Pages

Subscribe:

ပရဟိတအဖွဲ့လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....
Related Posts Plugin for WordPress, Blogger...

Thursday, 5 April 2012

ဥအခွံလေးတွေနဲ့ ပုံဖော်မှုအနုပညာ....



ဒီပုံဖော်မှု project လေးကိုတော့ Christel   Assante လို့နာမည်ပေးထားပြီး ငှက်ကုလားအုပ် ၊ ငန်း ၊   ရစ်ငှက် ၊ ငုံး နဲ့ ဘဲတွေရဲ့ ဥအခွံလေးတွေကို အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ပါတယ် ။ အခွံလေးတစ်ခုမှာ ဒီလို အနုစိတ်လှပအံ့သြဖွယ်ရာ ပုံဖော်မှုလေးတွေ ဖန်တီးဖို့ အနည်းဆုံး အချိန် ၈ နာရီလောက် ယူခဲ့ရပြီး တစ်ပတ်ကြာအောင် အချိန်ယူဖန်တီးခဲ့ရတာလေးတွေလည်း ရှိခဲ့ပါတယ် ။ 

Wednesday, 4 April 2012

စာအုပ်တွေနဲ့ပုံဖော်ထားတဲ့ လူဦးခေါင်းခွံပုံစံ....



ကနေဒါနိုင်ငံမှာအနုပညာရှင် တစ်ဦးဖြစ်တဲ့ Maskull က လူဦးခေါင်းခွံပုံစံကို စာအုပ်တွေအသုံးပြုပြီး စိတ်ရှည်ရှည်နဲ့ အသေးစိတ်ပုံဖော်ထားပုံကို မြင်တွေ့နိုင်ပါတယ် ။

ကမ္ဘာတစ်ဝှမ်းမှ အလှပဆုံး ဥယျာဉ်န်များ...



The Magical Gardens of Disney - Orlando, Florida



Tuesday, 3 April 2012

နှုတ်ခမ်းနီတောင့်လေးတွေနဲ့ ပုံဖော်ထားတဲ့ ပန်းချီကား....



Amer Shomali လို့ခေါ်တဲ့ ပါကစ္စတန် အနုပညာရှင်တစ်ဦးက ၁၉၆၉ လေယာဉ်ပြန်ပေးဆွဲမှုမှာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့တဲ့ Leila Khaled လို့ခေါ်တဲ့ အမျိုးသမီး သူရဲကောင်း အတွက် ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ သူမရဲ့ ရုပ်ပုံကို အရောင် ၁၄ မျိုးပါဝင်တဲ့ နှုတ်ခမ်းနီတောင့်တွေနဲ့ ပုံတူပန်းချီ ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။

စိတ်ကူးယာဉ်ဆန်တဲ့ သဲသောင်ပန်းချီပုံဖော်မှုလေးတွေ...


.
ဆန်ဖရန်စစ္စကို မှာရှိတဲ့ သဲသောင်ပြင်တစ်ခုမှာ စိတ်ကူးယာဉ်ဆန်တဲ့ အနုပညာရှင်တစ်ဦး Andres Amador ဦးဆောင်ပြီး ဒီ project ကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။ ဒီလို ပုံဖော်ဖို့အတွက် အချိန် ၂ နာရီသာရရှိတာ ဖြစ်ပြီး ၂နာရီနောက်ပိုင်းမှာ ဒီရေနဲ့အတူ အနုပညာ ပုံဖော်မှုလေးတွေက ပျောက်ကွယ်သွားတာ ဖြစ်ပါတယ် ။