Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 6 November 2011

Remote Desktop အသုံးပြုပုံလေးပါ .....

ကျွန်တော်လည်း remote desktop နည်းနဲ့ အသုံးပြုလို့ရတာလေးတွေ ပြောခဲ့ချင်ပါတယ်။ အခြား ကွန်ပျူတာ တစ်လုံးထဲကို

remote destop သုံးပြီးဝင်လိုက်မယ် ဆိုရင် ကိုယ်ဝင်လိုက်တဲ့ ကွန်ပျူတာရဲ့ desktop ထဲမှာရှိတဲ့ ဖိုင်တွေ ၊ အချက်အလက်တွေ



ကို လိုအပ်သလို ၀င်ရောက် ပြုပြင်နိုင်ပါတယ် ။ ဒါပေမယ့် တစ်ခုသိရမှာက ကိုယ်ဝင်ချင်တဲ့ ကွန်ပျူတာရဲ့ password ကိုတော့

သိထားရပါမယ် ။ network ကတော့ ချိတ်ထားရမှာပေါ့နော် ။ အသုံးပြုရတာက ဒီလိုပါ ။

ပထမဦးဆုံး run box ထဲမှာ mstsc command ကို ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ပါ ။ remote destop box လေးပေါ်လာပါလိမ့်မယ် ။
 

ပြီးရင်တော့ ကိုယ်ခေါ်ချင်တဲ့ ကွန်ပျူတာရဲ့ user name ကို ရိုက်ထည့်ရမှာပါ ။ ပြီးရင် connect ကို

နှိပ်လိုက်ပါ ။ ကိုယ်ခေါ်ချင်တဲ့ ကွန်ပျူတာ နဲ့ connect စတင်လုပ်နေပါပြီ ။ ပြီးရင်နောက်ထပ်ပေါ်လာတဲ့ box ထဲမှာ အဲဒီစက်ရဲ့

password ကိုရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ။ ကိုယ်ခေါ်ချင်တဲ့ ကွန်ပျူတာ ထဲကို ၀င်ရောက်ပြီးတော့ ပြင်ဆင်နိုင်ပါပြီ ။

ကိုယ်စ၀င်လိုက်တဲ့ အချိန်မှာ တစ်ဖက်ကွန်ပျူတာမှာ window က shut down ခဏကျသွားပါတယ်။ သူငယ်ချင်း

အချင်းချင်းလည်း စနောက်လို့ကောင်းတဲ့ နည်းလမ်းလေးပါ ။ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်စ၀င်လိုက်တဲ့ အချိန်မှာ တစ်ဖက်စက်မှာ

window က shut down ကျသွားလို့ပါ ။ အဲဒီ ကွန်ပျူတာ ပိုင်ရှင် အနေနဲ့ ပုံမှန်သုံးနေတဲ့ အချိန်မှာ ရုတ်တရက် shut down

ကျသွားတာ ဖြစ်တဲ့ အတွက် ကြောင်တောင်တောင် ဖြစ်သွားနိုင်ပါတယ် ။ ဒီနည်းလမ်းသုံးတာရဲ့ အားနည်းချက်ကတော့

ကွန်ပျူတာ နှစ်လုံးလုံး တစ်ချိန်တည်း အသုံးမပြုနိုင်လို့ပါ ။ ကွန်ပျူတာတစ်လုံးက mouse ကို အသု့းပြုနေတဲ့ အခါ

တစ်ဖက်ကွန်ပျူတာမှာလည်း mouse ကလိုက်ရွှေ့နေပါတယ် ။ အဲဒါကြောင့် user တစ်ယောက်တည်းသာ အသုံးပြုနိုင်ပါတယ် ။

ဒါပေမယ့် ကောင်းကျိုးတွေလည်း များပါတယ် ။ ဥပမာ ကိုယ်စက်ထဲမှာ တစ်ခုခု ကိုယ်မလုပ်တက်တာတွေရှိတဲ့အခါ

ကိုယ့်သူငယ်ချင်းကီု ပြကြည့်ချင်တဲ့ အချိန်တွေမှာ လူကိုယ်တိုင်သွားပြီးခေါ်စရာ မလိုပဲ သူစက်ကနေ ကြည့်ရှုနိုင်ပါတယ် ။

အပေါ်မှာတင်ပြထားတဲ့ အချက်တွေနဲ့ ညီဖို့တော့လိုပါတယ် ။ အားလုံးပဲ စမ်းပြီးတော့ သုံးကြည့်ကြပါ ။ အဆင်ပြေနိုင်ကြပါစေ ။

စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....