ဒီလိုပို့နိုင်ဖို့ gmail account နှစ်ခု ရှိဖို့လိုအပ်ပါတယ် ။ ကိုယ်ပုံမှန်သုံးနေကြ gmail မှာ နောက်ထပ်ကိုယ့်မှာ အပိုရှိနေတဲ့ gmail name လေး ပေါင်းထည့်ရမှာပါ ။ အဲဒါကြောင့် gmail နှစ်ခုရှိဖို့လိုအပ်တာပါ ။ အသုံးပြုဖို့ အတွက်ကတော့ ကိုယ်ပုံမှန် အသုံးပြုနေတဲ့ gmail setting ထဲက Accounts and Impot ကို click လိုက်ပါ ။ အောက်ကပုံလေးကို တွေ့အောင် ရှာလိုက်ပါ ။

တွေ့ရင် Add another email address you own ဆိုတာလေးကို click လိုက်ပါ ။

ကိုယ် send mail ပို့တဲ့အခါ ပေါ်ချင်တဲ့ နာမည်နဲ့ gmail ကိုပေးလိုက်ပါ ။ ပြီးရင် next ကို click လိုက်ပါ ။

နောက်ထပ် send verification ကို click လိုက်ပါ ။

ဒီပုံလေးကို တွေ့ပါလိမ့်မယ် ။ code ထည့်ဖို့ကတော့ စောစောက ကိုယ်ပေးခဲ့တဲ့ send mail ပို့ရင် ပေါ်စေချင်တဲ့ gmail ကို ထပ်ဖွင့်လိုက်ပါ ။ စက်တစ်လုံးထဲမှာ gmail နှစ်ခု ဖွင့်နိုင်ဖို့ကတော့ switch account လုပ်ထားဖို့လိုပါလိမ့်မယ် ။ ဖွင့်လိုက်ရင်အောက်က ပုံလေးအတိုင်း gmail ထဲမှာ google ကနေ code ထည့်ဖို့ mail ပို့ထားတာ တွေ့ပါလိမ့်မယ် ။ အဲဒီ mail ထဲမှာ ကိုယ်ထည့်ရမယ့် code လေးကို ကူးယူပြီး အပေါ်က နေရာလေးမှာ ထည့်လိုက်ပါ ။ ပြီးရင် ok ပေးလိုက်ပါ ။

ဒါဆိုရင် ကိုယ်ရဲ့ မူလ gmail ထဲကို ပြန်သွားလိုက်ပါ ။ စောစောက ကိုယ်ပေးခဲ့တဲ့ gmail လေးပေါ်နေပါပြီ ။

make default ကို click လိုက်ပါ ။ ဒါဆိုရင်တော့ ကိုယ် gmail ကနေ send mail ပို့တိုင်း ပေးပို့တဲ့ mail နေရာမှာ ကိုယ်ပေါ်စေချင်တဲ့ အခြား mail လေးပဲ ပေါ်နေတော့မှာပါ ။ အသုံးပြုလို့ အဆင်ပြေနိုင်ကြပါစေ ။

စာရေးသူ
နေမင်းဇွဲမာန်
0 comments:
Post a Comment
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ....