Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Friday 13 January 2012

အိမ်ထောင်ရေး ကွာရှင်းမှုနှုန်း အများဆုံး နိုင်ငံများ...

10. South Korea/Lithuania
10. South KoreaLithuania e1325784560708 Top 10 Countries With Highest Divorce Rates in 2012


South korea နဲ့ Lithuania နှစ်နိုင်ငံကတော့ အိမ်ထောင်ကွာရှင်းမှုနှုန်း အများဆုံး နိုင်ငံတွေမှာ နံပါတ် (၁၀) နေရာကို ရောက်လာခဲ့ပါတယ် ။ ကွာရှင်းမှု အဖြစ်အများဆုံးကတော့ အသက် (၄၀) ကျော် အရွယ်တွေဖြစ်ပြီး ရာခိုင်နှုန်း ၅၇% လောက်က အမျိုးသမီးတွေဘက်ကဖြစ်ကြပါတယ် ။


9. Czech Republic
9. Czech Republic e1325784639514 Top 10 Countries With Highest Divorce Rates in 2012


 Czech Republic နိုင်ငံကတော့ ဥရောပမှာလည်း အိမ်ထောင်ကွာရှင်းမှု အများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတွင်းရှိ အမျိုးသမီး ၃ပုံ ၂ပုံလောက်က မိမိတို့ရဲ့ လင်ယောက်ျားတွေနဲ့ ကွာရှင်းမှုတွေပြုလုပ်နေကြပါတယ် ။ ဒီလိုဖြစ်ပွားတာတွေက မိသားစုအတွင်းမှာ သားသမီးယူတဲ့ကိစ္စနဲ့စပ်ဆက်နေပါတယ် ။

8. Cuba
8. Cuba e1325784708896 Top 10 Countries With Highest Divorce Rates in 2012

Cuba နိုင်ငံမှာတော့ လက်ထက်မှု အများစုက အတုအယောင်တွေ ဖြစ်ပြီး ငွေကြေးရယူလိုမှု တွေကြောင့်ဖြစ်ပါတယ် ။

7. Moldova
7. Moldova e1325784768567 Top 10 Countries With Highest Divorce Rates in 2012


Moldova နိုင်ငံမှာတော့ အိမ်ထောင်သည် အမျိုးသမီးတွေဟာ အလုပ်လုပ်ရရုံသာမက အိမ်မှုကိစ္စတွေကိုလည်း သူတို့ပဲ တာဝန်ယူရတဲ့အတွက် စိတ်ဖိစီးမှုတွေကြုံလာရပြီး
နိုင်ငံမှာရှိတဲ့ရှေးထုံးအစဉ်အလာတွေကလည်း ပြသနာတစ်ရပ်လို သူတို့အတွက်ကြုံတွေ့နေရပါတယ် ။

6. Belarus
6. Belarus e1325784814114 Top 10 Countries With Highest Divorce Rates in 2012

Belarus နိုင်ငံမှာတော့ မိသားစုအများစုမှာ အဓိကကြုံတွေ့နေရတာ စီးပွားရေး
အကျပ်အတည်းပြသနာတွေဖြစ်ပြီး ဒီပြသနာကြောင့်ပဲ  ကလေးရယူမှုနှုန်းတွေလည်း နည်းပါးလာခဲ့ပါတယ် ။

5. Ukraine
5. Ukraine e1325784872930 Top 10 Countries With Highest Divorce Rates in 2012

Ukraine နိုင်ငံမှာလည်း Moldova နိုင်ငံနည်းတူ စီးပွားရေး မတည်ငြိမ်မှုတွေဖြစ်နေပြီး မိသားစုအများစုကတော့ ကလေးမယူကြပါဘူး ။

4. Panama
4. Panama e1325784946821 Top 10 Countries With Highest Divorce Rates in 2012

Panama နိုင်ငံမှာတော့ အိမ်ထောင်ကွဲမှု အများစုဖြစ်ရတဲ့ အကြောင်းရင်းကတော့ သစ္စာမရှိမှုနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြောင့်ဖြစ်ပါတယ် ။

3. USA
3. USA e1325785017495 Top 10 Countries With Highest Divorce Rates in 2012

အမေရိကန် နိုင်ငံကို အိမ်ထောင်ကွဲမှု အများဆုံး နိုင်ငံဖြစ်မယ်လို့မှန်းကြပေမယ့် တတိယနေရာမှာပဲရပ်တည်နေပါတယ် ။ ကွာရှင်းမှုပြုလုပ်ကြတဲ့ အများစုမှာ ၃၄% လောက်က ခရစ်ယာန် မဟုတ်တဲ့ မိသားစုတွေဖြစ်ပြီး ၃၃% လောက်ကတော့ ခရစ်ယာန်ဝင်မိသားစုတွေဖြစ်ကြပါတယ် ။

2. Aruba
2. Aruba e1325785079245 Top 10 Countries With Highest Divorce Rates in 2012

လက်ထက်မှုကြောင့် ပျော်ရွင်မှု မရနိုင်တဲ့အပြင် သူတို့ရှာဖွေသမျှ ငွေကြေးတွေဟာလည်း ဒီအတွက် အသုံးချရမှာ မဟုတ်ဘူးလို့ လက်ခံထားတဲ့ Aruba နိုင်ငံမှာတော့ ဒီလိုဖြစ်ပွားမှုတွေဟာ သိပ်မဆန်းပါဘူး ။

1. Russia
1. Russia e1325785112267 Top 10 Countries With Highest Divorce Rates in 2012

ကွာရှင်းမှုတွေ အများဆုံးဖြစ်ပွားတာကတော့ Russia နိုင်ငံဖြစ်ပြီး ဒီလိုဖြစ်ပွားတာတွေဟာ ရုရှားအမျိုးသားတွေနဲ့ အဓိက သက်ဆိုင်ပါတယ် ။ သူတို့ရဲ့ ချို့ယွင်းချက်တွေကတော့ မိမိဇနီးအပေါ် ရင့်သီးကြမ်းတမ်းစွာ ဆက်ဆံပြောဆိုတာတွေ ယုံကြည်မှုမပေးနိုင်တာတွေအပြင် ဖခင်ဝတ္တရား မကျေပွန်မှုတွေပါဝင်ပါတယ် ။ ရုရှားအမျိုးသမီး အများစုဟာ မိသားစုအတွက် ကိုယ်တိုင်အလုပ်လုပ်ကြပြီး အမျိုးသားတွေကတော့ ဒီလိုစိတ်မထားကြလို့အိမ်ထောင်ရေး ပြသနာတွေဖြစ်လာတာပါ ။ ဒါကြောင့်လည်း online dating တွေကို ကတစ်ဆင့် နိုင်ငံခြားသားတွေနဲ့ အိမ်ထောင်ပြုကြတဲ့ အမျိုးသမီးတွေ ရှိလာတာပါ ။

credit : http://www.tiptoptens.com


စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....