1.Natural cell phone or mobile 'Recycle'
ဒီဖုန်းလေးကတော့ hay straw alias လို့ခေါ်တဲ့ စတော်ဘယ်ရီအမျိုးဝင် ကောက်ရိုးပုံစံတုနဲ့ ပြုလုပ်ထားတယ် လို့ဆိုပါတယ် ။ ဖန်တီးခဲ့သူကတော့ Je-Hyun. Kim ဖြစ်ပါတယ် ။
ဒီဖုန်းလေးကတော့ ရာသီဥတု ခန့်မှန်းမှုတွေကို စွမ်းဆောင်နိုင်ပြီး Seunghan Song ကဖန်တီးခဲ့တာပါ ။
3. Chinese mobile phone Scrolls
roll system နဲ့ဖန်တီးထားတဲ့ ဒီဖုန်းလေးကတော့ အသုံးမပြုတဲ့ အချိန်တွေမှာခေါက်သိမ်းထားနိုင်ပြီး အသုံးပြုဖို့လိုအပ်မှသာ ဖြန့်လိုက်ရုံပါပဲ ။ ဒီဖုန်းလေးဟာ အလွယ်တကူ ပျက်စီးနိုင်ပေမယ့် ဂရုတစိုက် အသုံးပြုမယ်ဆိုရင် အကောင်းဆုံး product လေးပါ ။ ဖန်တီးခဲ့သူကတော့ Yun Liang ဖြစ်ပါတယ် ။
4. Tiles phone
ဖုန်း cover လေးတွေကို တစ်စဆီဖြုတ်ထားနိုင်ပြီး အလွယ်တကူပဲပြန်လည်တပ်ဆင်နိုင်တဲ့ application လေးပါရှိပါတယ် ။ Tzu-Fu Wang ကဖန်တီးခဲ့တာပါ ။
5. Radia - Phone Rings
စက်ဝိုင်းပုံ romatic ဆန်ဆန် ဖန်တီးထားပြီး glittering system လည်းပါရှိတဲ့ အတွက် မြင်သူတကာကို စွဲဆောင်နိုင်ပြီး လှပတဲ့ နာရီလေး ဖြစ်ပါတယ် ။ Michael Sea ကဖန်တီးခဲ့တာပါ ။
6. Handcuff Bracelet or mobile phone
လက်ကောက်ဝတ်ပုံစံ ဖန်တီးထားတဲ့ ဒီနာရီလေးကတော့ Tao Ma ရဲ့ ကြိုးစားအားထုတ်မှု အသီးအပွင့်လေးဖြစ်ပါတယ် ။
7. Molecular cell phone
Mobile O2 လို့တင်စားခေါ်ဝေါ်ရအောင် ပုံစံတူလှတဲ့ molecule လေးတွေ ချိတ်ဆက်ထားသလိုဖြစ်နေတဲ့ ဒီဖုန်းလေးကတော့ Tjep ရဲ့ design လေးပါ ။
8. Maple Wood phone
Mobile Nature လို့ခေါ်ဆိုရလောက်အောင်ပဲ ဒီဖုန်းလေးကလည်း သဘာဝဆန်လှပါတယ် ။သစ်သားကိုယ်ထည်လေးနဲ့ ပြုလုပ်ထားပြီး Hyun Jin Yoon & Eun Hak Lee တို့က ဖန်တီးခဲ့တာပါ ။
9. Trou Hologram Mobile Phone
(hologram) သုံးဖတ်မြင် နည်းပညာသုံး ဒီဖုန်းလေးကတော့ ခေတ်မှီဆန်းပြားရှုပ်ထွေးမှုတွေနဲ့ပြည့်နေပြီး
Funamizu ရဲ့ စိတ်ကူး ကွန့်မြူးမှုမှ ထွက်ပေါ်လာခဲ့တာပါ ။
10. The phone user interface "touch of a finger"
အထူးဆန်းဆုံးဖုန်းအမျိုးအစားလို့ပြောလို့ရပါတယ် ။ ဘာလို့လဲဆိုတော့ touch of a finger နည်းပညာကိုအသုံးပြုထားပြီး Trou Hologram Mobile Phone Mac Funamizu ရဲ့ စိတ်ကူး idea လေးဖြစ်ပါတယ် ။ Nuances of modern technology နဲ့အတူ Sunman က စတင် design လုပ်ခဲ့တာပါ ။
11. Nokia 888: Flexural cell phone
ဒီဖုန်းလေးကတော့ ကိုယ်လိုသလို ပုံသွင်းနိုင်ပြီး ကွေးနိုင်ဆန့်နိုင်တဲ့ application လေးပါ ။ liquid battery နဲ့ touch screen display ကို အသုံးပြုထားပါတယ် ။
12. Hyundai MP-280: Perfume Cell phone
ဒီဖုန်းလေးကတော့ ခုံးကောင် အခွံ ပုံစံရှိပြီး ကိုင်ဆောင်သူ customer တွေအတွက် ထူးခြားမှုတစ်ခုကတော့ ဖုန်းခေါ်ရင်ဖြစ်ဖြစ် ၊ ဖုန်းဝင်လာရင် ဖြစ်ဖြစ် auto ရေမွှေး spray ဖြန်းပေးတဲ့ ဝန်ဆောင်မှုလေးပါ ။ ဒီဖုန်းလေးကိုတော့ Hyundai ကဖန်တီးခဲ့တာပါ ။
13. Telson TWC 1150: Camera Watches Cell Phone
ဒီကင်မရာဖုန်းလေးကတော့ ၉၈ ဂရမ် အလေးချိန်ရှိပြီး သူရဲ့ စွမ်းဆောင်နိုင်မှု features လေးတွေကလည်း လူတွေကို အကြိုက်တွေ့စေပါတယ် ။ ဖုန်းလေးမှာတပ်ဆင်ထားတာက digital camera ဖြစ်ပြီး images ၈၀ လောက် မှတ်သားနိုင်တဲ့ phone book လေးလည်းပါရှိပါတယ် ။
14. NOKIA SURV1: Water Resistant Cell Phone with Outdoor appearances
ဒီဖုန်းလေးမှာတော့ ရေစိုခံ(waterproof system) cover ပါရှိပြီး အမြဲလိုလို ခရီးထွက်နေရတဲ့သူတွေအတွက်
ရည်ရွယ်ပြီး ပြုလုပ်ထားတာပါ ။ ဖုန်းလေးကို ခါးပတ်မှာ ပတ်ထားနိုင်သလို လည်ဆွဲလိုလည်း ဆွဲထားနိုင်ပါတယ် ။ button လေးတွေနဲ့ အသုံးပြုနိုင်သလို touch screen ပုံစံနဲ့လည်း အသုံးပြုနိုင်ပါတယ် ။ Screen အတွက် high resolution screen scratch resistance ဆိုတဲ့ ခြစ်ရာပွန်းရာဖြစ်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး ။ GPS system နဲ့ mp3 player ကိုလည်း ထည့်သွင်းပေးထားပါတယ် ။
15. Dbtel M50: Similar to iPod
သင်ဟာ ipod အသုံးပြုရတာကို နှစ်သတ်တယ်ဆိုရင်တော့ ဒီဖုန်းလေးက သင့်အကြိုက်ဖြစ်ပါလိမ့်မယ် ။
ipod ပုံစံဒီဖုန်းလေးမှာတော့ 2.0 Megapixel camera , GPRS , USB , IrDA နဲ့ တစ်ခြား application လေးတွေ ပါရှိပါတယ် ။
16. BenQ Qube Z2
ဒီဖုန်းလေးမှာတော့ vertical ပုံစံ keypad လေးတွေပါရှိပြီး ညာဘက်မှာ row နှစ်တန်းနဲ့ ဒီဇိုင်းဆင်ထားပါတယ် ။
17. Nokia Colores
ဒီဖုန်းလေးမှာတော့ GPS system , GPRS , recorder လေးတွေပါဝင်ပါတယ် ။ လုပ်ဆောင်နိုင်မှုတွေကတော့ အသံကို စာသား အဖြစ်ပြောင်းပေးခြင်း (sound into text) ၊ လက်ဗွေမှတ်သားနိုင်ခြင်း ( fingerprints recognition) ၊ biometric scanner ၊ Google Earth နဲ့ structure of carbon fiber ဆိုပြီး application မြောက်မြားစွာပါဝင်ပါတယ် ။
18. Samsung Serene
ဒီဖုန်းလေးမှာတော့ screen က အပြင်ဘက်မှာ ရှိမနေဘဲနဲ့ screen ရဲ့ အပေါ်မှာ button လေးကိုထားရှိပါတယ် ။ ဒီလိုထားတာ ဘာကြောင့်လဲဆိုတော့ user တွေအနေနဲ့ အကြမ်းပတမ်း အသုံးပြုနိုင်အောင်
ပြုလုပ်ပေးထားတာပါ ။
19. Vodafone 904SH
ဒီဖုန်းလေးမှာတော့ Face Identification ပါတဲ့ အတွက် security အကောင်းဆုံး cell phone လို့ ဆိုနိုင်ပါတယ် ။ user face ကို မှတ်ခိုင်းထားတဲ့ program ထည့်ထားတဲ့ အတွက် အခြားသူတစ်ယောက် အနေနဲ့ အလွယ်တကူ ဖွင့်နိုင်မှာ မဟုတ်ပါဘူး ။ အခြားတစ်ယောက်ကို အသုံးပြုစေမယ်ဆိုရင်လည်း သုံးလို့ရအောင် “Movement Sensor” system လေးကို ထည့်ပေးထားပါတယ် ။
credit : http://www.blogobo.com/
စာရေးသူ
နေမင်းဇွဲမာန်
0 comments:
Post a Comment
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....