Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Friday 24 February 2012

February လမှာ မွေးဖွားခဲ့ကြတဲ့ အလှပဆုံး ဆယ်ကျော်သက် မင်းသမီးလေးများ...

10. Taylor Dooley


taylor dooley 2012 10 Prettiest Young Actresses Who Were Born in The Month of February

Birth : 2-26-1993
Taylor Dooley ဆိုတဲ့ ကောင်မလေးက အမေရိကန် ဆယ်ကျော်သက် သရုပ်ဆောင်လေး ဖြစ်ပါတယ် ။ The Adventures of Sharkboy နဲ့
 Lavagirl in 3D ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၀၅ 
ခုနှစ်မှာ အနုပညာလေးကထဲကို စတင်ဝင်ရောက်ခဲ့သူလေးပါ ။

 

9. Tiffany Thornton


Tiffany Thornton hot 10 Prettiest Young Actresses Who Were Born in The Month of February

Birth : 2-14-1992
Tiffany thornton ကတော့ ရုပ်ရှင်သရုပ်ဆောင်လေးလည်းဖြစ် ၊ ဆယ်ကျော်သက် အဆိုတော်မလေးလည်း ဖြစ်ပါတယ် ။ Tawni Hart  ဆိုတဲ့ နာမည်လေးနဲ့  Sonny with a Chance နဲ့ So Random စီးရီးဇာတ်လမ်းတွေမှာ လူသိများခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ်မှာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ အမေရိကန် ဆယ်ကျော်သက်လေး ဖြစ်ပါတယ် ။

8. Brooke Scher


 10 Prettiest Young Actresses Who Were Born in The Month of February


Birth : 2-10-1992
Brooke Scher ဆိုတဲ့ ဆယ်ကျော်သက် မင်းသမီးလေးကတော့ အသက် ၅ နှစ် အရွယ်လောက်ကတည်းက ကလေးသရုပ်ဆောင် နေရာမှာ သရုပ်ဆောင်နေခဲ့ပြီး ရွှေတံဆိပ် ရခဲ့တဲ့ ဂျွမ်းမယ်လေး တစ်ယောက်လည်း ဖြစ်ပါတယ် ။ TV series ဖြစ်တဲ့ The Bernie Mac Show နဲ့  AmerAsian ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။

7. Jennifer Stone


Jennifer Stone 2012 10 Prettiest Young Actresses Who Were Born in The Month of February

Birht : 2-12-1993
Jennifer Stone ဆိုတဲ့ ဆယ်ကျော်သက်မလေးကတော့ Harper Finkle ဆိုတဲ့ နာမည်နဲ့ Wizards of Waverly Place ဇာတ်ကားမှာ လူသိများခဲ့ပါတယ် ။ ၁၉၉၉ ခုနှစ်လောက် ကတည်းက အနုပညာလောကထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ သူလေးပါ ။

6. Chloe Moretz


Chloe Moretz 2012 10 Prettiest Young Actresses Who Were Born in The Month of February


Birth : 2-10-1997
Chloe Moretz ဆိုတဲ့ ဆယ်ကျော်သက် သရုပ်ဆောင်မလေးကတော့ အသက် ၇ နှစ်နှစ် အရွယ်လောက်ကတည်းက အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီး 500 Days of Summer, Diary of a Wimpy Kid, Desperate Housewives နဲ့ Dirty Sexy Money ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ် ။ Kick ass ဇာတ်လမ်းမှာ Hit-Girl အဖြစ် သရုပ်ဆောင်ရာမှာ လူသိများခဲ့ပါတယ် ။

5. Meaghan Jette Martin


Meaghan Jette Martin 2012 10 Prettiest Young Actresses Who Were Born in The Month of February


Birth :  2-17-1992
Meaghan Martin ဆိုတဲ့ ဆယ်ကျော်သက်လေးကတော့ အဆိုတော် သရုပ်ဆောင် မလေး ဖြစ်ပါတယ် ။ ၂၀၀၆ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ အကောင်းဆုံး သရုပ်ဆောင်မှုတွေ လုပ်ဆောင်နေဆဲပါ ။

4. Malese Jow


Malese Jow hot 10 Prettiest Young Actresses Who Were Born in The Month of February


 Birth : 2-18-1991
Malesa Jow ဆိုတဲ့ ဆယ်ကျော်သက်မလေးကတော့ အမေရိကန်သူလေး ဖြစ်ပြီး ဖတ်ရှင်ဒီဇိုင်းဖက်မှာ ထူးခြားအံ့သြဖွယ် ပါရမီပါလာတဲ့ သူလေး ဖြစ်ပါတယ် ။ CW Season The Vampire Diaries နဲ့    Nickelodeon ဇာတ်ကားတွေမှာ Geena Fabiano အဖြစ်သရုပ်ဆောင်ခဲ့ပါတယ် ။

3. Victoria Justice


Victoria Justice hot 10 Prettiest Young Actresses Who Were Born in The Month of February


 Birth : 2-19-1993
Victoria Justice ဆိုတဲ့ ဆယ်ကျော်သက်မလေးကတော့ သရုပ်ဆောင်လည်းဖြစ် ၊ အဆိုတော်လည်း ဖြစ်ရုံသာမက dancer မလေး တစ်ယောက်လည်း ဖြစ်ပါတယ် ။ True Jackson, VP, The Troop, The Penguins of Madagascar and iCarly စတဲ့ စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ album အသစ်ကို နောက်နှစ်မှာ ထွက်ရှိနိုင်ဖို့   ပြင်ဆင်နေပါတယ် ။

2. Dakota Fanning


Dakota Fanning hot 10 Prettiest Young Actresses Who Were Born in The Month of February


 Birth : 2-23-1994
ဒီဆယ်ကျော်သက်မလေးကတော့ ၂၀၀၁ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ အထင်ရှားဆုံး ရုပ်ရှင်တွေကတော့ The Twilight Saga, Coraline နဲ့ The Runaways ဇာတ်ကားတွေ ဖြစ်ပါတယ် ။

1. Emma Roberts


Emma Roberts hot 10 Prettiest Young Actresses Who Were Born in The Month of February


Birth :  2-10-1991
 Emma Roberts ဆိုတဲ့ သရုပ်ဆောင်မလေးကတော့ Julia Roberts ရဲ့ သမီး ဖြစ်ပြီး သူမရဲ့ အမေလိုပဲ သရုပ်ဆောင်ရာမှာ ကောင်းမွန်ပါတယ် ။ Wild Child, emoirs of a Teenage Amnesiac နဲ့ Lymelife ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး TV စီးရီးဖြစ်တဲ့ Nickelodeon Channel မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ် ။ 

 credit : http://www.tiptoptens.com
စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....