"Norm" ဆိုတာ လူ့အဖွဲ့အစည်းထဲမှာ လိုက်နာသင့်တယ်လို့ အလိုလိုသတ်မှတ်ထားတဲ့
တန်ဖိုးထားရမယ့် စည်းမျဉ်းလေးတွေပါ ။ မဖြစ်မနေလိုက်နာရမယ့် စည်းမျဉ်းတွေရှိသလို ၊
မသိမသာချိုးဖောက်လို့ ရတဲ့ စည်းမျဉ်းတွေလဲ ရှိနေပါတယ် ။
ဆရာ၊ဆရာမဆိုတာ ဒုတိယ (second parent) မိဘတွေပါ ။ ဒါကြောင့်
ဆရာ၊ဆရာမတွေ လိုက်နာရမယ့် Norm တွေက ပိုပြီးများပြားလေးနက်ပါတယ် ။
အနေအထိုင်၊အသွားအလာ၊အပြောအဆိုအစစအရာရာ မဖြစ်မနေလိုက်နာရမယ့်
Norm တွေရှိနေပါတယ် ။ ဒါမှလည်း အနာဂတ်ရဲ့ ပန်းကလေးတွေကို အကောင်းဆုံး
လမ်းပြပေးနိုင်မှာပါ ။ ကျွန်မတို့ဆရာ၊ဆရာမတွေအနေနဲ့ ပီတိကိုစားပြီး ဘ၀ကို
အင်အားရှိရှိရပ်တည်စေချင်ပါတယ် ။ ဆရာမအလုပ်ကို ရွေးချယ်ကတည်းက
ငွေရှာခြင်းဆိုတဲ့ အလုပ်ကို စွန့်လွှတ်သင့်ပါတယ် ။ ကျွန်မတို့က ပန်းပျိုးတဲ့
လက်တွေပါ ။ ငွေရှာတဲ့ လက်တွေတော့မဖြစ်သင့်ပါဘူး ။
ကျောင်းသား၊ကျောင်းသူတွေရဲ့ ကန်တော့ခံဆရာ၊ဆရာမတွေပါ ။ သူတို့ဆီကို
ပညာတွေရောင်းစားတဲ့ Marketer တွေတော့ မဖြစ်သင့်ပါဘူး ။ စေတနာ ၊ ၀ါသနာ ၊
အနစ်နာနဲ့ တကယ့်ကို ဆရာများလိုက်နာရမယ့် Norm တွေကို လိုက်နာပြီး ၊
ကျင့်ကြံနေထိုင်မှသာ ကျွန်မတို့ ပျိုးနေတဲ့ပန်းပင်လေးတွေ လှပစွာဖူးပွင့်လာကြမှာပါ ။
ကျောင်းသား၊ကျောင်းသူတွေဟာ အနာဂတ်ရဲ့ မျိုးဆက်သစ် (generation) တွေ
ဖြစ်ကြတဲ့ အတွက် သူတို့အတွက် မှန်ကန်တဲ့ စဉ်းမျဉ်း (Norm) တွေကိုသေသေချာချာ
လမ်းပြပေးကြဖို့ လိုအပ်ပါတယ် ။
"လူတိုင်းလူတိုင်းဟာ လောကရဲ့ လိုက်နာရန်လိုအပ်တဲ့ စဉ်းမျဉ်း (Norm)
လေးတွေကို လိုက်နာပြီးတော့ ရှေ့ဆက်သွားကြမယ်ဆိုရင်ကျွန်မတို့ရဲ့
အနာဂတ်ကမ္ဘာလေးမှာ လှပတဲ့ ပန်းလေးတွေဖူးပွင့်လာမှာ မလွဲဧကန်ပါပဲရှင်"
စာရေးသူ
နေမင်းဇွဲမာန်
0 comments:
Post a Comment
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....