10. India
India နိုင်ငံကတော့ ၂၀၁၁ အစမှာပဲ GDP - USD $2.012.760 trillion နဲ့ ပုံမှန်လည်ပတ်နိုင်တယ်ခဲ့တယ်လို့ ကမ္ဘာ့စီးပွားရေးပညာရှင်တွေက ခန့်မှန်းခဲ့ကြပါတယ် ။ ဒါဟာ ဒီနိုင်ငံရဲ့ ၂၀၁၀ နှစ်မကုန်ခင် GDP growth 8.2% တိုးတက်လာတာဖြစ်ပါတယ် ။ ဒီလိုတိုးတက်လာမှုတွေရဲ့ အကြောင်းအရင်း အချို့ကတော့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်း တွေများပြားလာခြင်း ၊ စိုက်ပျိုးရေးမှရရှိတဲ့ကုန်ပစ္စည်းတွေ များပြားလာခြင်း နဲ့ နိုင်ငံအတွင်းမှာရှိတဲ့ အားလုံးသော အဖွဲ့အစည်းတွေ သူ့ကဏ္ဍနဲ့သူ ပုံမှန်တိုးတက်အောင် လုပ်နိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ် ။
9. Russia
Russia နိုင်ငံကတော့ ၂၀၀၇ ခုနှစ်မှာပဲ GDP - USD $2,117.245 trillion နဲ့လည်ပတ်နိုင်ခဲ့ပြီး စီပွားရေး plan ကိုလည်း ၂၀၂၀ ခုနှစ်အထိ ရေးဆွဲထားပါတယ် ။ ဒီနိုင်ငံဟာ နှစ်စဉ် သူတို့ရဲ့ ပြည်တွင်း ထုတ်ကုန်တွေကနေ GDP growth 6.7% ရယူနိုင်ပါတယ် ။
8. Italy
Italy နိုင်ငံကတော့ GDP - USD $2,287.704 trillion နီးပါးရှိပြီး ဥရောပမှာ စီပွားရေးအကြီးမားဆုံးနိုင်ငံ အဆင့် ၄ မှာရှိပါတယ် ။ ဒီနိုင်ငံရဲ့ အကြီးမားဆုံး လုပ်ငန်းတွေကတော့ စက်မှုလုပ်ငန်းတွေနဲ infrastructur့e လုပ်ငန်းတွေဖြစ်ပါတယ် ။
7. United Kingdom
United Kingdom နိုင်ငံကတော့ ၂၀၁၁ အကုန်မှာ GDP - USD $2,603.880 trillion ရှိလာခဲ့ပါတယ် ။ မကြာသေးခင်ကာလတွေမှာ ကမ္ဘာ့နိုင်ငံကြီးတွေဟာ စီးပွားရေးဆိုင်ရာ ထိုးနှတ်ချက်တွေ ခံခဲ့ရပေမယ့် UK ကတော့ ပုံမှန်အတိုင်းလည်ပတ်နိုင်ခဲ့ပါတယ် ။
6. Brazil
Brazil နိုင်ငံကတော့ ၂၀၁၂ အစပိုင်းမှာပဲ GDP - USD $2,616.986 trillion ရှိလာခဲ့ပါတယ် ။ သူရ့ အဓိက လုပ်ငန်းတွေကတော့ ဓာတ်သတ္တုတူးဖော်ခြင်း ၊ ကုန်ထုတ်လုပ်မှုတွေ နဲ့ စိုက်ပျိုးရေး ပို့ကုန်တွေ ဖြစ်ပါတယ် ။ ပြီးတော့ ဒီနိုင်ငံဟာ တောင်အမေရိက နိုင်ငံတွေထဲမှာ အကြီးဆုံး စီးပွားရေးနိုင်ငံလည်း ဖြစ်ပါတယ် ။
5. France
France နိုင်ငံကတော့ ၂၀၁၁ အကုန်မှာ GDP - $2,888.907 trillion ရှိလာခဲ့ပါတယ် ။ ဥရောပနိုင်ငံတွေထဲမှာ ဒုတိယမြောက် အကြီးဆုံး စီပွားရေးနိုင်ငံ အဖြစ် ရပ်တည်နေပြီး ခေတ်မှီတဲ့ စက်မှုနိုင်ငံတစ်နိုင်ငံ လည်းဖြစ်ပါတယ် ။
4. Germany
Germany နိုင်ငံကတော့ GDP - USD $3,707.790 trillion ရှိပြီး ဥရောပမှတော့ ပထမမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ပါတယ် ။
3. Japan
Japan နိုင်ငံကတော့ ၂၀၁၁ မကုန်ခင်မှာ GDP - USD $6,125.842 trillion ရှိခဲ့ပြီး ရာသီဥတုဒဏ်တွေ ဘယ်လောက်ပဲခံခဲ့ရပေမယ့် ကမ္ဘာ့ အချမ်းသာဆုံး top five countries နိုင်ငံတွေထဲမှာ ပါရှိနေဆဲ ဖြစ်ပါတယ် ။
2. China
တရုတ်နိုင်ငံကတော့ GDP - USD $7,744.133 trillion ရှိလာခဲ့ပြီး ကမ္ဘာ့ ဒုတိယမြောက် အချမ်းသာဆုံး နိုင်ငံဖြစ်လာပါတယ် ။ ကမ္ဘာ့ export တင်ပို့မှု အများဆုံးဖြစ်ပြီး ကုန်ပစ္စည်း import ပြန်လည် တင်သွင်းမှုမှာလည်း ဒုတိယ အများဆုံးနိုင်ငံ ဖြစ်ပါတယ် ။
1. United States
ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် အလုပ်လက်မဲ့ဦးရေနှုန်းတွေ ရှိခဲ့ပေမယ့် အမေရိကန် နိုင်ငံကတော့ GDP - USD $15,495.389 trillion ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ် ။ သူရဲ့ average GDP growth ကတော့ တရုတ်နိုင်ငံလိုပဲ 3.28% ဖြစ်ပါတယ် ။
credit : http://www.tiptoptens.com
စာရေးသူ
နေမင်းဇွဲမာန်
0 comments:
Post a Comment
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....