10. Beyonce
Beyonce ကတော့ သရုပ်ဆောင်အဆိုတော်ဖြစ်ရုံသာမက ကိုယ်တိုင်လည်းသီချင်းရေးပါတယ် ။ သူမဟာ R&B group ရဲ့ခေါင်းဆောင်ဖြစ်ပြီး အခုချိန်မှာလည်း အကျော်ကြားဆုံး အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ ။
9. Nicki Minaj
အမည်အပြည့်စုံကတော့ Onika Tanya Maraj ဖြစ်ပြီး Saint James, Trinidad မှာမွေးဖွားခဲ့ပါတယ် ။ သူမ ၅ နှစ်အရွယ်မှာ New York ကိုပြောင်းရွှေ့ခဲ့ပါတယ် ။ သူမဟာ Super Bass ဆိုတဲ့စီးရီးနဲ့ ၂၀၁၁ မတိုင်ခင်မှာ အကြော်ကြားဆုံး အဆိုတော်တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။
8. Taylor Swift
ချောမောလှပတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ဆယ်ကျော်သက်အဆိုတော်လေးကတော့ 2006 ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ Taylor Swift ဖြစ်ပါတယ် ။
7. Jennifer Lopez
အမည်အပြည့်စုံကတော့ Jennifer Lynn Lopez ဖြစ်ပြီး အဆိုတော်သာမက fashion designer ၊ dancer ၊ American actress တွေလည်းဖြစ်ခဲ့ပါတယ် ။
6. Kesha
အမည်အပြည့်စုံက Kesha Rose Sebert ဖြစ်ပြီး ကိုယ်တိုင်ရေးဆို rapper တစ်ယောက်ဖြစ်ပါတယ် ။ ၂၀၀၅ခုနှစ် သူမ ၁၈ နှစ်အရွယ်မှာ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပါတယ် ။
5. Adele
အမည်အပြည့်စုံကတော့ Adele Laure Blue Adkins ဖြစ်ပြီး United Kingdom မှာမွေးဖွားခဲ့ပါတယ် ။ ၂၀၀၆ခုနှစ်မှာ အနုပညာလောကကို စတင်ရောက်ရှိခဲ့ပြီး ယခုထက်ထိ အောင်မြင်ဆဲ အဆိုတော်တစ်ယောက်ဖြစ်နေဆဲပါ ။
4. Britney Spears
ပထမဆုံး album ကတော့ ၁၉၉၉မှာထွက်ရှိခဲ့တဲ့ Baby One More Time ဖြစ်ပြီး ၂၀၁၁ မှာ Rihanna နဲ့သီဆိုထားတဲ့ (remix) သီချင်းကတော့ လူကြိုက်များကြပါတယ် ။
3. Rihanna
အမည်အပြည့်စုံကတော့ Robyn Rihanna Fenty ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ Music of the Sun စီးရီးနဲ့ စတင် အဆိုတော်ဖြစ်လာခဲ့တာပါ ။ သူမဟာ အဆိုတော်သာမက သရုပ်ဆောင်လည်းဖြစ်ပါတယ် ။
2. Lady Gaga
ထူးခြားတဲ့ fashion တွေနဲ့ လူသိများတဲ့ အဆိုတော်လေးကတော့ New York မြို့မှာမွေးဖွားခဲ့တဲ့ Stefani Joanne Angelina Germanotta ဖြစ်ပါတယ် ။ သူမဟာ ၂၀၀၅ ခုနှစ်မှာစတင်ဝင်ရောက်လာပြီး ၂၀၀၈ ခုနှစ်မှာ The Fame album နဲ့ လူသိများလာခဲ့ပါတယ် ။
1. Katy Perry
အမည်အပြည့်စုံကတော့ Katheryn Elizabeth Hudson ဖြစ်ပြီး Santa Barbara, California USA မှာမွေးဖွားခဲ့ပါတယ် ။ သူမဟာ I Kissed a Girl သီချင်းနဲ့ဝင်ရောက်လာပြီး Firework သီချင်းကတော့ ၂၀၁၁ ရဲ့ အကောင်းဆုံး သီချင်း ပါဝင်ခဲ့ပါတယ် ။ December 15, 2011 မှာတော့ ၂၀၁၁ ရဲ့အအောင်မြင်ဆုံး အနုပညာရှင် တစ်ယောက် အဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါတယ် ။
credit : http://www.tiptoptens.com
စာရေးသူ
နေမင်းဇွဲမာန်
0 comments:
Post a Comment
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....