Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Wednesday 15 February 2012

2012 အတွက် ကမ္ဘာ့ အန္တရာယ် အများဆုံးနိုင်ငံများစာရင်း ...

 

10. Russia

10. Russia e1325664090625 Worlds 10 Most Dangerous Countries in 2012


စိမ်ခေါ်မှု အချို့နဲ့ အတူ နိုင်ငံရဲ့လုံခြုံမှုဆိုင်ရာ ပြသနာတွေ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ skinhead လို့ခေါ်တဲ့ အုပ်စုတွေ ၊ နိုင်ငံရေး အုံကြွမှုတွေ ၊ ပြန်ပေးဆွဲခံရမှုတွေ ၊  အကြမ်းဖက် ဗုံးခွဲဖောက်ခွဲမှုတွေ နဲ့ နှောင့်ယှက်တိုက်ခိုက်ခံ ရမှုတွေကြောင့် ဖြစ်ပါတယ် ။  နိုင်ငံတိုးတက်လာတာ နဲ့အမျှ ခရီးသွားဦးရေတွေလည်း များပြားလာခဲ့ပြီး ဒီခရီးသွားတွေဟာ နိုင်ငံရေး မုန်းတီးသူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်လာခဲ့ပါတယ် ။ 

 

9. Brazil

9. Brazil e1325664138142 Worlds 10 Most Dangerous Countries in 2012


နိုင်ငံမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် လှပတဲ့ သဘာဝအလှတွေရှိပေမယ့် အင်အားကြီးမားတဲ့ သူပုန်တွေ ရှိတဲ့ အတွက် သင့်အနေနဲ့ ခရီးသွားဖို့ စိတ်မချရပါဘူး ။ လူသတ်မှုနှုန်းတွေဟာ ဆိုရင် အမေရိကန်နိုငံထက် လေးကြိမ်နီးပါး များပြားခဲ့ပါတယ် ။ ဒီသူပုန်တွေရဲ့ လုယက်မှုတွေနဲ့ မုဒိမ်းကျင့်မှုတွေ ကလည်းဆိုးဝါးစွာ ဖြစ်ပွားနေဆဲပါ ။         ဒီနိုင်ငံရဲ့ အန္တရာယ် အရှိဆုံး နေရာတွေကတော့ Salvador နဲ့ Sao Paolo တို့ဖြစ်ပြီး သူပုန်တွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှုတော်တော် များများကဒီနေရာတွေမှာ   ဖြစ်ပွားနေတာ ဖြစ်ပါတယ် ။

8. South Africa

8. South Africa e1325664183312 Worlds 10 Most Dangerous Countries in 2012



 တောင်အာဖရိကရဲ့ အန္တရာယ် အများဆုံးနေရာ တစ်ခုကတော့ Cape Town ဖြစ်ပြီး အဲဒီမြို့မှာ လုယက်မှုတွေ ၊ ပြန်ပေးဆွဲမှုတွေ ၊ လူသတ်မှုတွေ ၊ ကားပြန်ပေးဆွဲမှုတွေ ၊ အဓမ္မသိမ်းပိုက်မှုတွေ ကို တွေ့မြင်နိုင်ပါတယ် ။ ဒီမြို့ကို အမျိုးသမီး အတွက် အန္တရာယ် အများဆုံး မြို့တစ်မြို့လို့ သတ်မှတ်ထားပြီး ဘယ်လိုမျိုး အခြေအနေမျိုးနဲ့ဖြစ်ဖြစ် ခရီးမသွားသင့်ဘူးလို့ သတ်မှတ်ထားကြပါတယ် ။

7. Venezuela

7. Venezuela e1325664221925 Worlds 10 Most Dangerous Countries in 2012


ကမ္ဘာ အလှပဆုံး ကမ်းခြေတွေ နဲ့အတူထင်ရှားကျော်ကြားပေမယ့် ဒီနိုင်ငံမှာ လူသတ် မှုနှုန်းတွေဟာ   နောက်ပိုင်းနှစ်တွေမှာ လျင်လျင်မြန်မြန် မြှင့်တက်လာခဲ့ပြီး ကမ္ဘာ လူသတ်မှု အများဆုံး   နိုင်ငံတစ်နိုင်ငံ   ဖြစ်လာခဲ့ပါတယ် ။  ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ အခြေအနေ မတည်ငြိမ်မှုတွေ ၊ ရဲအင်အား နည်းပါးမှုတွေ ကြောင့်ဖြစ်ပြီး အကြမ်းဖက်သမားတစ်ချို့ အဓိက လုပ်ဆောင်ကြ တာတွေကတော့ လူသတ်မှုတွေ ၊ လူတွေကို လှည့်စားမှုတွေ ၊ ဟိုတယ် ဖောက်ထွင်းမှုတွေ ၊ လုယက်မှုတွေ ၊ ပြန်ပေးဆွဲမှုတွေ ဖြစ်ပါတယ် ။


6. Burundi

6. Burundi e1325665565808 Worlds 10 Most Dangerous Countries in 2012


 ဒီနိုင်ငံကတော့ နိုင်ငံကြီး မဟုတ်ပေမယ့် အလွန်ကြီးမားတဲ့ ပြသနာ တစ်ခုကို ရင်ဆိုင်နေရပါတယ် ။ အဲဒါကတော့ လူငယ်တွေကို လက်နက်ကိုင်ခိုင်းပြီး နိုင်ငံနဲ့မိသားစုတွေ အတွက်  စစ်တပ်ထဲကို ဝင်ခိုင်းနေတာ ဖြစ်ပါတယ် ။



5. Afghanistan

5. Afghanistan e1325664329427 Worlds 10 Most Dangerous Countries in 2012


 ဒီနိုင်ငံကို ခရီးသွားကြတဲ့သူတွေအတွက် အမေရိကန်နိုင်ငံက ထုတ်ပြန်ကြေငြာ ထားတာကတော့
 နိုင်ငံတွင်းမှာ ကျွမ်းကျင်တဲ့ အကြမ်းဖက်သမားတွေ ရှိနေတယ် ဆိုတာပါပဲ ။ ကျန်ရှိနေသေးတဲ့ Al-Qa’ida အကြမ်းဖက်သမားတွေနဲ့ အခြား အန္တရာယ်ပေးနိုင်တဲ့ အဖွဲ့တွေ ရှိနေသေးတဲ့ အတွက် ကမ္ဘာလှည့် ခရီးသွားဦးရေနှုန်းဟာ လည်းကျဆင်းသွားခဲ့ပါတယ် ။

4. Columbia

4. Columbia e1325664369220 Worlds 10 Most Dangerous Countries in 2012


လုံခြုံရေးနဲ့ ပတ်သတ်လို့ အဓိက ထုတ်ပြန်ထားတဲ့ ကြေငြာချက် ( ၂ ) ချက်ကတော့ တားမြစ်ဆေး ကုန်ကူးမှု နဲ့ ပြန်ပေးဆွဲမှု နှစ်ခု ဖြစ်ပါတယ် ။ ဒီတားမြစ်ဆေး သုံးစွဲမှုတွေကြောင့် လူတစ်ရာလောက် နေ့စဉ် သေဆုံးနေတယ် ဆိုတာဟာ စိတ်ကူတောင် မယဉ်ကြည့်သင့်တဲ့ အရာပါ ။ အစိုးရမှ တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ ထိမ်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဒီပြသနာတွေကို မဖြေရှင်းနိုင်သေးပါဘူး ။


3. Somalia

3. Somalia e1325664411275 Worlds 10 Most Dangerous Countries in 2012


ဒီနိုင်ငံဟာလည်း ကမ္ဘာလှည့် ခရီးသွားတွေ အတွက် ခရီးသွားသင့်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က စပြီး အခုအချိန်ထိ ခရီးသွားကြတဲ့ သူတွေ မရှိခဲ့ပါဘူး ။ ဒီလိုဖြစ်ခဲ့ရတာတွေဟာ မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်တွေ ၊ လက်နက်နဲ့ တားမြစ်ဆေးဝါး သုံးစွဲမှုတွေကြောင့် ဖြစ်ရတာပါ ။ သင် အနေနဲ့ ဒီနိုင်ငံကို ခရီးသွားချင်ရင်တော့ သင်ကိုကာကွယ်ဖို့ bodyguard ၁၀ယောက်လောက်   ခေါ်သွားသင့်ပါတယ် ။


2. United States

2. United States e1325664449719 Worlds 10 Most Dangerous Countries in 2012


ခေတ်မှီဆန်းသစ်လာတဲ့ လက်နက်တီထွင်မှုတွေနဲ့ အတူ ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာခဲ့ပေမယ့် အကြောင်းပြချက်တိတိကျကျ မရှိပဲ ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် အာဖကန်နစ္စတန် နဲ့ အီရတ် နိုင်ငံမှာ အပြစ်မဲ့သူ ပြည်သူတွေ ထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ် ။ ဒီလိုလုပ်ဆောင် ချက်တွေကြောင့် နောင်အချိန်မှာ ဒီနိုင်ငံဟာ ပစ်မှတ်ထား တိုက်ခိုက်ခံရမယ့်   နိုင်ငံတစ်နိုင်ငံ   ဖြစ်လာပါ လိမ့်မယ် ။



1. Iraq

1. Iraq e1325664485920 Worlds 10 Most Dangerous Countries in 2012


လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကြောင့် အီရတ်နိုင်ငံဟာ ယခုအချိန်ထိ နိုင်ငံအုပ်ချုပ်မှု ပိုင်းမှာ တည်ငြိမ်မှု မရှိသေးပါဘူး ။ စစ်ပွဲဇုံ အဖြစ်သတ်မှတ် ထားဆဲ ဖြစ်ပြီး အစွန်းရောက် ဝါဒီများရဲ့ အကြမ်းဖက်မှုတွေ မကုန်ဆုံးသေးတာကြောင့် ခရီးသွားဖို့ လုံးဝ မသင့်တော်ပါဘူး ။

credit : http://www.tiptoptens.com

စာရေးသူ
နေမင်းဇွဲမာန်

1 comments:

  1. ဒီနိုင်ငံတွေမှတ်သွားတယ်ဗျို့.....ကိုလည်းမသွားနိုင်ပါဘူး....ဟဲဟဲ

    ReplyDelete

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....