Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Wednesday 8 February 2012

Valentine’s Day မှာပြုမူသင့်တဲ့ နည်းလမ်းလေးတွေ...

၁၀. အချစ်တွေကို ကဗျာဆန်ဆန်လေး ဖော်ပြတက်ဖို့လိုပါတယ်...

10. Be poetic 10 Ways to Please Your Partner on Valentines Day



 ကဗျာနဲ့ သီချင်းတွေဟာ အချစ်ကို ဖော်ညွှန်းရာမှ အမြဲတမ်း အသုံးပြုနိုင်ပါတယ် ။ တကယ်လို့ သင်ဟာ ယောက်ျားလေး ဖြစ်ခဲ့ရင် သင့်ချစ်သူနဲ့ အတူတူ ညစာ မစားခင် ဒါမှမဟုတ် စားပြီးတဲ့ အချိန်မှာ သင်ဖန်တီးထားတဲ့ သီချင်း ဒါမှမဟုတ် ချစ်သူကြိုက်တတ်တဲ့ သီချင်လေးကို ဆိုပြသင့်ပါတယ် ။ တကယ်လို့ သင်ဟာ မိန်းကလေး တစ်ယောက်ဖြစ်ခဲ့ရင်တော့ အမျိုးသားတွေ ရင်ထဲထိမိစေမယ့် ကဗျာ တစ်ပုဒ် ဒါမှမဟုတ် ကမ္ဘာကျော် ကဗျာဆရာတွေရဲ့ အကောင်းဆုံး အချစ်ကဗျာ တစ်ပုဒ်လောက်ကိုတော့ ကိုယ့်ရဲ့ ချစ်သူ အတွက် ရွတ်ဆိုပြဖို့ လိုအပ်ပါတယ် ။




၉. ချစ်သူအကြောင်းပဲ စဉ်းစားပါ ...

9. Think of the person and not the presents 10 Ways to Please Your Partner on Valentines Day


ချစ်သူနှစ်ဦး တွေ့ဆုံတဲ့ အချိန်မှာ  လက်ဆောင် တစ်စုံတစ်ခု ရရှိဖို့ကို တွေးတောမျှော်လင့်မိကြမှာပါ  ။  ဒါပေမယ့် သင် သတိမထားမိတာက ဒီအချိန်လေးမှာ သင်တွေးတောနေသင့်တာက သင့်ချစ်သူ အကြောင်းဖြစ်ပြီး လက်ဆောင်မဖြစ်သင့်ဘူး ဆိုတာပါပဲ ။ ချစ်သူနှစ်ဦး အတွက် အဓိက အရေးကြီးဆုံးက အပြန်အလှန်နားလည်မှုရှိတဲ့အချစ်တစ်ခုတည်းပါပဲ။

 ၈. နှစ်ဦးစလုံးကြိုက်နှစ်သတ်တဲ့ သီချင်းလေးနဲ့ ကလိုက်ပါ...

8. Dance in the tune you both love 10 Ways to Please Your Partner on Valentines Day



တကယ်လို့ ချစ်သူနှစ်ယောက်စလုံး တီးလုံးလေးနဲ့ ကတတ်တဲ့ ဝါသနာရှိရင်တော့   အေးချမ်းပြီး ပျော်ရွင်စရာ ကောင်းတဲ့ အချစ် သီချင်းလေး တစ်ပုဒ်နဲ့  အတူတူ ကလိုက်ပါ။

 ၇. မိမိချစ်သူကို တန်ဖိုးထားပါ

7. Appreciate your partner 10 Ways to Please Your Partner on Valentines Day




မိမိချစ်သူကို အာရုံစိုက်စေဖို့ သင့်မှာ စူးရှတဲ့ မျက်ဝန်းတစ်စုံ ရှိဖို့ မလိုပါဘူး ။ သူပြောတဲ့ စကားလုံးလေး   တွေကိုပဲ ဂရုတစိုက် နားထောင်ပေးဖို့လိုပါတယ် ။



၆. အချိန် အခိုက်အတန့်လေးတစ်ခုလောက် အေးဆေးငြိမ်သက်မှုလေးကို ခံစားကြည့်လိုက်ပါ...

6. Spend some moments of silence 10 Ways to Please Your Partner on Valentines Day


အချိန် အခိုက်အတန့်လေး တစ်ခုလောက် နှစ်ဦးစလုံး စကားမပြောကြဘဲ တစ်ဦးနဲ့တစ်ဦး  ကိုယ့်ရဲ့ရင်ထဲမှာ ခံစားနေရတဲ့ အချစ်ခံစားချက်လေးတွေကို  မျက်လုံးထဲကနေ တစ်ဆင့် ဖော်ပြမှုလေးကို ပြုလုပ်သင့်ပါတယ် ။


၅. အတူတကွ ညစာ ချက်ပြုတ်မှုလေးတွေလုပ်ကြည့်ပါ...

5. Cook dinner 10 Ways to Please Your Partner on Valentines Day


အတူတကွ စားစရာပြုလုပ် ချက်ပြုတ်မှုဟာလည်း နှစ်ဦးစလုံး အတွက် အမှတ်တရ ပျော်ရွှင်စရာလေး   ဖြစ်နိုင်ပါတယ် ။

၎. တွေ့ဆုံမှုလေးတွေကို အလေးထားပါ...

4. Show courtesy 10 Ways to Please Your Partner on Valentines Day


တစ်ဦးနဲ့တစ်ဦး တွေ့ဆုံမှုလေးတွေလုပ်ကြရာမှာ အချိန်အလေးထားမှုလေးတွေလည်း ရှိသင့်ပါတယ် ။


၃. မိမိချစ်သူကို မှန်ကန်စွာပြုမူဆက်ဆံတက်ပါစေ...

3. Treat your partner right 10 Ways to Please Your Partner on Valentines Day

 Valentine’s Day  ဟာ ချစ်သူများအတွက် အမှတ်တရလေးတွေ ဖြစ်စေဖို့ သတ်မှတ်ထားတဲ့နေ့လည်း တစ်နေ့သာ ဖြစ်ပြီးတော့ ဇနီးမောင်နှံအဖြစ်သတ်မှတ်ပေးတဲ့ နေ့လေးတော့ မဟုတ်ပါဘူး ။ ဒါကြောင့် မိမိချစ်သူ အပေါ် မေတ္တာစစ်နဲ့ ချစ်ရင် ချစ်သူအချင်းချင်း ထားရှိသင့်တဲ့ ဆက်ဆံရေးပဲ ထားရှိသင့်ပြီး လက်ထပ်နိုင်ဖို့ကို ကြိုးစားသင့်ပါတယ် ။



၂. နွေးထွေးယုယမှုလေးတွေ လိုအပ်ပါတယ်...

2. Use the power of touch 10 Ways to Please Your Partner on Valentines Day


ချစ်သူနှစ်ဦး အကြားနွေးထွေးယုယတဲ့ အပြုအမူလေးတွေရှိဖို့လိုအပ်ပြီး ဒါဟာလည်း အမှန်တကယ်ကို ချစ်သူနှစ်ဦး အတွက် ခိုင်မြဲတဲ့ မေတ္တာစိတ်လေးတွေ ဖြစ်လာနိုင်ပါတယ် ။

၁. မေတ္တာစစ်နဲ့ ချစ်သူကို ချစ်ပါ...

1. Spend quality time 10 Ways to Please Your Partner on Valentines Day

 သင့်ရဲ့ချစ်သူ ဘေးနားမှာ ရှိနေတဲ့ အချိန်မှာ အလုပ်တွေ ၊ စိတ်ရှုပ်စရာတွေကို မေ့ထားပြီး မိမိချစ်သူကို အာရုံစိုက်ပေးလိုက်ပါ ။ ဒီလိုလုပ်ခြင်းအားဖြင့် မိမိလည်း စိတ်တွေပေါ့ပါးသွားပြီး မိမိချစ်သူအနေနဲ့လည်း စိတ်ကျေနပ်မှု ရရှိနိုင်မှာပါ ။

credit : http://www.tiptoptens.com
စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....