အတန်းထဲမှာ စာသင်ရင်းနဲ့ ကလေးတွေကို မေးဖူးပါတယ် ။ "အောင်မြင်မှု" ကို
ဘာနဲ့တိုင်းမလဲလို့ပေါ့။ အများစုကတော့ ငွေနဲ့တဲ့။ စွန့်ဦးတီထွင်သူ (Entrepreneurs)တွေက
အောင်မြင်မှုကို ငွေနဲ့မတိုင်းပါဘူး ။ ဒါပေမယ့် လုပ်ငန်းအောင်မြင်ဖို့ကတော့ ငွေနဲ့
သက်သေပြမှရတာပါ ။ ဆရာမတစ်ယောက်က ဆွေးနွေးဖူးတယ် ။ တို့တွေဟာ
"Individualism" လား "Collectivism" လားတဲ့ ။ "Individualism"ဆိုတာကတော့
အဖွဲ့အစည်းနဲ့ မဟုတ်ပဲ တစ်ဦးတစ်ယောက်တည်းကပဲ ထင်ရှားလောက်တဲ့
တီထွင်မှုတွေပြုလုပ်ပြီး ထိပ်ဆုံးလုပ်အောင် ဆောင်ရွက်ကြတဲ့ နည်းလမ်း ဖြစ်ပြီးတော့
အမေရိကန်လို နိုင်ငံမျိုးတွေမှာ ဒီနည်းလမ်းကို အများဆုံး သုံးကြပါတယ် ။ "Collectivism"
ဆိုတာကတော့ အဖွဲ့အစည်း (Team group) နဲ့ ထင်ရှားတဲ့ အောင်မြင်မှုတွေ
ရရှိအောင် ပြုလုပ်ကြတဲ့ နည်းလမ်းဖြစ်ပြီး ဂျပန်လူမျိုးတွေ အများဆုံး
အသုံးပြုနေ ကြပါတယ် ။ တို့တွေဟာ "Individualism" လား "Collectivism" လားဆိုတဲ့
ဆရာမရဲ့ အမေးကို စဉ်းစားကြည့်မယ်ဆိုရင် အဖြေကတော့ရှင်းပါတယ် ။
ဆရာမရဲ့ အမေးကို စဉ်းစားကြည့်မယ်ဆိုရင် အဖြေကတော့ရှင်းပါတယ် ။
"Collectivism" ပါလို့ ။ ဒါပေမယ့် "Free Riders" တွေများနေတဲ့
"Collectivism" ပါလို့ ဖြည့်ပေးလိုက်ချင်ပါတယ် ။ "Free Riders" ဆိုတာကတော့
အုပ်စုတစ်ခုထဲမှာ အများနည်းတူ ပုံမှန်လိုက်ပြီး အလုပ်မလုပ်ကြပဲ အလုပ်လုပ်နေတဲ့
သူတွေနောက်ကနေ အသာလေး မျှောလိုက်နေကြတဲ့ သူတွေကို ဆိုလိုတာပါ ။
Team လေးတွေနဲ့ ဆောင်ရွက်ကြတဲ့အခါ ၊ Organization တွေမှာ အဓိက
အလိုအပ်ဆုံးက "Synergy Effect" ပါ ။ "Synergy Effect" ကိုအလွယ်ကူဆုံး
အဓိပ္ပါယ်ဖွင့်ရရင် "1+1> 2" ပါ ။ ဥပမာ အဖွဲ့အစည်းတစ်ဖွဲ့မှာ
လူနှစ်ယောာက် ရှိပေမယ့် ပူးပေါင်းမလုပ်ပဲ သီးသန့်စီလုပ်နေကြရင်
ရလဒ်အနေနဲ့ အများဆုံး ရရှိနိုင်မှာက 1+1=2 ဆိုတဲ့ပမာဏလောက်သာ
ဖြစ်နိုင်ပါတယ် ။ synergy ဆိုတာကတော့ လူနှစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုမှာ
အဓိပ္ပါယ်ဖွင့်ရရင် "1+1> 2" ပါ ။ ဥပမာ အဖွဲ့အစည်းတစ်ဖွဲ့မှာ
လူနှစ်ယောာက် ရှိပေမယ့် ပူးပေါင်းမလုပ်ပဲ သီးသန့်စီလုပ်နေကြရင်
ရလဒ်အနေနဲ့ အများဆုံး ရရှိနိုင်မှာက 1+1=2 ဆိုတဲ့ပမာဏလောက်သာ
ဖြစ်နိုင်ပါတယ် ။ synergy ဆိုတာကတော့ လူနှစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုမှာ
တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ ၊ ယုံကြည်မှုတွေ အချင်းချင်းထားရှိပြီး
အလုပ်လုပ်သွားခြင်းအားဖြင့် "1+1>2" ဆိုတဲ့ result ရရှိနိုင်မှာ ဖြစ်ပြီး တစ်နည်းအားဖြင့်
တစ်နဲ့တစ်ပေါင်းခြင်းဟာ ပုံမှန် အဖြေ "၂ " ထက်ပိုတဲ့
ထင်မှတ်မထားနိုင်တဲ့ အောင်မြင်မှုကို ရရှိနိုင်တာကို ဆိုလိုပါတယ် ။ Team လေးတွေနဲ့
အလုပ်လုပ်ကြတဲ့အခါ လုပ်ငန်းခွင်တွေမှာ အဓိက လိုအပ်နေတာက "Synergy Effect"
ဆိုတဲ့ နားလည်မှုနဲ့ယုံကြည်မှုပဲ ဖြစ်ပါတယ် ။
အလုပ်တိုင်းမှာ ၊ လူတိုင်းမှာ ရည်မှန်းချက်ရှိပါတယ် ။ ဘ၀ရဲ့အောင်မြင်မှုကိုလည်း
တကယ်တမ်းတော့ ကိုယ့်ရဲ့ရည်မှန်းချက်အောင်မြင်မှုနဲ့တိုင်းရမှာပါ ။ ကျွန်မတို့တွေဟာ
ဘ၀အတွက်၊ နိုင်ငံအတွက် အလုပ်လုပ်နေကြတာပါ ။ တိတိကျကျပြောရရင် ကိုယ့်ရဲ့
ပတ်ဝန်းကျင်လေးကို တိုးတက်စေဖို့ အလုပ်လုပ်နေတာပါ ။ အဲဒီလို အလုပ်လုပ်ကြတဲ့ အခါ
တစ်ယောက်တည်း အလုပ်လုပ်ရင်တော့ ကိစ္စမရှိပေမယ့် အဖွဲ့အစည်းနဲ့ လုပ်တဲ့အခါမှာ
ထပ်တလဲလဲအမှားတွေကြုံရမှာပါ ။ ကိုကိုယ်တိုင်က အမှားလုပ်မိနိုင်သလို
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ကလည်း လုပ်မိနိုင်ပါတယ် ။ အဲဒီအခါမှာ ကိုယ့်လုပ်ငန်းရဲ့
ရည်ရွယ်ချက်အောင်မြင်ဖို့၊ ပြီးတော့ ကိုယ်လည်း အောင်မြင်နိုင်ဖို့ အချင်းချင်းနားလည်မှု ၊
ယုံကြည်မှု၊ ခွင့်လွှတ်ပေးနိုင်မှုတွေရှိရင် ကောင်းမှာပဲနော် ။ ဒါဆိုရင်အောင်မြင်မှုဆိုတဲ့ပန်းတိုင်ကို
အချိန်တိုအတွင်းမှာ "Synergy Effect" နဲ့ ရရှိနိုင်မယ်လို့ယုံကြည်မိပါတယ်။ ထပ်ဖြည့်ချင်တာက
"Collectivism" မှာ "Free Riders" မပါပဲ နားလည်မှု ၊ ယုံကြည်မှု ၊ နွေးထွေးမှု ၊ ခွင့်လွှတ်မှု
နဲ့ မေတ္တာလေးတွေသာ ထည့်ထားပြီး
အလုပ်လုပ်ကြမယ်ဆိုရင် အောင်မြင်မှုက မြန်မြန်ရလာမှာဖြစ်သလို ၊
အားလုံးကိုလဲ ကျေနပ်ပျော်ရွှင်စေမှာပါ ။ ဒီသဘာဝတရားလေးတွေကိုတော့ စီးပွားရေးပညာ
(Management Term) အရဆိုရင် Efficiency
&Effectiveness လို့ဆိုနိုင်ပါတယ် ။
credit : ဆရာမ ဒေါ်သန်းသူဇာ(စီးပွားရေး)
စာရေးသူ
နေမင်းဇွဲမာန်
0 comments:
Post a Comment
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....