Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Tuesday 31 January 2012

facebook ၊ gmail စတဲ့ အကောင့်တွေကို window(browser) တစ်ခုတည်းမှာ တစ်ခုထက် ပိုဖွင့်ချင်ရင်...



         
web brwser တစ်ခုတည်းမှာ gmail   ၊ facebook ၊ yahoo စတာတွေကို တစ်ခုတည်းပိုပြီး ဖွင့်လို့ရတဲ့ နည်းလမ်းလေးပါ ။ gmail မှာတော့ multiple sign-in ပေးထားရင် အကောင့်တွေ ခွဲသုံးနိုင်ပေးမယ့်    facebook     မှာတော့   နှစ်ကောင့်လောက်  တစ်ချိန်တည်း ဖွင့်ချင်ရင် အဆင်မပြေ   တော့ပါဘူး ။ အခုနည်းလမ်းလေးကို အသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ ။



ပထမဆုံး ကိုယ့်ရဲ့ browser မှာ install လုပ်ဖို့ လိုအပ်တဲ့ Add on လေးကို  ဒီနေရာလေးမှာ သွားပြီး စာမျက်နှာပေါ်မှာ ရှိတဲ့ Add on Firefox ဆိုတာလေးကို click နှိပ်ပြီး ရယူနိုင်ပါတယ် ။ install လုပ်နေစဉ်မှာပဲ မိမိ firefox ကို restart ပြန်လုပ်ဖို့ တောင်းမှာဖြစ်ပြီး restart ပြန်တက်လာရင်တော့ ကိုယ့်ရဲ့ browser အောက်ဆုံး ညာဖက်ထောင့်လေးမှာ တစ်နည်းအားဖြင့်  Add on Bar ပေါ်မှာ စောစောက install လုပ်လိုက်တဲ့ CookieSwap သင်္ကေတလေးပေါ်လာပါလိမ့်မယ် ။ မပေါ်ခဲ့ရင်တော့ browser ထိပ်မှာရှိတဲ့ View ထဲမှာ Add on Bar ကို ပုံထဲက အတိုင်း အမှန်ခြစ်လေး   ပေးဖို့လိုပါတယ် ။



CookieSwap သင်္ကေတလေးကတော့ ဒီအတိုင်းမြင်ရမှာဖြစ်ပါတယ် ။



ဒီလိုပုံလေး တွေ့ပြီဆိုရင်တော့ စတင် အသုံးပြုနိုင်ပါပြီ ။ profile1 ဆိုတာလေးပေါ် click ထောက်လိုက်ပြီး option လေးကို ရွေးလိုက်ပါ ။ ပုံထဲက အတိုင်း Don't reload any page နဲ့  Delay display of CookieSwap menu on left-click ဆိုတာလေးတွေကို click ပေးလိုက်ပါ ။


ပြီးရင် ဒီ box လေးထဲမှာပဲ Manage Profiles ကို သွားလိုက်ပါ ။ အထဲမှာတွေ့ရတဲ့ profile 1,2,3 မှာ ဘေးနားက (active) ဆိုတာလေးပါတဲ့ profile လေးက အခုကိုယ်ကြည့်နေတဲ့ စာမျက်နှာမှာ အသက်ဝင်နေပါတယ် ။



ဘယ်လို အသက်ဝင်နေလဲ ဆိုရင် ဥပမာ လက်ရှိ မိမိရောက်နေတဲ့ မိမိစာမျက်နှာမှာ facebook  ဖွင့်လိုက်မယ် ဆိုရင် အဲဒီစာမျက်နှာ ရှိတဲ့ profile လေးက မိမိဖွင့်ထားတဲ့ အကောင့်ရဲ့ password ကို မှတ်ထားလိုက်မှာ ဖြစ်ပါတယ် ။  profile လေးတွေကို rename ပေးချင်တယ်ဆိုရင် ကိုယ်ပေးချင်တဲ့ profile ပေါ်ကို click တစ်ချက်  ထောက်လိုက်ပြီး rename ဆိုတာလေးမှာ မိမိနှစ်သတ်တဲ့ နာမည် ပေးနိုင်ပါတယ် ။  ပြီးရင်တော့ ok ပေးလိုက်ပါ ။ ဒါဆိုရင် browser တစ်ခုတည်းမှာ အကောင့်တွေ အဆင်ပြေသလို ဖွင့်နိုင်ပါပြီ ။


ဥပမာ- အခုမိမိဖွင့်ထားတဲ့ စာမျက်နှာရဲ့  အောက်ထောင့်လေးမှာ profile1 ဆိုတာလေး ပေါ်နေပြီး ကိုယ်က facebook ဖွင့်လိုက်မယ် ဆိုရင်  profile1 က မိမိ facebook အကောင့် password ကို မှတ်ထားမှာ ဖြစ်ပါတယ် ။ မိမိက နောက်တစ်မျက်နှာမှာလည်း facebook ကိုပဲ အခြား မိမိနောက်တစ်ကောင့် ဖွင့်ချင်တယ်ဆိုရင်   နောက်တစ်မျက်နှာကို new tab နဲ့ဖွင့်လိုက်ပါ ။ ပြီးရင်နောက်ပေါ်လာတဲ့   အောက်ထောင့်လေးမှာ      ပေါ်နေတဲ့ profile1 ပေါ်ကို dobule click ပေးလိုက်ရင် profile2 ပြောင်းသွားပါလိမ့်မယ် ။ ဒါဆို ဒီစာမျက်နှာမှာ  မိမိနောက်တစ်ခါ ထပ်ဖွင့်တဲ့ facebook ရဲ့ password ကို profile2  က မှတ်လိုက်မှာ   ဖြစ်ပါတယ် ။ ဒီလိုနဲ့ပဲ ကိုယ်ဖွင့်ချင်တဲ့ gmail , facebook , yahoo စတဲ့ တစ်ခုထက်ပိုပြီး  ဖွင့်ချင်တဲ့ mail တွေကို ဒီပုံစံလေးနဲ့ ဖွင့်နိုင်မှာ ဖြစ်ပါတယ် ။ 


profile လေးတွေက password လေးတွေကို မှတ်ထားတဲ့ အတွက် ပြန်ပိတ်ရင်တော့ စိတ်ချရအောင် အောက်က နည်းလေးနဲ့ password တွေကို ပြန်ဖျက်နိုင်ပါတယ်  ။ ဘယ်လို ဖျက်မလဲဆိုရင် အောက်ကပုံထဲက အတိုင်း မိမိဖွင့်ထားတဲ့ စာမျက်နှာ အောက်မှာရှိတဲ့ profile ပေါ်ကို တစ်ချက် click လိုက်ရင်   ပေါ်လာတဲ့ box လေးထဲက remove cookies ဆိုတာလေးကို click လိုက်ပါ ။ browser တစ်ခုလုံးမှာ ရှိတဲ့ အကောင့် အားလုံးရဲ့ password ကိုဖျက်ချင်ရင်တော့ remove cookies(all profiles) ဆိုတာလေးကို click လိုက်ပါ ။



ဒီလောက်ဆိုရင်တော့ အားလုံးပဲ သုံးလို့ အဆင်ပြေမယ်ထင်ပါတယ် ။ နားမလည်တာတွေ ၊ မရှင်းလင်းတာလေးတွေ ရှိသေးရင်တော့  http://www.stamedia.blogspot.com  မှာ အသေးစိတ်
သွားရောက် ဖတ်ရှု နိုင်ပါတယ် ။

credit : http://www.stamedia.blogspot.com

စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....