10. Germany
2011 မှာ top ten country ထဲမှာ မပါဝင်ခဲ့တဲ့ ဂျာမနီနိုင်ငံကတော့ 2012 မှာတော့ facebook user တွေ တရှိန်ထိုးများပြားလာခဲ့ပါတယ် ။ မနှစ်က user ပေါင်း 13,678,200 ရှိရာမှ ဒီနှစ်မှာဆိုရင်တော့ over 22,125,300 အထိများပြားလာခဲ့ပါတယ် ။ users အသစ်ပေါင်း 8,447,100 ထပ်မံဝင်ရောက်လာခဲ့ပါတယ် ။ မနှစ်က top ten country ထဲမှာ ပါဝင်ခဲ့တဲ့ Canada နိုင်ငံနေရာကို ဝင်ရောက်လာခဲ့တာပါ ။
9. France
ပြင်သစ်နိုင်ငံကတော့ 2010 မှာ users ပေါင်း 20,469,420 ရှိခဲ့ရာမှ 2011 အကုန် 2012 မှာတော့ 3,075,040 အထိတိုးတက်လာခဲ့ပါတယ် ။ online အသုံးပြုသူ 52.76% လောက်က facebook အသုံးပြုသူတွေ ဖြစ်ကြပါတယ် ။
8. Philippines
ဖိလစ်ပိုင်နိုင်ငံကတော့ top ten country ထဲက နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် နိုင်ငံသေးပေမယ့် facebook အသုံးပြုသူ over 27,033,680 ရှိပါတယ် ။ online အသုံးပြုသူ 91.02% လောက်က အမြဲတမ်းလောက် အသုံးပြုကြပြီး 28.22% လောက်ကတော့ အကောင့်ဖောက်ထားကြတဲ့သူတွေပါ ။ အမြဲတမ်းလို ဓါတ်ပုံတွေ update တင်ကြပြီး facebook game ကစားကြတဲ့ member တွေပါ ။
7. United Kingdom
အင်္ဂလန်နိုင်ငံကတော့ မနှစ်က top ten country (၃) နေရာကနေ လျော့ကျခဲ့ပါတယ် ။ user ပေါင်း 28,661,600
ကနေ 30,469,920 အထိ အသုံးပြုသူများပြားလာပေမယ့် slow growth လို့ပဲ သက်မှတ်ကြပါတယ် ။
6. Turkey
တူရကီနိုင်ငံလည်းပဲ 2010 top ten country မှာ (4) နေရာကနေ ဒီနှစ်မှာတော့ နှစ်နေရာ လျော့ကျခဲ့ပါတယ် ။
5. Mexico
Mexico နိုင်ငံကတော့ 2010 top ten country (7) ကနေ ဒီနှစ်မှာတော့ နှစ်နေရာတိုးလာခဲ့ပါတယ် ။ users ပေါင်း 12,501,780 အသစ် တိုးတက်လာခဲ့ပါတယ် ။
4. Brazil
ဘရာဇီးနိုင်ငံကတော့ 2010 top ten country (17) နေရာကနေ ဒီနှစ်မှာတော့ users အသစ် 26,332,620 အထိများပြားလာတဲ့ အတွက် ဒီနေရာကိုရောက်လာခဲ့တာပါ ။
3. India
online technology and internet နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ India နိုင်ငံကတော့ users အသစ် 24,113,520 တိုးလာခဲ့ပြီး UK နေရာမှာဝင်လာခဲ့ပါတယ် ။
2. Indonesia
လူဦးရေ 41.7% လောက် အသုံးပြုနေကြတဲ့ အင်ဒိုနီးရှား နိုင်ငံမှာတော့ ဒီနှစ်မှာဆိုရင် facebook အကောင့်ပေါင်း 41,777,240 အထိများပြားလာခဲ့တဲ့အတွက် ဒီနေရာကိုရောက်လာခဲ့ပါတယ် ။
1. United States
top ten country list မှာ အမြဲထိပ်ကရပ်တည်နေတဲ့ USA ကတော့ ဘယ်တော့မှလည်း ဒုတိယနေရာကို ရောက်တော့မှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ မနှစ်က users အရေအတွက်ကိုပဲလိုက်မှီတဲ့ နိုင်ငံမရှိသေးလို့ပါ ။ ဒီနှစ်မှာတော့ users ပေါင်း 157,415,180 အထိမြှင့်တက်လာခဲ့ပါတယ် ။
credit : http://www.tiptoptens.com

စာရေးသူ
နေမင်းဇွဲမာန်
0 comments:
Post a Comment
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....