Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Tuesday 10 January 2012

2012 facebook users အများဆုံး နိုင်ငံများ .....

10. Germany
10. Germany Top 10 Countries With Most Facebook Users in 2012

2011 မှာ top ten country ထဲမှာ မပါဝင်ခဲ့တဲ့ ဂျာမနီနိုင်ငံကတော့ 2012 မှာတော့ facebook user  တွေ တရှိန်ထိုးများပြားလာခဲ့ပါတယ် ။ မနှစ်က user ပေါင်း 13,678,200 ရှိရာမှ ဒီနှစ်မှာဆိုရင်တော့ over 22,125,300 အထိများပြားလာခဲ့ပါတယ် ။  users အသစ်ပေါင်း 8,447,100 ထပ်မံဝင်ရောက်လာခဲ့ပါတယ် ။ မနှစ်က top ten country ထဲမှာ ပါဝင်ခဲ့တဲ့ Canada နိုင်ငံနေရာကို ဝင်ရောက်လာခဲ့တာပါ ။ 


 
9. France
9. France Top 10 Countries With Most Facebook Users in 2012


ပြင်သစ်နိုင်ငံကတော့ 2010 မှာ users ပေါင်း  20,469,420 ရှိခဲ့ရာမှ 2011 အကုန် 2012 မှာတော့ 3,075,040 အထိတိုးတက်လာခဲ့ပါတယ် ။ online အသုံးပြုသူ 52.76% လောက်က facebook အသုံးပြုသူတွေ    ဖြစ်ကြပါတယ် ။



8. Philippines
8. Philippines Top 10 Countries With Most Facebook Users in 2012

ဖိလစ်ပိုင်နိုင်ငံကတော့ top ten country ထဲက နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် နိုင်ငံသေးပေမယ့် facebook အသုံးပြုသူ over 27,033,680 ရှိပါတယ် ။ online အသုံးပြုသူ 91.02% လောက်က အမြဲတမ်းလောက် အသုံးပြုကြပြီး 28.22% လောက်ကတော့ အကောင့်ဖောက်ထားကြတဲ့သူတွေပါ ။ အမြဲတမ်းလို ဓါတ်ပုံတွေ update တင်ကြပြီး facebook game ကစားကြတဲ့ member တွေပါ ။


7. United Kingdom
7. United Kingdom Top 10 Countries With Most Facebook Users in 2012



အင်္ဂလန်နိုင်ငံကတော့ မနှစ်က top ten country (၃) နေရာကနေ လျော့ကျခဲ့ပါတယ် ။ user ပေါင်း 28,661,600
 ကနေ 30,469,920 အထိ အသုံးပြုသူများပြားလာပေမယ့်  slow growth  လို့ပဲ သက်မှတ်ကြပါတယ် ။
6. Turkey
6. Turkey Top 10 Countries With Most Facebook Users in 2012

တူရကီနိုင်ငံလည်းပဲ 2010 top ten country မှာ (4) နေရာကနေ ဒီနှစ်မှာတော့ နှစ်နေရာ လျော့ကျခဲ့ပါတယ် ။ 

5. Mexico
5. Mexico1 Top 10 Countries With Most Facebook Users in 2012

Mexico နိုင်ငံကတော့ 2010 top ten country (7) ကနေ ဒီနှစ်မှာတော့ နှစ်နေရာတိုးလာခဲ့ပါတယ် ။ users ပေါင်း 12,501,780 အသစ် တိုးတက်လာခဲ့ပါတယ် ။

4. Brazil
4. Brazil Top 10 Countries With Most Facebook Users in 2012

ဘရာဇီးနိုင်ငံကတော့ 2010 top ten country (17) နေရာကနေ ဒီနှစ်မှာတော့ users အသစ် 26,332,620 အထိများပြားလာတဲ့ အတွက် ဒီနေရာကိုရောက်လာခဲ့တာပါ ။


3. India
3. India Top 10 Countries With Most Facebook Users in 2012

online technology and internet နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ India နိုင်ငံကတော့ users အသစ် 24,113,520 တိုးလာခဲ့ပြီး UK နေရာမှာဝင်လာခဲ့ပါတယ် ။

2. Indonesia
2. Indonesia Top 10 Countries With Most Facebook Users in 2012

လူဦးရေ 41.7% လောက် အသုံးပြုနေကြတဲ့ အင်ဒိုနီးရှား နိုင်ငံမှာတော့ ဒီနှစ်မှာဆိုရင် facebook အကောင့်ပေါင်း 41,777,240 အထိများပြားလာခဲ့တဲ့အတွက် ဒီနေရာကိုရောက်လာခဲ့ပါတယ် ။


1. United States
1. United States1 Top 10 Countries With Most Facebook Users in 2012


top ten country list မှာ အမြဲထိပ်ကရပ်တည်နေတဲ့ USA ကတော့ ဘယ်တော့မှလည်း ဒုတိယနေရာကို ရောက်တော့မှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ မနှစ်က users အရေအတွက်ကိုပဲလိုက်မှီတဲ့ နိုင်ငံမရှိသေးလို့ပါ ။ ဒီနှစ်မှာတော့ users ပေါင်း 157,415,180 အထိမြှင့်တက်လာခဲ့ပါတယ် ။

credit : http://www.tiptoptens.com

စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....