10. Justin Bieber
ဆယ်ကျော်သက်တွေ ကြားထဲမှာ ဆွဲဆောင်မှုအပြည့်နဲ့ ရေပန်းစားနေပြီး သူရဲ့အောင်မြင်မှုကိုလည်း အားကျနေကြပါတယ် ။ ဒုတိယ album ထွက်ပြီး တစ်ပတ်အကြာမှာပဲ 210,000 အထိရောင်းခဲ့ရပါတယ် ။ သူရဲ့ဂီတနေရာရပ်တည်နေမှုကတော့ ခိုင်မာနေဆဲဖြစ်ပါတယ် ။
9. David Guetta
Guetta ကတော့ Kid Cudi, Coldplay, Nicki Minaj, Taio Cruz စတဲ့ အနုပညာရှင်တွေနဲ့ ပူးပေါင်းသီဆိုနိုင်ရုံသာမက ကိုယ်တိုင်လည်း အကောင်းဆုံး ဂီတဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ် ။
8. Pitbull
အကောင်းဆုံး hip hop သီချင်းတွေထဲမှာ ပါဝင်ပြီး နောက်ဆုံး album ကတော့ ၂၀၁၁ ဇွန်လလယ်မှာ ထွက်ရှိခဲ့ပါတယ် ။
7. Jason Derulo
နောက်ဆုံး album ကတော့ ၂၀၁၁ စက်တင်ဘာမှာ ထွက်ရှိထားပြီး UK နဲ့ Australia မှာ ထိပ်ဆုံးကရပ်တည်နေခဲ့ပါတယ် ။ နောက်အစီအစဉ်အနေနဲ့ကတော့ လာမယ့် ဖေဖော်ဝါရီမှာ UK မှာဖျော်ဖြေဖို့ စီစဉ်ထားပါတယ် ။
6. Chris Brown
With you သီချင်းနဲ့ လူသိများပြီး နောက်ဆုံး album ကတော့ မတ်လထဲမှာ ထွက်ရှိမှာဖြစ်ပါတယ် ။
5. Taio Cruz
တတိယမြောက် album ကတော့ new year ပြီးတဲ့နောက်ထွက်ရှိခဲ့ပြီး အကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်ခဲ့ပါတယ် ။
4. Adam Levine
pop နဲ့ rock တွေ သီဆိုတဲ့ Maroon 5 ကတော့ ၂၀၁၁ အကုန်မှာ album အသစ်ကို ပြုလုပ်ခဲ့ကြပါတယ် ။
3. Drake
၂၀၁၁ မကုန်ခင်မှာပဲ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီး နောက်ဆုံး album ကတော့ ၂၀၁၁ နိုဝင်ဘာ မှာထွက်ရှိခဲ့ပါတယ် ။
2. Usher
King of R&B လို့ တင်စားခေါ်ဝေါ်ကြပြီး နောက်ဆုံးထွက်ရှိခဲ့တာကတော့ Without You သီချင်းဖြစ်ပါတယ် ။
1. Bruno Mars
၂၀၁၂ ထိပ်ဆုံးမှာရပ်တည်နေတဲ့သူကတော့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိထားတဲ့ Mars ပဲဖြစ်ပါတယ် ။
credit :http://www.tiptoptens.com/
စာရေးသူ
နေမင်းဇွဲမာန်
0 comments:
Post a Comment
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....