Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Saturday 24 December 2011

Gmail မှာ မှားပို့မိတဲ့ mail လေးတွေကို အချိန်မလွန်ခင် ပြန်ဖျက်နိုင်စေရန်....

မှားပို့မိတဲ့ mail လေးတွေကို ပြန်ဖျက်ဖို့ အချိန်လေးကတော့ တော်တော်နည်းပါတယ် ။ အဲဒါကြောင့် ပို့မယ်ဆိုကတည်း ကိုယ်ပို့ချင်တဲ့ mail ကိုသေချာပြန်စစ်တာ အကောင်းဆုံးပါပဲ ။ အကယ်လို့များ မှားပို့ခဲ့မိခဲ့ရင် ဒီနည်းလမ်းလေးကို သုံးပြီး ပြန်ဖျက်နိုင်ပါတယ် ။ အရင်ဆုံး gmail setting ထဲကိုဝင်လိုက်ပါ ။ ခေါင်းစဉ်လေးတွေထဲက Labs ကို ရွေးလိုက်ပါ ။ Labs အောက်မှာရှိနေတဲ့ ပုံလေးတွေထဲက ကျွန်တော်ပြထားတဲ့ ပုံလေးကို တွေ့အောင် ရှာလိုက်ပါ ။





အဲဒီပုံလေးမှာ ကိုယ်မှားပို့မိတဲ့ mail လေးတွေကို အချိန်မှီ ပြန်ဖျက်နိုင်ဖို့ Enable ကို ပေးလိုက်ပါ ။ ပြီးရင်တော့ အောက်ဆုံးမှာ ရှိတဲ့ save changes ကို click လိုက်ရင် အသုံးပြုနိုင်ပါပြီ ။ ဘယ်လိုသုံးနိုင်မလဲ ဆိုရင် ကိုယ် mail တစ်စောင်ကို send လုပ်ပြီးတဲ့ အချိန်တိုင်း inbox ရဲ့ အပေါ်နားမှာ ဒီလိုလေး ပေါ်ပါတယ် ။




 အဲလိုပေါ်ချိန်လေးဟာ တော်တော်နည်းပါတယ် ။အများဆုံး ပေါ်ချိန်ဟာ စက္ကန့် ၃၀ ပါပဲ ။ ဒီလို စက္ကန့် ၃၀ လောက်ကြာကြာပေါ်ဖို့ကို mail setting ထဲမှာရှိတဲ့ General ထဲက Undo send ဘေးမှာ enable လုပ်ပြီး စက္ကန့်နေရာမှာတော့ အများဆုံးဖြစ်တဲ့ ၃၀ ကို ရွေးပေးရမှာပါပဲ ။   ဒီအချိန်လေးမှာ မှားပို့မိတာကို သတိရလိုက်ရင်တော့ အပေါ်က ပုံထဲမှာတွေ့ရတဲ့ Undo ကို click လိုက်ပါ ။



sending မလုပ်တော့ပါ ဆိုတဲ့ စာလေးပြန်ပေါ်လာပါလိမ့်မယ် ။ ဒါဆိုရင်တော့

အချိန်မှီ ပြန်ဖျက်နိုင်သွားပါပြီ။

အားလုံးပဲ အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ ။
စာရေးသူ
နေမင်းဇွဲမာန်


0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....