Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Monday 16 January 2012

နောက်ဆုံးပေါ် ခေတ်မှီဆန်းပြားမှုများနှင့် ပေါ်ပေါက်လာသော cell phone လေးများ..




1.Natural cell phone or mobile 'Recycle'





ဒီဖုန်းလေးကတော့ hay straw alias လို့ခေါ်တဲ့ စတော်ဘယ်ရီအမျိုးဝင်  ကောက်ရိုးပုံစံတုနဲ့  ပြုလုပ်ထားတယ် လို့ဆိုပါတယ် ။ ဖန်တီးခဲ့သူကတော့ Je-Hyun. Kim ဖြစ်ပါတယ် ။





2.Weather Window or mobile phone






ဒီဖုန်းလေးကတော့ ရာသီဥတု ခန့်မှန်းမှုတွေကို စွမ်းဆောင်နိုင်ပြီး Seunghan Song ကဖန်တီးခဲ့တာပါ ။

3. Chinese mobile phone Scrolls





roll system နဲ့ဖန်တီးထားတဲ့ ဒီဖုန်းလေးကတော့ အသုံးမပြုတဲ့ အချိန်တွေမှာခေါက်သိမ်းထားနိုင်ပြီး အသုံးပြုဖို့လိုအပ်မှသာ ဖြန့်လိုက်ရုံပါပဲ ။ ဒီဖုန်းလေးဟာ အလွယ်တကူ ပျက်စီးနိုင်ပေမယ့် ဂရုတစိုက် အသုံးပြုမယ်ဆိုရင် အကောင်းဆုံး product လေးပါ ။ ဖန်တီးခဲ့သူကတော့ Yun Liang  ဖြစ်ပါတယ် ။


4. Tiles phone





ဖုန်း cover လေးတွေကို တစ်စဆီဖြုတ်ထားနိုင်ပြီး အလွယ်တကူပဲပြန်လည်တပ်ဆင်နိုင်တဲ့ application လေးပါရှိပါတယ် ။ Tzu-Fu Wang ကဖန်တီးခဲ့တာပါ ။


5. Radia - Phone Rings



စက်ဝိုင်းပုံ romatic ဆန်ဆန် ဖန်တီးထားပြီး glittering system လည်းပါရှိတဲ့ အတွက်  မြင်သူတကာကို စွဲဆောင်နိုင်ပြီး လှပတဲ့ နာရီလေး ဖြစ်ပါတယ် ။ Michael Sea ကဖန်တီးခဲ့တာပါ ။


6. Handcuff Bracelet or mobile phone






လက်ကောက်ဝတ်ပုံစံ ဖန်တီးထားတဲ့ ဒီနာရီလေးကတော့ Tao Ma ရဲ့ ကြိုးစားအားထုတ်မှု အသီးအပွင့်လေးဖြစ်ပါတယ် ။


7. Molecular cell phone






Mobile O2 လို့တင်စားခေါ်ဝေါ်ရအောင် ပုံစံတူလှတဲ့ molecule လေးတွေ ချိတ်ဆက်ထားသလိုဖြစ်နေတဲ့ ဒီဖုန်းလေးကတော့ Tjep ရဲ့ design လေးပါ ။



8. Maple Wood phone






Mobile Nature လို့ခေါ်ဆိုရလောက်အောင်ပဲ ဒီဖုန်းလေးကလည်း သဘာဝဆန်လှပါတယ် ။သစ်သားကိုယ်ထည်လေးနဲ့ ပြုလုပ်ထားပြီး Hyun Jin Yoon & Eun Hak Lee တို့က ဖန်တီးခဲ့တာပါ ။




9. Trou Hologram Mobile Phone





(hologram) သုံးဖတ်မြင် နည်းပညာသုံး ဒီဖုန်းလေးကတော့ ခေတ်မှီဆန်းပြားရှုပ်ထွေးမှုတွေနဲ့ပြည့်နေပြီး 
Funamizu ရဲ့ စိတ်ကူး ကွန့်မြူးမှုမှ ထွက်ပေါ်လာခဲ့တာပါ ။


10. The phone user interface "touch of a finger"




 အထူးဆန်းဆုံးဖုန်းအမျိုးအစားလို့ပြောလို့ရပါတယ် ။ ဘာလို့လဲဆိုတော့ touch of a finger နည်းပညာကိုအသုံးပြုထားပြီး Trou Hologram Mobile Phone Mac Funamizu ရဲ့ စိတ်ကူး idea လေးဖြစ်ပါတယ် ။ Nuances of modern technology နဲ့အတူ Sunman က စတင် design လုပ်ခဲ့တာပါ ။ 


11. Nokia 888: Flexural cell phone






ဒီဖုန်းလေးကတော့ ကိုယ်လိုသလို ပုံသွင်းနိုင်ပြီး ကွေးနိုင်ဆန့်နိုင်တဲ့ application လေးပါ ။ liquid battery နဲ့ touch screen display ကို အသုံးပြုထားပါတယ် ။




12. Hyundai MP-280: Perfume Cell phone





ဒီဖုန်းလေးကတော့ ခုံးကောင် အခွံ ပုံစံရှိပြီး ကိုင်ဆောင်သူ customer တွေအတွက် ထူးခြားမှုတစ်ခုကတော့ ဖုန်းခေါ်ရင်ဖြစ်ဖြစ် ၊ ဖုန်းဝင်လာရင် ဖြစ်ဖြစ် auto ရေမွှေး spray ဖြန်းပေးတဲ့ ဝန်ဆောင်မှုလေးပါ ။ ဒီဖုန်းလေးကိုတော့ Hyundai ကဖန်တီးခဲ့တာပါ ။



13. Telson TWC 1150: Camera Watches Cell Phone






ဒီကင်မရာဖုန်းလေးကတော့ ၉၈ ဂရမ် အလေးချိန်ရှိပြီး သူရဲ့ စွမ်းဆောင်နိုင်မှု features လေးတွေကလည်း လူတွေကို အကြိုက်တွေ့စေပါတယ် ။ ဖုန်းလေးမှာတပ်ဆင်ထားတာက digital camera ဖြစ်ပြီး images ၈၀ လောက် မှတ်သားနိုင်တဲ့ phone book လေးလည်းပါရှိပါတယ် ။




14. NOKIA SURV1: Water Resistant Cell Phone with Outdoor appearances





ဒီဖုန်းလေးမှာတော့ ရေစိုခံ(waterproof system) cover ပါရှိပြီး အမြဲလိုလို ခရီးထွက်နေရတဲ့သူတွေအတွက်
ရည်ရွယ်ပြီး ပြုလုပ်ထားတာပါ ။ ဖုန်းလေးကို ခါးပတ်မှာ ပတ်ထားနိုင်သလို လည်ဆွဲလိုလည်း ဆွဲထားနိုင်ပါတယ် ။ button လေးတွေနဲ့ အသုံးပြုနိုင်သလို touch screen ပုံစံနဲ့လည်း အသုံးပြုနိုင်ပါတယ် ။ Screen အတွက် high resolution screen scratch resistance ဆိုတဲ့ ခြစ်ရာပွန်းရာဖြစ်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး ။ GPS system နဲ့ mp3 player ကိုလည်း ထည့်သွင်းပေးထားပါတယ် ။



15. Dbtel M50: Similar to iPod





သင်ဟာ ipod အသုံးပြုရတာကို နှစ်သတ်တယ်ဆိုရင်တော့ ဒီဖုန်းလေးက သင့်အကြိုက်ဖြစ်ပါလိမ့်မယ် ။
ipod ပုံစံဒီဖုန်းလေးမှာတော့ 2.0 Megapixel camera , GPRS , USB , IrDA နဲ့ တစ်ခြား application လေးတွေ ပါရှိပါတယ် ။


16. BenQ Qube Z2






ဒီဖုန်းလေးမှာတော့ vertical ပုံစံ keypad လေးတွေပါရှိပြီး ညာဘက်မှာ row နှစ်တန်းနဲ့ ဒီဇိုင်းဆင်ထားပါတယ် ။


17. Nokia Colores




ဒီဖုန်းလေးမှာတော့ GPS system , GPRS , recorder လေးတွေပါဝင်ပါတယ် ။ လုပ်ဆောင်နိုင်မှုတွေကတော့ အသံကို စာသား အဖြစ်ပြောင်းပေးခြင်း (sound into text) ၊ လက်ဗွေမှတ်သားနိုင်ခြင်း ( fingerprints recognition) ၊ biometric scanner ၊ Google Earth နဲ့ structure of carbon fiber ဆိုပြီး application မြောက်မြားစွာပါဝင်ပါတယ် ။ 



18. Samsung Serene




ဒီဖုန်းလေးမှာတော့ screen က အပြင်ဘက်မှာ ရှိမနေဘဲနဲ့ screen ရဲ့ အပေါ်မှာ button လေးကိုထားရှိပါတယ် ။  ဒီလိုထားတာ ဘာကြောင့်လဲဆိုတော့ user တွေအနေနဲ့ အကြမ်းပတမ်း အသုံးပြုနိုင်အောင်
  ပြုလုပ်ပေးထားတာပါ ။ 


19. Vodafone 904SH



ဒီဖုန်းလေးမှာတော့  Face Identification ပါတဲ့ အတွက် security အကောင်းဆုံး cell phone လို့ ဆိုနိုင်ပါတယ် ။ user face ကို မှတ်ခိုင်းထားတဲ့ program ထည့်ထားတဲ့ အတွက် အခြားသူတစ်ယောက် အနေနဲ့ အလွယ်တကူ ဖွင့်နိုင်မှာ မဟုတ်ပါဘူး ။ အခြားတစ်ယောက်ကို အသုံးပြုစေမယ်ဆိုရင်လည်း သုံးလို့ရအောင်  “Movement Sensor” system လေးကို ထည့်ပေးထားပါတယ် ။

credit : http://www.blogobo.com/

စာရေးသူ
နေမင်းဇွဲမာန်

0 comments:

Post a Comment

အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....