Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 18 December 2011

ကိုယ့်ရဲ့ gmail ထဲမှာ ကိုယ်ဖတ်ချင်တဲ့ mail လေးတွေကို အခြား mail တွေနဲ့ မရောပဲ သက်သက်သိမ်းထားချင်ရင်...

 


ကိုယ်က social website တွေ ဝင်ထားရင် ကိုယ့် gmail ထဲကို site တွေက post လေးတွေကို ပို့ပေးကြပါတယ် ။ ကိုယ်ဖတ်ချင်တဲ့ site လေး တစ်ခုတည်းက mail လေးတွေကို သီးသန့်ဖတ်ချင်ရင် ဒီလိုနည်းလမ်းလေး သုံးလို့ရပါတယ် ။ ဒါအပြင် ကိုယ်အရမ်းခင်တဲ့ အရမ်းချစ်ရတဲ့ သူငယ်ချင်းတွေ ဆီက mail လေးတွေကိုလည်း သီးသန့်လေးထားရင် ဖတ်ရတာ ပိုအဆင်ပြေကြမှာပါ ။ အသုံးပြုပုံလေးကလည်း လွယ်ပါတယ် ။ အရင်ဆုံး ကိုယ် သီးသန့်ထားချင်တဲ့ mail လေးကို click လိုက်ပါ ။ ပုံထဲက အတိုင်း down arrow key လေးကို click ပြီး Fliter messages like this ဆိုတာလေးကို ရွေးလိုက်ပါ ။


နောက်ထပ်ပေါ်လာတဲ့ပုံလေးမှာ create filter like this ဆိုတာလေးကို click လိုက်ပါ ။


ပေါ်လာတဲ့ပုံလေးမှာ အမှန်ခြစ်ပေးသင့်တဲ့ နေရာလေးတွေကို ပေးရမှာပါ ။ ကိုယ်တိုင် စိတ်ကြိုက်ပေးလို့ရပါတယ် ။ နမူနာလေးပေးထားပါတယ် ။

အမှန်ခြစ်ပေးပြီးသွားရင် အဲဒီပုံလေးမှာပဲ choose label ဆိုတာလေးကို click လိုက်ပြီး new label လေးကို ရွေးလိုက်ပါ ။ ပေါ်လာတဲ့ box လေးမှာ ကိုယ်ထည့်ချင်တဲ့ နာမည်လေး ထည့်နိုင်ပါတယ် ။ ပြီးရင်တော့ create ကို click လိုက်ပါ ။ အပေါ်က ပုံလေးကိုပြန်ပေါ်လာမှာပါ ။ အဲဒီပုံမှာပဲ create filter လေးကို click လိုက်ရင် ပြီးသွားပါပြီ ။

ပုံထဲကအတိုင်း မိမိ gmail ရဲ့ ဘေးထောင့်လေးမှာ ကိုယ်ပေးခဲ့တဲ့ နာမည်လေးနဲ့ label လေးပေါ်နေမှာပါ ။ colour လေးတွေထည့်ချင်ရင်လည်း label ဘေးနားက down arrow key လေးမှာ စိတ်ကြိုက် ပြုပြင်နိုင်ပါတယ် ။ ဒါဆိုရင် မိမိသီးသန့် ဖတ်ချင်တဲ့ စာလေးတွေကို inbox ထဲမှာရှာနေစရာမလိုတော့ပါဘူး ။label ကို click လိုက်ရင် အဆင်ပြေပြေ ဖတ်နိုင်ပါပြီ ။ အားလုံးပဲ အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ ။
စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....