Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 4 March 2012

ကမ္ဘာပေါ်တွင် အကြီးဆုံး ရုပ်တုများတွင် ဗုဒ္ဓဆင်းတုတော်များ ပါဝင်...


7.Rodina Mat (102 meters)
Rodina Mat

 ဒီရုပ်ထုကတော့ Ukraine နိုင်ငံ Kiev မြို့မှာတည်ရှိပြီး ဒုတိယကမ္ဘာစစ် အတွင်းမှာ ဆိုဗီယက်ပြည်ထောင်စုဖွဲ့စည်း ဖြစ်အောင် ပြုလုပ်ပေးခဲ့တဲ့ အထိမ်းအမှတ် ရုပ်တုလို့လည်း ဆိုနိုင်ပါတယ် ။ ၁၉၈၁ ခုနှစ်မှာ ထုလုပ်ပြီးစီးခဲ့ပြီး အလေးချိန် ၅၆၀ ရှိပြီး ၁၀၂ မီတာ မြင့်ပါတယ် ။



6.Emperors Yan and Huang (105 meters)
Emperors Yan and Huang

တရုတ် အင်ပါယာပြည့်ရှင် Yan နဲ့ Huang တို့ရဲ့ ကျောက်ဆစ် ပန်းပုလက်ရာကို ၂၀၀၇ ခုနှစ်မှာ တောင်ပုံစံဖြစ်အောင် ပြုပြင်ခဲ့တာ ဖြစ်ပါတယ် ။ Yellow River Scenic ဆိုတဲ့ ဧရိယာထဲမှာ တည်ရှိပြီး ၁၀၆ မီတာ မြင့်ပါတယ် ။

5.Guan Yin Statue (108 meters)
Guan Yin Statue

ဒီရုပ်ထုကတော့ တရုတ်နိုင်ငံမှာ ရှိတဲ့  Hainan ကျွန်းရဲ့ တောင်ဘက်ကမ်းပေါ်မှာ တည်ရှိပြီး ၁၀၈ မီတာ မြင့်ပါတယ် ။ ရုပ်ထဲကို တည်ဆောက်ရာမှာ သုံးဖက်မြင်အောင် ဆောက်လုပ်ထားပြီး    တောင်တရုတ်ပင်လယ်နဲ့ ကျွန်းဖက်ကနေမြင်တွေ့နိုင်ပါတယ် ။

4.Cristo-Rei (110 meters)
Cristo-Rei

 ဘရာဇီးနိုင်ငံ Rio de Janeiro မြို့မှာ တည်ရှိပြီး အမြင့် ၁၁၀ မီတာရှိပါတယ် ။

3.Ushiku Daibutsu (120 meters)
Ushiku Daibutsu

ဂျပန်နိုင်ငံ Ushiku မြို့မှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ဆင်တုတော်ကြီး လည်းဖြစ်ပါတယ် ။ ညဏ်တော် ၁၂၀ မီတာ ရှိပြီး လာရောက်ဖူးမျှော်သူတွေ အနေနဲ့ ဓါတ်လှေကားနဲ့ ပလပ်ဖောင်းအထိ တက်လို့ရပါတယ် ။ 

2.Laykyun Setkyar (130 meters)
Monywa Buddhas

ဒီဗုဒ္ဓဆင်းတုတော်ကြီးကတော့ မြန်မာနိုင်ငံ မုံရွာမြို့နားမှာ သွားရောက်ဖူးမျှော်နိုင်ပြီး ညဏ်တော် ၁၃၀ မီတာ ရှိတဲ့ ကမ္ဘာဒုတိယ အကြီးဆုံး ဆင်းတုတော်ကြီး ဖြစ်ပါတယ် ။ ရပ်တော်မူ ဗုဒ္ဓ ရုပ်ဆင်းတုတော် ကြီးကို ၂၀၀၈ ခုနှစ်မှာ သွန်းလုပ်ခဲ့ပြီး လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်ကြီးကိုတော့ ၁၉၉၁ ခုနှစ်မှာ သွန်းလုပ်ပြီးစီးခဲ့ပါတယ် ။

1.Spring Temple Buddha (153 meters)
#1 of Largest Statues In The World

ဒီဗုဒ္ဓဆင်းတုတော်ကြီးကတော့ တရုတ်နိုင်ငံမှာ တည်ရှိပြီး  ကမ္ဘာ့အကြီးဆုံး ရုပ်ဆင်းတော်ကြီး ဖြစ်တဲ့အပြင် ညဏ်တော် ၁၅၃ မီတာ ရှိပါတယ် ။ အာဖကန်နစ္စတန် နိုင်ငံမှာရှိတဲ့ Bamiyan ဗုဒ္ဓဆင်းတုတော်တွေကို တာလီဘန်တွေဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး နောက်ပိုင်းမှာ ဒီဗုဒ္ဓဆင်းတုတော်ကြီးကို သွန်းလုပ်ခဲ့တာပါ ။  

credit : http://www.touropia.com
စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....