Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Saturday 17 December 2011

မိမိ gmail အကောင့်ကို ကွန်ပျူတာထဲတွင် လုံးဝမကျန်ခဲ့အောင် ဖျက်ချင်သူများ အတွက်...

 



ကျွန်တော်တို့ဟာ အမြဲတမ်း gtalk သုံးပြီးရင်တော့ sign out ပြန်ထွက်ကြပါတယ် ။ ဒါပေမယ့် ဒီလို sign out ထွက်လိုက်တာဟာ password ကိုပဲ ပြန်ထွက်လိုက်တာလို့ မှတ်ယူနိုင်ပါတယ် ။ gmail နာမည်လေးတွေကတော့ ကွန်ပျူတာထဲမှာ ကျန်နေခဲ့ပါသေးတယ် ။



ဘယ်နေရာမှာသွားကြည့်ရင် တွေ့နိုင်မလဲဆိုတော့ အခု ကျွန်တော်ပြောတဲ့ အဆင့်လေးတွေအတိုင်း သွားကြည့်နိုင်ပါတယ် ။ အရင်ဆုံး window + R key လေးကိုတွဲနှိပ်လိုက်ပါ ။ command box လေး ပေါ်လာပါလိမ့်မယ် ။ regedit ဆိုတဲ့ command လေးကို ရိုက်ထည့်လိုက်ပါ ။
Registry Editor window လေးပေါ်လာပါလိမ့်မယ် ။



window ထဲက ဘေးမှာပေါ်နေတဲ့ HKEY_CURRENT_USER လေးကို click လိုက်ပါ ။ ပေါ်လာတဲ့ list လေးထဲက အလယ်နားလောက်မှာ software ဆိုတာလေးကို တွေ့အောင် ရှာပြီး click လိုက်ပါ ။နောက်ထပ် list လေးပေါ်လာပါလိမ့်မယ် ။ google ကိုတွေ့အောင်ရှာပြီး ထပ် click လိုက်ရင် google talk ဆိုတာလေးကိုတွေ့ပါလိမ့်မယ် ။ google talk ဆိုတာလေးကို ထပ် click လိုက်ရင် Account ဆိုတာလေး တွေ့ပါလိမ့်မယ် ။ Account လေးကို ထပ် click လိုက်ရင်တော့ ကွန်ပျူတာထဲမှာ ရှိနေတဲ့ gtalk account လေးတွေကို အကုန်တွေ့နိုင်ပါပြီ ။ မိမိရဲ့ အကောင့်ကို ရွေးပြီး right click ထောက်ပြီးတော့ delete လုပ်လိုက်ရင် ကွန်ပျူတာထဲမှာ မိမိရဲ့ အကောင့်လေး လုံးဝမရှိတော့ပါဘူး ။ ဗဟုသုတလေး အနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ။

စာရေးသူ 

 နေမင်းဇွဲမာန်


0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....