Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Friday 30 December 2011

ကိုယ့်ရဲ့ gmail ကနေ ကိုယ့် gmail name မဟုတ်ဘဲ အခြား gmail name နဲ့ mail ပို့ချင်ရင်...

ဒီလိုပို့နိုင်ဖို့ gmail account နှစ်ခု ရှိဖို့လိုအပ်ပါတယ် ။ ကိုယ်ပုံမှန်သုံးနေကြ gmail မှာ နောက်ထပ်ကိုယ့်မှာ အပိုရှိနေတဲ့   gmail name လေး ပေါင်းထည့်ရမှာပါ ။ အဲဒါကြောင့် gmail နှစ်ခုရှိဖို့လိုအပ်တာပါ ။ အသုံးပြုဖို့ အတွက်ကတော့ ကိုယ်ပုံမှန် အသုံးပြုနေတဲ့ gmail setting ထဲက Accounts and Impot ကို click လိုက်ပါ ။ အောက်ကပုံလေးကို တွေ့အောင် ရှာလိုက်ပါ ။







တွေ့ရင် Add another email address you own ဆိုတာလေးကို click လိုက်ပါ ။



ကိုယ် send mail ပို့တဲ့အခါ ပေါ်ချင်တဲ့ နာမည်နဲ့ gmail ကိုပေးလိုက်ပါ ။ ပြီးရင် next ကို click လိုက်ပါ ။



နောက်ထပ် send verification ကို click လိုက်ပါ ။



ဒီပုံလေးကို တွေ့ပါလိမ့်မယ် ။ code ထည့်ဖို့ကတော့ စောစောက ကိုယ်ပေးခဲ့တဲ့ send mail ပို့ရင် ပေါ်စေချင်တဲ့ gmail ကို ထပ်ဖွင့်လိုက်ပါ ။ စက်တစ်လုံးထဲမှာ gmail နှစ်ခု ဖွင့်နိုင်ဖို့ကတော့ switch account လုပ်ထားဖို့လိုပါလိမ့်မယ် ။ ဖွင့်လိုက်ရင်အောက်က ပုံလေးအတိုင်း gmail ထဲမှာ google ကနေ code ထည့်ဖို့ mail ပို့ထားတာ တွေ့ပါလိမ့်မယ် ။ အဲဒီ mail ထဲမှာ ကိုယ်ထည့်ရမယ့် code လေးကို ကူးယူပြီး အပေါ်က နေရာလေးမှာ ထည့်လိုက်ပါ ။ ပြီးရင် ok ပေးလိုက်ပါ ။



ဒါဆိုရင် ကိုယ်ရဲ့ မူလ gmail ထဲကို ပြန်သွားလိုက်ပါ ။ စောစောက ကိုယ်ပေးခဲ့တဲ့ gmail လေးပေါ်နေပါပြီ ။



make default ကို click လိုက်ပါ ။ ဒါဆိုရင်တော့ ကိုယ် gmail ကနေ send mail ပို့တိုင်း ပေးပို့တဲ့ mail နေရာမှာ ကိုယ်ပေါ်စေချင်တဲ့ အခြား mail လေးပဲ ပေါ်နေတော့မှာပါ ။ အသုံးပြုလို့ အဆင်ပြေနိုင်ကြပါစေ ။

စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....