Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Tuesday 14 August 2012

ကမ္ဘာအမြင့်ဆုံး တောင်တန်းများ...


10: Annapurna

Annapurna Mountain 10 Highest Mountains In The World

နီပေါနိုင်ငံမှာ တည်ရှိပြီး အမြင့် ၈၀၉၁ မီတာ မြင့်ပါတယ် ။ ၁၉၅၀ ခုနှစ်မှာ ဒီတောင်ပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့ပြီး ဒီလိုခြေချနိုင်အောင် ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ ပြင်သစ်နိုင်ငံသား M. Herzog နဲ့ L.Lachenal ဖြစ်ပါတယ် ။ 

9: Nanga Parbat

Nanga Parbat Mountain 10 Highest Mountains In The World

ဒီတောင်ကတော့ ပါကစ္စတန်နိုင်ငံ မှာတည်ရှိပြီး အမြင့် ၈၁၂၅ မီတာ ရှိပါတယ် ။ ပထမဆုံး ခြေချနိုင်ခဲ့တာကတော့ ၁၉၅၃ ခုနှစ်မှာ ဖြစ်ပါတယ် ။ 


8: Manaslu

Manaslu Mountain 10 Highest Mountains In The World

ဒီတောင်ကတော့ နီပေါနိုင်ငံမှာ တည်ရှိပြီး အမြင့် ၈၁၆၃ မီတာ ရှိပါတယ် ။ ၁၉၅၆ ခုနှစ်မှာ ခြေချနိုင်ခဲ့ပြီး ပထမဆုံး ရောက်ရှိခဲ့တဲ့ သူတွေကတော့ T, Immishi, K. Kato, M. Higeta, နဲ့ G.Norbu ဆိုသူတို့ ဖြစ်ပါတယ် ။ 



7: Dhaulagiri

Dhaulagiri Mountain 10 Highest Mountains In The World

ဒီတောင်ကတော့ နီပေါနိုင်ငံမှာ တည်ရှိပြီး အမြင့်ကတော့ ၈၁၆၇ မီတာမြင့်ပါတယ် ။ 


6: Cho Oyu

Cho Oyu Mountain 10 Highest Mountains In The World

ဒီတောင်ကတော့ နီပေါနိုင်ငံမှာတည်ရှိပြီး အမြင့်ကတော့ ၈၂၀၁ မီတာမြင့်ပါတယ် ။ ၁၉၅၄ ခုနှစ်မှာ တောင်ပေါ်ကို စတင်ခြေချနိုင်ခဲ့ပြီး ရောက်ရှိခဲ့သူတွေကတော့  Tichy, S.Jochler, နဲ့Pasang Dawa Lama တို့ဖြစ်ပါတယ် ။ 

5: Makalu

Makalu Mountain 10 Highest Mountains In The World

ဒီတောင်ကတော့ နီပေါနိုင်ငံမှာ တည်ရှိပြီး အမြင့်ကတော့ ၈၄၆၃ မီတာ မြင့်ပါတယ် ။ ၁၉၅၅ ခုနှစ်မှာ စတင်ခြေချနိုင်ခဲ့ပြီး ရောက်ရှိခဲ့သူတွေကတော့ Couzy, L. Terry, J.Fraco, G, Magnone-Gialtsen, J. Bouier, S. Coupe, P. Leroux တို့ဖြစ်ပါတယ် ။ 

4: Lhotse

Lhotse Mountain 10 Highest Mountains In The World

ဒီတောင်ကတော့ နီပေါနိုင်ငံမှာ တည်ရှိပြီး အမြင့်ကတော့ ၈၅၁၆ မီတာမြင့်ပါတယ် ။ ၁၉၅၆ ခုနှစ်မှာ စတင်ခြေချနိုင်ခဲ့ပြီး ရောက်ရှိခဲ့သူတွေကတော့ F. Luchsinger နဲ့ E. Rejss တို့ဖြစ်ပါတယ် ။ 

3: Kangchenjunga

Kangchenjunga Mountain 10 Highest Mountains In The World

ဒီတောင်ကတော့ နီပေါနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားမှာတည်ရှိပြီး အမြင့် ၈၅၈၆ မီတာ မြင့်ပါတယ် ။ ၁၉၅၅ခုနှစ်မှာ စတင်ရောက်ရှိခဲ့ပြီး ရောက်ရှိခဲ့သူတွေကတော့ .Band, J.Brown, N.Hardie, S.Streather တို့ ဖြစ်ပါတယ် ။ 

2: K2

K2 Mountain 10 Highest Mountains In The World

ဒီတောင်ကတော့ ကမ္ဘာ့ ဒုတိယ အမြင့်ဆုံးတောင် ဖြစ်ပြီး ပါကစ္စတန်နဲ့ တရုတ်နိုင်ငံ ကြားမှာတည်ရှိပါတယ် ။ အမြင့်ကတော့ ၈၆၁၁ မီတာရှိပြီး ၁၉၅၄ ခုနှစ်မှာ စတင်ခြေချနိုင်ခဲ့ပါတယ် ။


1: Mount Everest

Mount Everest 10 Highest Mountains In The World

ဒီတောင်ကတော့ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်ပြီး နီပေါနဲ့ တိဗက် ကြားမှာတည်ရှိပါတယ် ။ အမြင့် ၈၈၅၀ မီတာ မြင့်ပြီး ၁၉၅၃ခုနှစ်မှာ Edmund Hillary နဲ့ Tenzing Norgay ဆိုသူတို့က စတင်ခြေချနိုင်ခဲ့ပါတယ် ။ 

1 comments:

  1. လေ့လာမှတ်သားသွားပါတယ်ခင်ဗျ..
    ဓါတ်ပုံတွေလှတယ်...

    ReplyDelete

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....