Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Sunday 6 November 2011

သိစရာတွေးစရာလေးတွေ(ဆရာတော်ဦးဇောတိက)

ခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ဝန်ထုပ်ကြီးကို
ထမ်းပြီးတော့သွားနေခဲ့တာကြာလှပြီ။
ပင်ပန်းလှပြီ။

 

စိတ်ချမ်းသာတယ်၊
စိတ်မချမ်းသာဘူးဆိုတာများသောအားဖြင့်
ကိုယ့်စိတ်ထားပေါ်မှာမူတည်ပါတယ်။


ကံကိုယုံပါ။ဒါပေမဲ့
စိုက်ခင်းကိုတော့ရေလောင်းပါ။


အခက်အခဲတွေဟာ
အင်မတန်အသုံးဝင်ပါတယ်။အဖိုးတန်ပါတယ်။
အခက်အခဲတွေတန်ဖိုးရှိအောင်
သုံးတတ်ဖို.လိုတယ်။


ဒုက္ခကိုရှောင်သွားရုံနဲ.
အရည်အသွေးပြည့်တဲ့ဘ၀ကို
နေလို.မရနိုင်ဘူး။လုပ်သင့်တဲ့အလုပ်ကိုလုပ်ရမယ်။
အဲဒီအလုပ်ကိုလုပ်လို.ဒုက္ခတွေ.မယ်ဆိုရင်တောင်
ခံနိုင်သလောက်ဒုက္ခကိုခံပြီးဆက်လုပ်ရမယ်။


လူတစ်ယောက်အကြောင်း
ကောင်းကောင်းသိချင်ရင်သူဒုက္ခရောက်နေတုံးမှာ
ဘာလုပ်သလဲဆိုတာကြည့်ပါ။



အကောင်းမြင်တတ်တာ၊
ကိုယ့်ကိုယ်ကိုကိုယ်လေးစားတာ၊
တန်ဖိုးထားတာ၊ပျော်ပျော်နေတတ်တာ၊အခက်အခဲကို
ရင်ဆိုင်ရဲတာ၊သတိနဲ.နေတတ်တာတွေဟာ
ကျန်းမာရေးကောင်းဖို.အရေးပါတဲ့အချက်တွေဖြစ်တယ်။


ကိုယ့်ရဲ့ကျဉ်းမြောင်းတဲ့အမြင်က
ကိုယ့်ဘ၀ကိုကျဉ်းမြောင်းအောင်လုပ်နေတယ်။


စိတ်ထောင်ကျနေတာက
ပိုဆိုးပါတယ်။



ငါ့အတွေးတွေကြောင့်
ငါဒုက္ခရောက်နေတာ။



အဆိုးတစ်ခုကိုလွန်မြောက်ချင်ရင်
ပြင်ချင်ရင်၊အဲဒါဟာအဆိုးပါလို.လက်ခံဖို.
လိုတယ်။အဆိုးကိုအဆိုးလို.လက်ခံနိုင်တာဟာ
ရင့်ကျက်မှုတစ်မျိုးဖြစ်တယ်။ရိုးသားမှုလည်း
ဖြစ်တယ်။အဲဒါဟာသတ္တိလည်းဖြစ်တယ်။



ကိုယ့်အမှားကိုအမှားပါလို.လက်ခံပြီး
ပြင်ရဲတဲ့သတ္တိဟာအကြီးမားဆုံးသတ္တိ
ဖြစ်ပါတယ်။



အခက်အခဲနဲ.တွေ.တဲ့အခါ
ကံဆိုးလေခြင်းလို.မတွေးပါနဲ.။
ဘာသင်ခန်းစာယူရမလဲလို.တွေးပါ။

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....