ သို့သော် ရင့်ကျက်မှု.ဆိုသည်ကို သင်ရွေးချယ်နိုင်သည်။
    Growing old is mandatory; growing up is optional. (Chili Davis)

  1. ကျွန်ုပ် အသက်အရွယ် ကြီးလာချိန်တွင် လူတွေ ဘာပြောတယ်ဆိုတာ ထက် သူတို. ဘာလုပ်တယ်ဆိုတာကိုပဲ ပိုအလေးထား စောင့်ကြည့်တော့၏
    As I grow older, I pay less attention to what men say. I just watch what they do. (Andrew Carnegie)

  1. ဇရာဆိုသည်မှာ အခြေအနေပေါ်မှာ ထားရှိသည့် စိတ်ဖြစ်တည်မှု့ဖြစ်သည်။
    Age is an issue of mind over matter. If you don't mind, it doesn't matter. (Mark Twain)

  1. ကျွန်ုပ် ဘယ်တော့မှ အိုသွားမှာ မဟုတ်ပါဘူး။ ကျွန်ုပ်အတွက်တော့ အိုမင်းရင့်ရော်ချိန်ဆိုတာ ကျွန်ုပ်အသက်ထက် အမြဲတမ်း ၁၅ နှစ်ကြီးနေလို့ပါပဲ။
    I will never be an old man. To me, old age is always 15 years older than I am. (Francis Bacon)

  1. အိုမင်းရင့်ရော်လာချိန်တွင် သက်တောင့်သက်သာ နေနိုင်ခြင်းသည် လူငယ်ဘဝကို ကောင်းကောင်း (အကျိုးရှိရှိ) အသုံးပြုခဲ့ခြင်း၏ ရလာဒ်ဖြစ်သည်။
    A comfortable old age is the reward of a well-spent youth. (Maurice Chevalier)

  1. မွေးနေ့ နှစ်တရာတိုင်ပါစေ။ သင် နောက်ဆုံးကြားရမည့် အသံက ကျွန်ုပ်၏အသံဖြစ်ပါရစေ။
    May you live to be 100 and may the last voice you hear be mine. (Frank Sinatra)

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....